
Canvas ဖိနပ်လေးတွေကို သန့်ရှင်းအောင် ဘယ်လိုထိန်းသိမ်းမလဲ

မဟေသီကို ချစ်တဲ့ သူငယ်ချင်းတို့ရေ။ ဟေလေးက ဒီနေ့တော့ အားလုံးက All Star ဖိနပ်လို့ အားလုံးက ခေါ်တဲ့ Canvas ဖိနပ်လေးတွေကို ဘယ်လိုသန့်ရှင်းအောင်ထားမယ်ဆိုတာ ပြောပြမယ်။
ဟေလေးကတော့ အဲလို ကင်းဗတ်ဖိနပ်လေးတွေဆို ဝတ်ရတာ အရမ်းကြိုက်တာ။ အဖြုလေးတွေဆို အရမ်းလှ။ တစ်ခုရှိတာက အဖြူဆို လျှော်ရတယ်ပေါ့။ အဖြူမှ မဟုတ်ဘူး တခြားအရောင်လဲ လျှော်ရတာပါပဲ။ အဲ သူက အလျှော်မကောင်းရင် ဖိနပ်လေးတွေက နည်းနည်းပုံပျက်တာမျိူး၊ ဖိနပ်ကို သေချာအခြောက်မခံရင် မာသွားတာမျိုးတွေရှိတယ်။
ခုက ဟေလေးက ဒီလိုမျိုး မဖြစ်ရအောင် ကင်းဗတ်လေးတွေဆို ဘယ်လိုသေချာဆေးတယ် ဘယ်လိုထိန်းသိမ်းတယ်ဆိုတာ ပြောပြမယ်နော်။
၁။ ဖိနပ်လေးကို ရေမစိုသေးခင်မှာ ဖိနပ်မှာရှိတဲ့ ဖုန်တွေ အညစ်အကြေးတွေကို အရင် ရှင်းလင်းရမယ်နော်။
၂။ အဲလို ကင်းဗတ်ဖိနပ်တွေကိုလေ လက်နဲ့ ဆေး/လျှော်တာပဲ ကောင်းတယ်။ စက်နဲ့လျှော်မယ်ဆို ဖိနပ်ပုံစံလေးတွေ ပျက်စီးသွားမှာ စိုးရိမ်ရတယ်လေ။
၃။ ဖိနပ်ဆေးဖို့အတွက်တော့
- ဖိနပ်ဆံ့တဲ့ ပုံး (သို့) ဇလုံ
- ရေနွေးနွေးလေးရယ်
- ဆပ်ပြာမှုန့် (ဟေလေးကတော့ E-Lan Ultra ကို သုံးတယ်)
- ဖိနပ်တိုက်ဖို့ သွားပွတ်တံအဟောင်းလေး
- နောက်ပြီးတော့ ရေစင်အောင်သုတ်ဖို့ အဝတ်ဟောင်းဖြစ်ဖြစ် သဘက်အဟောင်းတွေ
- သတင်းစာစက္ကူတို့လိုပါတယ်လို့
၄. ဘယ်လိုဆေးမလဲဆိုတော့
- ပုံးထဲကို ရေနွေးထည့် E-Lan Ultra ကို တစ်ဇွန်းလောက်ပဲထည့်ပြီး အမြုပ်ထအောင် အရင်လုပ်
- ဖိနပ်က နှစ်ဖက်ရှိတယ်မဟုတ်လား အစကိုတော့ နှစ်ဖက်လုံးစိမ်ထားလိုက်ဦး
- သွားပွတ်တံအဟောင်းနဲ့ ဖိနပ်မတိုက်ခင် အရင်ဆုံး ဖိနပ်ကြိုးလေးတွေကို ဆပ်ပြာနည်းနည်းနဲ့ အရင်တိုက်ထားလိုက်မယ်
- ပြီးရင် စိမ်ထားတဲ့ နှစ်ဖက်က တစ်ဖက်ကို အရင်ထုတ်လိုက် သွားပွတ်တံလေးနဲ့ နေရာအနှံ့လိုက်တိုက်ပေး
- တစ်ဖက်တိုက်ပြီးရင် ဆပ်ပြာပုံးထဲ ပြန်စိမ် ကျန်တဲ့တစ်ဖက်ကို ပြန်တိုက် အဲလိုလေးပဲ နှစ်ခါလောက် တိုက်ပေး
- ပြီးရင် ဖိနပ်ကော ဖိနပ်ကြိုးကော ရိုးရိုးရေအသန့်နဲ့ ပြန်ဆေး
- ရေခြောက်အောင်လို့ သဘက်အဟောင်း အဝတ်အဟောင်းနဲ့ အရင်သုတ်တာကောင်းတယ်
- ပြီးရင်လေ ဖိနပ်ထဲကို ခုနက သတင်းစာအဟောင်း စက္ကူကို လုံးပြီး ဖိနပ်ထဲ ထိုးထည့်ထားရမယ်။ ဘာလို့လဲဆို ဒီအတိုင်း ရေခြောက်အောင်ထားရင် ဖိနပ်က ကင်းဗတ်ဆိုတော့ ပြားခြောက်ခြောက်ကြီးဖြစ်မှာစိုးတယ်။ ဖိနပ်လေးပုံပျက်မှာစိုးလို့လေ။
- နေပူထဲ လှမ်းတာဖြစ်ဖြစ် လေဝင်လေထွက်ကောင်းတဲ့နေရာမှာဖြစ်ဖြစ် ဖိနပ်ကို လှမ်းထားလိုက်ရုံပဲ။ တစ်ခုရှိတာ ဖိနပ်ကို အပူနဲ့ တိုက်ရိုက်ထိတာမျိုး နေပူထဲတောင် အကြာကြီးထားတာမျိုး ရှောင်ရမယ်။ မဟုတ်ရင် အရမ်းပူပြီး ကော်တွေကွာကုန်တာမျိုးဖြစ်မှာစိုးလို့လေ။
ဒါဆို ဟေလေးပြောပြတဲ့အတိုင်း ကင်းဗတ်လေးတွေ All Star ဖိနပ်လေးတွေကို ဘယ်လိုဆေးသင့်တယ် ဘယ်လိုထိန်းသိမ်းတာကို ဖတ်မိပြီး အဆင်ပြေမယ်လို့ ထင်ပါတယ်နော်။
ခုက မိုးတွင်းကုန်ပြီဆိုပေမယ့် ဘယ်ဖိနပ်ပဲစီးစီး သေချာလျှော် သေချာခြောက်တော့မှ စီးပါလို့။
အားလုံးပဲ ဖိနပ်သန့်သန့်လှလှလေးတွေနဲ့ အဆင်ပြေကံကောင်းတဲ့ နေ့လေးတွေ လျှောက်လှမ်းနိုင်ကြပါစေနော်။
AddThis is disabled because of cookie consent
Related Articles

Hay
ဂျင်းထည်တွေကိုသစ်လွင်တောက်ပအောင် သေချာလျှော်ကြမယ်။
ဟေလေးတို့က ဂျင်းတွေ ဝတ်ပါများလာတော့ သေချာထိန်းသိမ်းဖို့ မလိုလောက်ဘူးအထင်နဲ့ သေချာ မလျှော်ကြဘူးလေ။ ကြာတော့ ဂျင်းလေးတွေ သေချာလျှော်ရဲ့သားနဲ့ နည်းနည်းဟောင်းလာတာတို့ ဆွေးလာတာတို့ ဖြစ်လာတာမျိုး ကြုံရတယ်ဟုတ်။ ဒါဆို အခု ဟေလေးက ဂျင်းလေးတွေကို လက်နဲ့ပဲ ဘယ်လိုလျှော်မလဲဆိုတာ ရေးပြမယ်။

Hay
ကိုယ့်အိမ်အသစ်ကို သန့်စင်ရှင်းလင်းနေအောင် ဘယ်လို ထားသင့်သလဲ?
ဟေက ကျောင်းပြီးလို့ အလုပ်တဖက်နဲ့ ဖြစ်လာတော့၊ ကိုယ့်အခန်းနဲ့ ကိုယ်၊ ကိုယ်ခြေထောက်ပေါ် ကိုယ်ရပ်ဖို့ ဖြစ်လာရပြီလေ။ ကိုယ့်အခန်းနဲ့ ကိုယ်နေရတော့မှာဆိုတော့ တခန်းလုံးကို သန့်ရှင်းရေးလုပ်ဖို့ ကိုယ့်တာဝန်ဖြစ်လာတာပေါ့။ အခု ဟေ့လောလောဆယ် အသုံးပြုတဲ့အိမ်သန့်ရှင်းရေး နည်းလမ်းလေးတွေကို share မယ်နော်။

Hay, cleaning, hay
ရေဆင်းပေါက်ပိတ်တာကို လွယ်လွယ်ကူကူဖြေရှင်းမယ်
တစ်ခါတစ်လေ ကိုယ်က အပေါက်ပိတ်နေတာကို မသိလိုက်မိဘဲ ရေသုံးမိတာမျိုးဖြစ်တတ်တယ်။ အဲခါကျ ရေတွေ လျှံလာတာမျိုးတွေပါ ဖြစ်တတ်ကော။ စိတ်မပူပါနဲ့။ ဟေလေး အခုပြောပြမယ့် နည်းလမ်းလေးတွေကို စမ်းကြည့်မယ်နော်။

Hay
အဝတ်အစားတွေကို လက်နဲ့လျှော်ကြမယ်
ဟေလေးကို မေးမှာပေါ့။ အဝတ်လျှော်စက်တွေရှိနေတာ ဘာလို့လက်နဲ့လျှော်မှာလဲပေါ့။ ဟေလေးတို့ကျတော့ မြန်မာဝတ်စုံလေးတွေ ပိုးသားလေးတွေ ဆွဲသား ကတ္တီပါ အဲဒါမျိုးတွေတော့ လက်နဲ့လျှော်တော့ အရမ်းကြီး အင်္ကျီကိုမထိခိုက်တော့ဘူး။ အဲ ကျောက်တွေကပ်ထားတယ်ဆို ပိုတောင် ဂရုစိုက်ရသေးတယ်။ စက်နဲ့ ရောလျှော်မှ ပြုတ်ကုန်မှ အသည်းကွဲရဦးမယ်။ ဒါပေမယ့် အခု ဟေလေးပြောမယ့် လက်နဲ့လျှော်တဲ့အကြောင်း ကတော့ အားလုံးအဆင်ပြေမယ်လို့ ယုံကြည်တယ်။

Hay
အရောင်တောက်တောက် အင်္ကျီလေးတွေကြောင့် ယုံကြည်မှုတွေတိုးလာပြီပေါ့
အလုပ်ပဲသွားသွား၊ ပါတီတွေပဲသွားသွား၊ သာမန် တွေ့ဆုံပွဲမျိုးပဲသွားသွား၊ ကိုယ်နဲ့ လိုက်ဖက်တဲ့ အရောင်တောက်တောက်ကလေးတွေ၊ ဒါမှမဟုတ် အဖြူရောင် လွင်လွင်လေးတွေ ဝတ်ဖြစ်တယ်။ အဲဒီလိုဝတ်သွားရင် ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု ပြည့်တယ်လို့လည်း ခံစားရတယ်လေ။ ဒီတော့ အခု ပြောပြချင်တာက၊ အဝတ်အစား အဖြူရောင်တွေနဲ့ အဝတ်အစား အသစ်တွေကို အရောင်မကူးအောင် ဟေက ဘယ်လို လျှော်လဲ ဆိုတာပါ။

Hay, laundry, hay
ဘရာလေးတွေကို မပျက်စီးအောင်လျှော်ကြမယ်
Bra တစ်ထည်လျှော်တာလေ အင်္ကျီတစ်ထည်လျှော်တာထက် ပိုခက်တယ်နော်။ စက်နဲ့ လျှော်မယ်ဆို အင်္ကျီကလေ ဒီတိုင်း လုံးထွေးထည့်လိုက်ရင် ရတယ်ဆိုပေမယ့်လည်း Bra ကျတော့ ရေညှစ်တဲ့ အဆင့်ရောက်ရင် ချိတ်တွေ Bra ကြိုးတွေ ညှိကုန်တာနဲ့ အလုပ်တွေ ရှုပ်ကုန်ရော။ ဒါကြောင့်မို့ Bra ကို လက်နဲ့သေချာလေး အချိန်ပေးပြီး လျှော် တာအကောင်းဆုံးပါပဲနော်

Hay
အင်္ကျီမှာမိတ်ကပ်စွန်းရင် ဘယ်လို ပြန်ဖျက်မလဲ ..
မိတ်ကပ်လေး စွန်းတာကို အိမ်မှာ ထမင်းစား ဇွန်းရယ်၊ အရည်အသွေးကောင်းတဲ့ အီလန် တံဆိပ် ဆပ်ပြာမှုန့်ရယ် ရှိနေရုံနဲ့ အလွယ်တကူ ဖြေရှင်းလို့ရတဲ့နည်းလမ်းလေးတွေ့ပြီလေ။ အသာလေး အစွန်းချွတ်ပြီး၊ သေချာလျှော်၊ ပြီးရင် နေပူမှာ ပြန်လှန်းလိုက်ရင် အသစ်ကလေးလို ပြန်ဖြစ်သွားတယ်။ ကဲ အင်္ကျီမှာ မိတ်ကပ်တွေ စွန်းသွားရင် ဟေကဘယ်လို ပြန်လျှော်လဲဆိုရင်…

Hay
မီးပူဘယ်လို တိုက်ကြမလဲ
ဟေကတော့ အပြင်ထွက်ရင်၊ အမြန်လိုနေရင်တောင်မှ တတ်နိုင်သမျှ ပြင်ဆင်ပြီးမှ ထွက်ဖြစ်ပါတယ်။ ကိုယ်က မိတ်ကပ်တွေ ဘာတွေ မလိမ်းဖြစ်ဘူးဆိုရင်တောင်မှ၊ အဝတ်အစား သပ်သပ်ရပ်ရပ်ကလေးနဲ့ အမြဲသွားတယ်။ ဒီတော့ ဟေက အဝတ်အစားတွေဆိုရင် မီးပူတိုက်ပြီးမှ ဝတ်တာပေါ့။

Hay, clothing-care, hay
အင်တာဗျူးဖြေဖို့အတွက် အဝတ်အစားကို ဘယ်လိုပြင်ဆင်ကြမလဲ
ဟေလေးတို့ များသောအားဖြင့် အင်တာဗျူးတစ်ခုဖြေဖို့ သွားမယ်ဆိုရင် အဝတ်အစားထက် ဖြေနိုင်ဖို့က အရေးကြီးတယ်လို့ ထင်တာများတယ်။ မှန်တော့မှန်ပေမယ့် ဟေလေးအနေနဲ့ ကိုယ့်ရဲ့ ဝတ်စားဆင်ယင်မှုက တစ်ဝက်လောက်တော့ဆိုင်တယ်။