အဝတ်ဗီရိုမှာ မှိုစွဲနေတာကို ဘယ်လို သန့်ရှင်းမလဲ?

အဝတ်ဗီရိုမှာ မှိုစွဲတာက ကြောက်ဖို့ ကောင်းတယ်နော်။ ဗီရိုမှာ မှိုစွဲတာကို မသိပဲ အဝတ်တွေ ဆက်ထားထားမယ်ဆိုရင် အဝတ်အစားတွေထိပါ မှိုတွေက ကူးသွားပြီး ပျက်စီးသွားနိုင်ပါတယ်။ ကျွန်မမှာက ကျောင်းတက်နေတဲ့ သားလေး တစ်ယောက်နဲ့ ဆိုတော့၊ သူ့အဖြူအစိမ်းတွေ တစ်ခုခု မဖြစ်အောင် အမြဲတမ်း ဂရုစိုက်ရတယ်။ မေမေတွေလည်း မှိုစွဲတာကို ဂရုတစိုက်ရှိစေချင်ပါတယ်နော်။

 

ဗီရိုထဲမှာ မှိုစွဲရခြင်း အကြောင်းရင်းကတော့ နှစ်ချက်ရှိပါတယ်။ 

(၁) ပြင်ပက ရေငွေ့တွေကြောင့် ငွေ့ရည်ဖွဲ့ပြီး အစိုပြန်ခြင်း နဲ့ 

(၂) မခြောက်သေးပဲ စိုနေတဲ့ အဝတ်တွေကြောင့် မှိုစွဲတတ်ပါတယ်။ ကျွန်မတုန်းကလည်း ဖြစ်ဖူးတယ်၊ စောစောသိပြီး အမြန် ရှင်းထုတ်လိုက်နိုင်တော့ အဝတ်အစားတွေ ဘာမှ ဖြစ်မသွားခဲ့ဘူး။ မှိုက ထားထားရင် ထားထားသလို အပွားမြန်တော့၊ သိတာနဲ့ ချက်ချင်း ရှင်းထုတ်သင့်ပါတယ်။

 

မှိုစွဲတာကို ဖြေရှင်းတဲ့ နည်းလမ်းတွေကတော့ အမျိုးမျိုးရှိပါတယ်။ ရေချိုးခန်း နံရံ၊ မီးဖိုချောင် နံရံတွေမှာ မှိုစွဲရင်တော့ Mr. Care လို ကြေးချွတ်ဆေးသုံးပြီး ဖြေရှင်းလိုက်ရုံပါပဲ။ ဒါပေမယ့် သစ်သားနဲ့ လုပ်ထားတဲ့ ဗီရိုလိုမျိုးမှာ ဆိုရင်တော့ ကြေးချွတ်ဆေးကို အသုံးမပြုသင့်ပါဘူးနော်။ ဗီရိုရဲ့ ပေါ်လစ် တင်ထားတာကို တိုက်စားသွားပြီး၊ ဆေးကွာတာ၊ အရောင်မှိန်တာတွေ ဖြစ်သွားနိုင်ပါတယ်။ ဒါကြောင့်၊ သစ်သားတွေမှာ မှိုစွဲရင် ကြေးချွတ်ဆေးကို အသုံးမပြုရပဲ အခြား နည်းလမ်းကို အသုံးပြုပေးရပါမယ်။ အခု၊ ကျွန်မက အဲဒီနည်လမ်းကို ပြောပြသွားမှာပါနော်။

 

ဗီဒီုထဲမှာ မှိုစွဲခြင်းကို ရပ်တန့်စေမယ့် နည်းလမ်း

ကျွန်မ ပြောပြမှာကတော့၊ မှိုစွဲတဲ့ နေရာလောက်ကိုပဲ ရှင်းလင်းသွားအောင် လုပ်ရတာမျိုး မဟုတ်ပဲ၊ ဗီရိုထဲမှာ ရှိနေတဲ့ မှိုတွေ အားလုံးကို အရှင်းပျောက်သွားအောင် လုပ်ရမယ့် နည်းလမ်းပါ။ ကြေးချွတ်ဆေးသုံးလို့ မဖြစ်တဲ့အတွက်၊ အဲဒီအစား ဗီနီဂါကို အသုံးပြုပေးရပါမယ်။

 

၁။ မှိုစွဲခြင်းရဲ့ အပြင်ဆုံး အလွှာဖြစ်တဲ့ မှိုနဲ့ အမည်းကွက်က ရှင်းလင်းသွားဖို့အတွက် ရေနဲ့ ဗီနီဂါကို ခွက်တစ်ခုထဲမှာ ရောဖျော်ပြီး၊ မှိုစွဲနေရတွေကို ပက်ဖြန်းပေးပါ။

၂။ ပြီးရင် အဝတ်စ တစ်ခုကို ဗီနီဂါအရည်နဲ့ စိုစွတ်စေပြီး မှိုစွဲနေရာတွေကို သုတ်ပေးရပါမယ်။ သုတ်ပြီးသွားရင် အပေါ်ယံမှိုတွေ လုံးဝ ရှင်းသွားပါပြီ။ ဒါပေမယ့် မမြင်ရတဲ့ သစ်သားအတွင်းထဲမှာ မှိုတွေ ကျန်နေဦးမှာပါ။

၃။ မမြင်ရတဲ့ အတွင်းသားထဲက မှိုတွေပါ လုံးဝ အရှင်းပျောက်ဖို့အတွက် (ရေ မရောပဲ) ဗီနီဂါသီးသန့် ပက်ဖြန်းပေးပြီး၊ ဗီနီဂါ ခြောက်သွားအောင်ထိ ထားထားရပါမယ်။

၄။ ပြီးရင် ရိုးရိုး ရေအေးနဲ့ သစ်သား မျက်နှာပြင်တွေကို စင်အောင် ဆေးပြီး ခြောက်သွေ့တဲ့ အဝတ်နဲ့ ရေတွေ ပြောင်သွားအောင်ထိ သုတ်ပေးပါ။ ဒါဆိုရင်တော့ သစ်သားအတွင်းထဲ မှိုတွေပါ သေသွားပါပြီ။

 

ဒီ အဆင့် (၄) ဆင့်ကတော့ ကျွန်မရဲ့ မှိုတွေကို သုတ်သင်ရှင်းလင်းတဲ့ နည်းလမ်းပါပဲနော်။ မှိုတွေ ရှင်းလင်းသွားပြီဆိုရင်တော့၊ နောက်ထပ် မှိုတွေ ထပ်မဖြစ်လာအောင် သတိထားရမယ့် အချက်လေးတွေကို ပြောပြပေးပါ့မယ်။

     

မှိုသန့်ရှင်းရေး စမလုပ်ခင်၊ အဝတ်ဗီရိုကို နံရံနဲ့ အနည်းငယ် ခွာပေးရပါ့မယ်။ ဒါမှ နံရံကနေ ငွေ့ရည်ပြန်ဖွဲ့ပြီး ဗီရိုတွေထဲကို ရေဓာတ် ပြန်မစိမ့်ဝင်မှာ ဖြစ်ပါတယ်။

     

အဝတ်ဗီရိုထဲမှာ ဘယ်တော့မှ စိုနေတဲ့ အဝတ်တွေကို မထားပါနဲ့။ အဝတ်တွေ ဗီရိုထဲ ထည့်မယ်ဆိုရင်လည်း၊ ခြောက်သွေ့တဲ့ အဝတ်တွေပဲ ဖြစ်ပါစေ။

 

အဝတ်တွေကို ပြွတ်သိပ်နေအောင် မထည့်ပါနဲ့။ အဝတ်တွေ အရမ်း ပြွတ်သိပ်နေတယ်ဆိုရင် အဝတ် အသားတွေကြားမှာ မှိုတွေ ပြန်ဖြစ်လာနိုင်ပြီး၊ ဗီရိုမှာ မှိုပြန်စွဲသွားနိုင်ပါတယ်။

 

ကဲ.. ဒီနည်းလမ်းတွေကတော့ မှိုစွဲတာနဲ့ ပက်သက်ပြီး ကျွန်မ လက်စွဲပြုထားတဲ့ နည်းပါပဲ။ မေမေတို့လည်း ကိုယ့်အိမ်က ဗီရိုမှာ မှိုစွဲရင် ဖြေရှင်းလို့ ရအောင် မှတ်ထားသင့်တယ်နော်။ ဒါမှ အင်္ကျီ အဝတ်အစားတွေမှာ အထိအခိုက် မရှိမှာ။ ဒီလို မှိုစွဲတာက အစိုဓာတ်ကြောင့် အဓိက ဖြစ်တတ်တာမို့ မိုးရာသီရောက်ရင် ပိုပြီး သတိထားသင့်ပါတယ်နော်။ အခု မှိုရှင်တဲ့ နည်းလမ်းလည်း ရှိနေပြီဆိုတော့ မှိုစွဲတာကို သိတာနဲ့ ချက်ချင်း ရှင်းထုတ်ဖို့ ကျွန်မက အထူး တိုက်တွန်းပါတယ်။ ဒါဆို အဝတ်အစားတွေ ထိခိုက် ပျက်စီးမှာ စိုးရိမ်စရာ မလိုတော့ပါဘူးနော်။ သားသားမီးမီးတွေလည်း လှလှပပလေး ကျောင်းသွားနိုင်ပြီပေါ့။

 ကုန်ပစ္စည်းများ    

အမှတ်တံဆိပ်    

Related Articles

How to get rid of ants

Thi, thi, kitchen

မီးဖိုချောင်ထဲ ကျူးကျော်လာတဲ့ ပုရွက်ဆိတ်တွေကို အမြစ်ပြတ် ဖြေရှင်းနိုင်မယ့် နည်းလမ်း

ကျွန်မမှာ ဒီပုရွက်ဆိတ်တွေကို ရိုးရိုးရှင်းရှင်းနဲ့ ဖြေရှင်းနိုင်မယ့် နည်းလမ်းရှိပါတယ်။ ဒီနည်းလမ်းမှာ အဆင့် (၃) ဆင့်ပါဝင်ပါတယ်။ ဒီအဆင့်တွေအတိုင်း လုပ်ကြည့်မယ်ဆိုရင် ပုရွက်ဆိတ်တွေကို အလျင်မြန်ဆုံး မီးဖိုချောင်ထဲကနေ မော င်းထုတ်နိုင်မှာပါ။

Read more »
how to stay healthy by keeping your home clean

Thi, cleaning, MR-CARE

ကျန်းမာသန့်ရှင်းရောဂါကင်းအောင် ဘယ်လိုနေထိုင်သင့်လဲ

အခုလို ရောဂါပိုးကူးစက်မှုများပြားနေတဲ့အချိန်မှာ ကိုယ့်အတွက်ရော၊ ကိုယ့်မိသားစုအတွက်ပါ ကျန်းကျန်းမာမာ နေထိုင်ဖို့ ရိုးရှင်းလွယ်ကူတဲ့နည်းလမ်းလေးတွေ မျှဝေပေးချင်ပါတယ်။

Read more »
How to clean your kid's water bottle

Thi

သားသားမီးမီးတို့ရဲ့ ရေဘူးကို အမြဲတမ်း သန့်ရှင်းနေပါစေ

ကျွန်မကတော့ သားလေး ကျောင်းက ပြန်လာလို့ သူ့ရဲ့ ထမင်းဘူးတွေ ဆေးတဲ့အခါတိုင်း ရေဘူးကိုပါ တစ်ပါတည်း ဆေးလေ့ရှိပါတယ်။ ပြီးရင် သေချာတဲ့နေရာတစ်ခုမှာ သိမ်းထားလိုက်ပါတယ်။ နောက်နေ့ မနက် ကျောင်းသွားတဲ့ အခါတိုင်း သန့်ရှင်းသပ်ရပ်တဲ့ ရေဘူးလေးနဲ့ သောက်စေချင်လို့ပဲ ဖြစ်ပါတယ်။ သူတို့ ရေဘူးက လူကြီးတွေ သောက်တဲ့ ရေဘူးနဲ့ မတူတဲ့အတွက် ပြီးပြီးရော ဆေးလို့ မဖြစ်ပါဘူး။ အဖွင့်၊ အပိတ်တွေ၊ ပိုက်တွေပါ ပါတဲ့အတွက် အားလုံး ဖြုတ်ပြီး ဆေးရပါတယ်။ ဒါမှ ရောဂါပိုးမွှားကင်းစင်မှာပါ။ ဒီအောက်မှာ ပြောပြထားတာကတော့ ကျွန်မ သားလေးရဲ့ ရေဘူးကို ဆေးပေးတဲ့ နည်းလမ်း အဆင့်ဆင့်ပါပဲ။

Read more »
How to clean tiled floor

cleaning, Thi, thi

အိမ်မှာ ကြွေပြားတွေ မှန်တစ်ချပ်လို ပြောင်လက်နေစေဖို့

ကြွေပြားသန့်ရှင်းတဲ့အခါ အသုံးပြုရတဲ့ ကြေးချွတ်ဆေးတွေက အင်မတန်မှ အစွမ်းထက်တဲ့အတွက် အချိန်တိုအတွင်း ပြောင်လက်သွားအောင် သန့်ရှင်းနိုင်ပါတယ်။ ကျွန်မ ပြောပြမယ့် ဒီ (၆) ချက်ကိုပါ သိထားမယ်ဆိုရင်တော့ ကြွေပြားသန့်ရှင်းတာက ပိုထိရောက်ပြီး တကယ့်ကို အချိန်တိုတိုနဲ့ ပြောင်လက်နေအောင် သန့်ရှင်းနိုင်မှာ ဖြစ်ပါတယ်။

Read more »
How to wash teddy bear

laundry, Thi, thi

ကိုယ့်ကလေးရဲ့ အမွှေးပွ အရုပ်လေးကို ဘယ်လိုလျှော်ပေးမလဲ

အမြဲတမ်းတော့ အရုပ်တစ်ခုလုံးကို သန့်ရှင်းပေးနေဖို့ မလိုပါဘူး။ ဒါပေမယ့် ကလေးတွေက အဆော့မက်တော့ အရုပ်ရဲ့ အချို့နေရာတွေမှာ ညစ်ပတ်နေတတ်ပါတယ်။ ဥပမာ - ရေခဲမုန့်စားနေရင်း အရုပ်မှာ ရေခဲမုန့် ပေသွားတာမျိုးပေါ့။ အဲဒီလိုမျိုး ဖြစ်သွားပြီဆိုရင် …

Read more »
How to clean microwave

Thi, kitchen, thi

မိုက်ခရိုဝေ့ဗ် မီးဖိုကို သန့်သန့်ရှင်းရှင်းဖြစ်စေဖို့

Microwave ကို မသန့်ရှင်းဘဲ ဆက်တိုက် အသုံးပြုမယ်ဆိုရင် Microwave အတွင်းနံရံအနံ့မှာ အဆီတွေ ဝေ့ပြီး ချေးကွက်တွေ ဖြစ်လာတတ်ပါတယ်။ အဲဒီကနေ ဘက်တီးရီးယားတွေ ဖြစ်လာနိုင်ပြီး အစားအစာတွေထိ ပါလာနိုင်ပါတယ်။

Read more »
How to wash kid's shoes with hands

Thi, thi, kitchen

ကလေးတွေရဲ့ ရှူးဖိနပ်ကို လက်နဲ့ ဘယ်လျှော်ကြမလဲ

ဖိနပ်ကို မဆေးကြောခင်မှာ၊ ဖိနပ်မှာပါတဲ့ Label ကို ဖတ်ပြီး ဆေးလို့ ရ၊ မရ သေချာပြီဆိုမှ ဆေးတာ အကောင်းဆုံးပါပဲ။ အခု ကျွန်မ ပြောပြမယ့် Sport Shoes ဆေးတဲ့နည်းကတော့ အင်မတန်မှ ရိုးရှင်းပြီး လွယ်ပါတယ်နော်။

Read more »

Thi, thi, kitchen

မီးဖိုချောင်မှာစွဲကျန်နေတဲ့ ငါးညှီနံ့ကို ဘယ်လိုဖြေရှင်းမလဲ

အခု ကျွန်မ ပြောပြတဲ့ အဆင့်လေးတွေ အတိုင်း လိုက်လုပ်ကြည့်ရင် ကိုယ့်ရဲ့ မီးဖိုချောင်လေးက အနံ့အသက် ကင်းစင်ပြီး (ကျွန်မ ပြောချင်တဲ့) ကျန်းမာရေးနဲ့ ညီညွတ်တဲ့ မီးဖိုးချောင်လေး ဖြစ်မှာ အသေအချာပါပဲ။

Read more »
How to clean oil stain in the kitchen

Thi, thi, kitchen

မီးဖိုကောင်တာကို အသန့်ရှင်းဆုံး ဖြစ်နေစေမယ့် နည်းလမ်း

မီးဖို ကောင်တာမှာ ညစ်ပတ်နေရင် ဟင်းမချက်တတ်တာလည်း ကျွန်မပါပဲ။ ဒါကြောင့် အမြဲတစေ သန့်ရှင်း ပေးဖြစ်ပါတယ်။ နေ့တိုင်းသန့်ရှင်းပေးတာက ပိုသက်သာပါတယ်နော်။

Read more »
How to clean the iron properly

Thi

မီးပူကို ဘယ်လိုသန့်ရှင်းမလဲ

မီးပူရဲ့ အောက်ခံပြားဟာ ရေနွေးငွေ့တွေကြောင့် သုံးတာ ကြာလာတဲ့အခါမှာ အညိုရောင် ချိုးကွက်တွေ ပေါ်လာလေ့ ရှိပါတယ်။ ကျွန်မ အိမ်က မီးပူမှာလည်း ဒီလို ဖြစ်လေ့ ဖြစ်ထရှိပါတယ်။ အဲဒါက မီးပူမကောင်းလို့ မဟုတ်ပါဘူး၊ ရေက အပူကြောင့် အငွေ့ပျံသွားပြီး အခဲပြန်ဖြစ်တဲ့အခါမှာ ဒီလို အညိုရောင် ချိုးကွက်တွေက ကျန်ခဲ့တတ်ပါတယ်။ အဲဒါကိုလည်း ပြောင်သွားအောင် သန့်စင်တဲ့နည်းလမ်းလေးလည်း ရှိပါတယ်နော်။

Read more »
How to clean your kettle

Thi

သန့်ရှင်း ပြောင်လက်နေတဲ့ ရေနွေးအိုးဖြစ်ဖို့

ကျွန်မကတော့ မီးဖိုချောင်သုံးပစ္စည်းတွေဆိုရင် သန့်ရှင်းပြီး ပြောင်ပြောင်လက်လက်ကလေး ဖြစ်နေမှ သဘောကျပါတယ်။ ဒါကြောင့်၊ ကျွန်မလို စိတ်တူကိုယ်တူ အိမ်ရှင်မတွေအတွက် အခု ရေနွေးအိုးမှာ ရေနွေးငွေ့ ရိုက်လို့ ချိုးကပ်ပြီး ဖြစ်လာတဲ့ အကွက်တွေကို ဘယ်လိုပြောင်အောင် ဆေးလို့ရလဲ ဆိုတော့ ဝေမျှသွားချင်ပါတယ်။

Read more »