မီးပူကို ဘယ်လိုသန့်ရှင်းမလဲ

JPEG - DiG article images Teaser 400 x 260 104

မီးပူရဲ့ အောက်ခံပြားဟာ ရေနွေးငွေ့တွေကြောင့် သုံးတာ ကြာလာတဲ့အခါမှာ အညိုရောင် ချိုးကွက်တွေ ပေါ်လာလေ့ ရှိပါတယ်။ ကျွန်မ အိမ်က မီးပူမှာလည်း ဒီလို ဖြစ်လေ့ ဖြစ်ထရှိပါတယ်။ အဲဒါက မီးပူမကောင်းလို့ မဟုတ်ပါဘူး၊ ရေက အပူကြောင့် အငွေ့ပျံသွားပြီး အခဲပြန်ဖြစ်တဲ့အခါမှာ ဒီလို အညိုရောင် ချိုးကွက်တွေက ကျန်ခဲ့တတ်ပါတယ်။ အဲဒါကိုလည်း ပြောင်သွားအောင် သန့်စင်တဲ့နည်းလမ်းလေးလည်း ရှိပါတယ်နော်။ ကျွန်မ ကိုယ်တိုင်လည်း အိမ်မှာ ဒီလိုနည်းနဲ့ပဲ မီးပူ အပြားကို သန့်စင်လေ့ ရှိတယ်။


မီးပူတိုက်တဲ့အခါ အဲဒီချိုးကွက်တွေက မထင်မှတ်ဘဲ အင်္ကျီမှာ သွားစွန်းတာ၊ သွားပြီး ကပ်နေတာမျိုးတွေ ရှိတတ်တော့ မီးပူမှာ အညိုရောင် ချိုးကွက်တွေ များလာပြီဆိုရင် တတ်နိုင်သမျှ အမြန်ဆုံး သန့်စင်ပေးတာတော့ အကောင်းဆုံးပါပဲ။ ကျွန်မကတော့ အင်္ကျီလေးတွေ ပျက်စီးသွားမှာ စိုးတော့ ဒီနည်းလမ်းလေးနဲ့ အမြဲ ဖြေရှင်းဖြစ်တယ်။ သိပ်မခက်ပါဘူး၊ အိမ်မှာ ပန်ကန်းဆေး ဆပ်ပြာ (ကျွန်မအိမ်မှာတော့ E-Lan တံဆိပ်သုံးတာများတယ်။) ရှိရင် ဒီနည်းလမ်းကို လိုက်လုပ်လို့ရပါပြီ။ နည်းလမ်း အဆင့်ဆင့်ကို မျှဝေပေးလိုက်ပါတယ်နော်။


အဆင့် ၁ – E-Lan ပန်းကန်ဆေးဆပ်ပြာရည်နဲ့ ရေနဲ့ ဆတူရောပြီး ဖြည့်ပါ။
အဆင့် ၂ – ရလာတဲ့ အရည်ကို မီးပူရဲ့ ရေလှောင်ကန်ထဲ ထည့်ပြီး ၂ နာရီခန့် ထားပါ။
အဆင့် ၃ – ပြီးတဲ့အခါ ရိုးရိုးရေအေးနဲ့ ပြန်ဆေးပေးပါ။
အဆင့် ၄ – အခုလိုမျိုး တစ်လတစ်ကြိမ် လုပ်ပေးရုံနဲ့ မီးပူထဲက ရေလှောင်ကန်ကို သန့်ရှင်းစေမှာပါ။
မီးပူရဲ့ အပူခံပြားကို သန့်ရှင်းဖို့ဆိုရင်
အဆင့် ၁- E-Lan ပန်းကန်ဆေး ဆပ်ပြာရည်နဲ့ ရေနဲ့ရောပါ။
အဆင့် ၂- ဒီအရည်ကို မီးပူရဲ့ အပူခံပြားပေါ်မှာ သုတ်လိမ်းပေးပါ။
အဆင့် ၃- ၁၀ မိနစ်လောက် ထားပြီးတဲ့အခါ ရေစိုအဝတ်နဲ့ ပြန်သုတ်လိုက်ပါ။
အဆင့် ၄- ပန်းကန်ဆေးတဲ့ ဘရပ်ရှ်ဟာ မီးပူကို ထိခိုက်စေလို့ လုံးဝမသုံးပါနဲ့။
အဆင့် ၅- အပူခံပြားပေါ်က အပေါက်လေးတွေကို သန့်ရှင်းဖို့ နားကျပ်တောင်ကို အသုံးပြုပါ။


ဒါဆိုရင်တော့ အဝတ်အစားတွေ တခုခုဖြစ်မှာ ပူစရာ မလိုတော့ပဲ စိတ်ချလက်ချနဲ့ မီးပူတိုက်လို့ ရပါပြီနော်။ နောက်ပြီး ကျွန်မက မီးပူ တခါတိုက်ပြီးတိုင်း၊ ဒါမှမဟုတ် မီးပူတိုက်ခါနီးတိုင်း မီးပူမှာ ချိုးကွက်တွေ ရှိ၊ မရှိ စစ်ဆေးပြီးမှ ပြန်သိမ်းတာ၊ ဒါမှမဟုတ် စတိုက်တာမျိုး လုပ်လေ့ ရှိပါတယ်။ အဲဒီမှာ ချိုးကွက်တွေ ရှိနေရင်၊ တခါတည်း အပေါ်မှာ ကျွန်မ ပြောပြထားတဲ့ နည်းလမ်းလေးတွေ အတိုင်း ဖြေရှင်းလိုက်ရုံပါပဲ။ ဒီတော့၊ အဝတ်အစားတွေမှာ စွန်းတာမျိုးတွေ မကြုံရတော့ဘဲ လှလှလေးနဲ့ သွားလာနိုင်ပြီပေါ့။

ကုန်ပစ္စည်းများ    

 အမှတ်တံဆိပ်    

Related Articles

How to get rid of ants

Thi, thi, kitchen

မီးဖိုချောင်ထဲ ကျူးကျော်လာတဲ့ ပုရွက်ဆိတ်တွေကို အမြစ်ပြတ် ဖြေရှင်းနိုင်မယ့် နည်းလမ်း

ကျွန်မမှာ ဒီပုရွက်ဆိတ်တွေကို ရိုးရိုးရှင်းရှင်းနဲ့ ဖြေရှင်းနိုင်မယ့် နည်းလမ်းရှိပါတယ်။ ဒီနည်းလမ်းမှာ အဆင့် (၃) ဆင့်ပါဝင်ပါတယ်။ ဒီအဆင့်တွေအတိုင်း လုပ်ကြည့်မယ်ဆိုရင် ပုရွက်ဆိတ်တွေကို အလျင်မြန်ဆုံး မီးဖိုချောင်ထဲကနေ မော င်းထုတ်နိုင်မှာပါ။

Read more »
how to stay healthy by keeping your home clean

Thi, cleaning, MR-CARE

ကျန်းမာသန့်ရှင်းရောဂါကင်းအောင် ဘယ်လိုနေထိုင်သင့်လဲ

အခုလို ရောဂါပိုးကူးစက်မှုများပြားနေတဲ့အချိန်မှာ ကိုယ့်အတွက်ရော၊ ကိုယ့်မိသားစုအတွက်ပါ ကျန်းကျန်းမာမာ နေထိုင်ဖို့ ရိုးရှင်းလွယ်ကူတဲ့နည်းလမ်းလေးတွေ မျှဝေပေးချင်ပါတယ်။

Read more »
How to clean your kid's water bottle

Thi

သားသားမီးမီးတို့ရဲ့ ရေဘူးကို အမြဲတမ်း သန့်ရှင်းနေပါစေ

ကျွန်မကတော့ သားလေး ကျောင်းက ပြန်လာလို့ သူ့ရဲ့ ထမင်းဘူးတွေ ဆေးတဲ့အခါတိုင်း ရေဘူးကိုပါ တစ်ပါတည်း ဆေးလေ့ရှိပါတယ်။ ပြီးရင် သေချာတဲ့နေရာတစ်ခုမှာ သိမ်းထားလိုက်ပါတယ်။ နောက်နေ့ မနက် ကျောင်းသွားတဲ့ အခါတိုင်း သန့်ရှင်းသပ်ရပ်တဲ့ ရေဘူးလေးနဲ့ သောက်စေချင်လို့ပဲ ဖြစ်ပါတယ်။ သူတို့ ရေဘူးက လူကြီးတွေ သောက်တဲ့ ရေဘူးနဲ့ မတူတဲ့အတွက် ပြီးပြီးရော ဆေးလို့ မဖြစ်ပါဘူး။ အဖွင့်၊ အပိတ်တွေ၊ ပိုက်တွေပါ ပါတဲ့အတွက် အားလုံး ဖြုတ်ပြီး ဆေးရပါတယ်။ ဒါမှ ရောဂါပိုးမွှားကင်းစင်မှာပါ။ ဒီအောက်မှာ ပြောပြထားတာကတော့ ကျွန်မ သားလေးရဲ့ ရေဘူးကို ဆေးပေးတဲ့ နည်းလမ်း အဆင့်ဆင့်ပါပဲ။

Read more »
How to clean tiled floor

cleaning, Thi, thi

အိမ်မှာ ကြွေပြားတွေ မှန်တစ်ချပ်လို ပြောင်လက်နေစေဖို့

ကြွေပြားသန့်ရှင်းတဲ့အခါ အသုံးပြုရတဲ့ ကြေးချွတ်ဆေးတွေက အင်မတန်မှ အစွမ်းထက်တဲ့အတွက် အချိန်တိုအတွင်း ပြောင်လက်သွားအောင် သန့်ရှင်းနိုင်ပါတယ်။ ကျွန်မ ပြောပြမယ့် ဒီ (၆) ချက်ကိုပါ သိထားမယ်ဆိုရင်တော့ ကြွေပြားသန့်ရှင်းတာက ပိုထိရောက်ပြီး တကယ့်ကို အချိန်တိုတိုနဲ့ ပြောင်လက်နေအောင် သန့်ရှင်းနိုင်မှာ ဖြစ်ပါတယ်။

Read more »
How to clean moulds in wardrode

cleaning, Thi, thi

အဝတ်ဗီရိုမှာ မှိုစွဲနေတာကို ဘယ်လို သန့်ရှင်းမလဲ

အဝတ်ဗီရိုမှာ မှိုစွဲတာက ကြောက်ဖို့ ကောင်းတယ်နော်။ ဗီရိုမှာ မှိုစွဲတာကို မသိပဲ အဝတ်တွေ ဆက်ထားထားမယ်ဆိုရင် အဝတ်အစားတွေထိပါ မှိုတွေက ကူးသွားပြီး ပျက်စီးသွားနိုင်ပါတယ်။

Read more »
How to wash teddy bear

laundry, Thi, thi

ကိုယ့်ကလေးရဲ့ အမွှေးပွ အရုပ်လေးကို ဘယ်လိုလျှော်ပေးမလဲ

အမြဲတမ်းတော့ အရုပ်တစ်ခုလုံးကို သန့်ရှင်းပေးနေဖို့ မလိုပါဘူး။ ဒါပေမယ့် ကလေးတွေက အဆော့မက်တော့ အရုပ်ရဲ့ အချို့နေရာတွေမှာ ညစ်ပတ်နေတတ်ပါတယ်။ ဥပမာ - ရေခဲမုန့်စားနေရင်း အရုပ်မှာ ရေခဲမုန့် ပေသွားတာမျိုးပေါ့။ အဲဒီလိုမျိုး ဖြစ်သွားပြီဆိုရင် …

Read more »
How to clean microwave

Thi, kitchen, thi

မိုက်ခရိုဝေ့ဗ် မီးဖိုကို သန့်သန့်ရှင်းရှင်းဖြစ်စေဖို့

Microwave ကို မသန့်ရှင်းဘဲ ဆက်တိုက် အသုံးပြုမယ်ဆိုရင် Microwave အတွင်းနံရံအနံ့မှာ အဆီတွေ ဝေ့ပြီး ချေးကွက်တွေ ဖြစ်လာတတ်ပါတယ်။ အဲဒီကနေ ဘက်တီးရီးယားတွေ ဖြစ်လာနိုင်ပြီး အစားအစာတွေထိ ပါလာနိုင်ပါတယ်။

Read more »
How to wash kid's shoes with hands

Thi, thi, kitchen

ကလေးတွေရဲ့ ရှူးဖိနပ်ကို လက်နဲ့ ဘယ်လျှော်ကြမလဲ

ဖိနပ်ကို မဆေးကြောခင်မှာ၊ ဖိနပ်မှာပါတဲ့ Label ကို ဖတ်ပြီး ဆေးလို့ ရ၊ မရ သေချာပြီဆိုမှ ဆေးတာ အကောင်းဆုံးပါပဲ။ အခု ကျွန်မ ပြောပြမယ့် Sport Shoes ဆေးတဲ့နည်းကတော့ အင်မတန်မှ ရိုးရှင်းပြီး လွယ်ပါတယ်နော်။

Read more »

Thi, thi, kitchen

မီးဖိုချောင်မှာစွဲကျန်နေတဲ့ ငါးညှီနံ့ကို ဘယ်လိုဖြေရှင်းမလဲ

အခု ကျွန်မ ပြောပြတဲ့ အဆင့်လေးတွေ အတိုင်း လိုက်လုပ်ကြည့်ရင် ကိုယ့်ရဲ့ မီးဖိုချောင်လေးက အနံ့အသက် ကင်းစင်ပြီး (ကျွန်မ ပြောချင်တဲ့) ကျန်းမာရေးနဲ့ ညီညွတ်တဲ့ မီးဖိုးချောင်လေး ဖြစ်မှာ အသေအချာပါပဲ။

Read more »
How to clean oil stain in the kitchen

Thi, thi, kitchen

မီးဖိုကောင်တာကို အသန့်ရှင်းဆုံး ဖြစ်နေစေမယ့် နည်းလမ်း

မီးဖို ကောင်တာမှာ ညစ်ပတ်နေရင် ဟင်းမချက်တတ်တာလည်း ကျွန်မပါပဲ။ ဒါကြောင့် အမြဲတစေ သန့်ရှင်း ပေးဖြစ်ပါတယ်။ နေ့တိုင်းသန့်ရှင်းပေးတာက ပိုသက်သာပါတယ်နော်။

Read more »
How to clean your kettle

Thi

သန့်ရှင်း ပြောင်လက်နေတဲ့ ရေနွေးအိုးဖြစ်ဖို့

ကျွန်မကတော့ မီးဖိုချောင်သုံးပစ္စည်းတွေဆိုရင် သန့်ရှင်းပြီး ပြောင်ပြောင်လက်လက်ကလေး ဖြစ်နေမှ သဘောကျပါတယ်။ ဒါကြောင့်၊ ကျွန်မလို စိတ်တူကိုယ်တူ အိမ်ရှင်မတွေအတွက် အခု ရေနွေးအိုးမှာ ရေနွေးငွေ့ ရိုက်လို့ ချိုးကပ်ပြီး ဖြစ်လာတဲ့ အကွက်တွေကို ဘယ်လိုပြောင်အောင် ဆေးလို့ရလဲ ဆိုတော့ ဝေမျှသွားချင်ပါတယ်။

Read more »