အိမ်မှာ ကြွေပြားတွေ မှန်တစ်ချပ်လို ပြောင်လက်နေစေဖို့

ကြွေပြား တစ်ချပ်နဲ့ တစ်ချပ်ကြားမှာ ကြေးတွေနဲ့ ညစ်ပတ်ပြီး ကြွေပြားအရောင်တွေကလည်း မွဲခြောက်နေပြီဆိုရင်တော့ အဲဒီကြွေပြားကြမ်းခင်းကို သန့်ရှင်းဖို့ အချိန်ရောက်လာပါပြီ။ အိမ်ရဲ့ ဘယ်နားမှာ ခင်းထားတဲ့ ကြွေပြားဖြစ်ဖြစ် ပြောင်လက်နေမှ ကြွေပြားတွေက ကြည့်လို့ ကောင်းနေမှာပါ။ ကြွေပြားတွေ သန့်နေတယ်ဆိုမှ ကိုယ်အိမ်က သန့်ရှင်းတယ်လို့ ပြောရမှာပါနော်။ အခု ကျွန်မက ကြွေပြားသန့်ရှင်းရေး အကြောင်းလေး မျှဝေပေးချင်ပါတယ်။

 

ကြွေပြားသန့်ရှင်းတဲ့အခါ အသုံးပြုရတဲ့ ကြေးချွတ်ဆေးတွေက အင်မတန်မှ အစွမ်းထက်တဲ့အတွက် အချိန်တိုအတွင်း ပြောင်လက်သွားအောင် သန့်ရှင်းနိုင်ပါတယ်။ ကျွန်မ ပြောပြမယ့် ဒီ (၆) ချက်ကိုပါ သိထားမယ်ဆိုရင်တော့ ကြွေပြားသန့်ရှင်းတာက ပိုထိရောက်ပြီး တကယ့်ကို အချိန်တိုတိုနဲ့ ပြောင်လက်နေအောင် သန့်ရှင်းနိုင်မှာ ဖြစ်ပါတယ်။ (၆) ချက်က ဘာတွေများ ဖြစ်မလဲ။

 

၁) ကြွေပြားကြမ်းခင်းကို အရင်လှဲကျင်းပါ။

ကြွေပြားတွေကို သန့်ရှင်းရေးမလုပ်ခင်မှာ ကြွေပြားတွေ ပေါ်မှာ ရှိနေတဲ့ ဖုန်နဲ့ အမှိုက်သရိုက်တွေ ရှင်းလင်းသွားအောင် တံမြက်စည်းနဲ့ဖြစ်ဖြစ် ဖုန်စုပ်စက်နဲ့ ဖြစ်ဖြစ် အရင်လှဲကျင်းပေးရမှာပါ။ ဖုန်နဲ့ အမှိုက်တွေ မရှိရင် သန့်ရှင်းရ ပိုမြန်ဆန်ပါတယ်။

 

၂) အရည်အသွေးပြည့်တဲ့ ကြေးချွတ်ဆေးကို အသုံးပြုပါ။

ကြေးချွတ်ဆေးတွေက အများကြီး ရှိတဲ့အတွက် စိတ်ချရတဲ့ အမှတ်တံဆိပ်ကို ရွေးချယ်တတ်ဖို့ အရေးကြီးပါတယ်။ ကျွန်မကတော့ အမြဲတမ်း စိတ်ချရတဲ့ Mr Care ကိုပဲ အသုံပြုပြီး ဆေးကြောလေ့ရှိပါတယ်။

 

၃) စတင် သန့်ရှင်းပါပြီ။

ကြမ်းတိုက်ဝတ်ကို ကြေးချွတ်ဆေးရည်နဲ့ အတူ အသုံးပြုပြီး ကြွေပြားတွေကို စတင် တိုက်ချွတ်ပါ။ တိုက်ချွတ်ပြီးသွားရင် ကြမ်းပြင်ကို ရေဆေးနိုင်ဖို့အတွက် ရေတစ်ပုံးကိုလည်း အဆင်သင့် ထားထားပါ။

 

၄) တိုက်ချွတ်ပြီးတဲ့အခါ ရေဆေးပါ။

ကိုယ်တိုက်ချွတ်ပြီးတဲ့ နေရာတွေမှန်သမျှကို ရေနဲ့ သေသေချာချာ ဆေးကြောပေးပါ။

 

၅) ကြွေပြား နှစ်ချပ်ကြားက မြောင်းတွေကိုလည်း ဆေးကြောပေးပါ။

မုန့်ဖုတ်ဆိုဒါကို ရေနဲ့ ရောပြီး ကြွေပြားတွေကြားက မြောင်းတွေထဲမှာ ရှိနေတဲ့ အညစ်အကြေး အသေးအမွှားတွေကို ဘရက်ရှ်နဲ့ တိုက်ချွတ်ပေးမယ်ဆိုရင် အလွယ်တကူ သန့်ရှင်းသွားမှာ ဖြစ်ပါတယ်။

 

၆) ပုံမှန် သန့်ရှင်းပေးပါ။

ကြေးချွတ်ဆေးရယ်နဲ့ မဟုတ်ရင်တောင်၊ ကြမ်းသုတ်ပုဝါကို ရေဆွတ်ပြီး ပုံမှန် တိုက်ချွတ်ပေးမယ်ဆိုရင် အမြဲတမ်း သန့်ရှင်းနေတဲ့ ကြွေပြား ကြမ်းခင်း ဖြစ်နေမှာပါ။

 

ဒီနည်းလေးအတိုင်း သန့်ရှင်းပေးမယ်ဆိုရင်တော့ အိမ်က ကြွေပြားတွေက အမြဲတမ်း ပြောင်လက်နေမှာပါ။ ကိုယ့်အိမ်မှာတော့၊ ကျွန်မကိုယ်တိုင် အဲဒီနည်းနဲ့ ပုံမှန်လေး ကြမ်းတိုက်ပေးလို့ ကြွေပြားတွေက ငုံ့ကြည့်ရင်တောင် မှန်ကြည့်သလို ကိုယ့်ကိုယ်ကိုယ်တောင် ပြန်မြင်နေရတယ်လေ။ မေမေတို့လည်း မီးဖိုချောင်ထဲမှာ ထမင်း၊ ဟင်းချက်ရင်းတောင် မှန်ကြည့်နေလို့ ရတာပေါ့။

 

 ကုန်ပစ္စည်းများ    

အမှတ်တံဆိပ်    

Related Articles

How to get rid of ants

Thi, thi, kitchen

မီးဖိုချောင်ထဲ ကျူးကျော်လာတဲ့ ပုရွက်ဆိတ်တွေကို အမြစ်ပြတ် ဖြေရှင်းနိုင်မယ့် နည်းလမ်း

ကျွန်မမှာ ဒီပုရွက်ဆိတ်တွေကို ရိုးရိုးရှင်းရှင်းနဲ့ ဖြေရှင်းနိုင်မယ့် နည်းလမ်းရှိပါတယ်။ ဒီနည်းလမ်းမှာ အဆင့် (၃) ဆင့်ပါဝင်ပါတယ်။ ဒီအဆင့်တွေအတိုင်း လုပ်ကြည့်မယ်ဆိုရင် ပုရွက်ဆိတ်တွေကို အလျင်မြန်ဆုံး မီးဖိုချောင်ထဲကနေ မော င်းထုတ်နိုင်မှာပါ။

Read more »
how to stay healthy by keeping your home clean

Thi, cleaning, MR-CARE

ကျန်းမာသန့်ရှင်းရောဂါကင်းအောင် ဘယ်လိုနေထိုင်သင့်လဲ

အခုလို ရောဂါပိုးကူးစက်မှုများပြားနေတဲ့အချိန်မှာ ကိုယ့်အတွက်ရော၊ ကိုယ့်မိသားစုအတွက်ပါ ကျန်းကျန်းမာမာ နေထိုင်ဖို့ ရိုးရှင်းလွယ်ကူတဲ့နည်းလမ်းလေးတွေ မျှဝေပေးချင်ပါတယ်။

Read more »
How to clean your kid's water bottle

Thi

သားသားမီးမီးတို့ရဲ့ ရေဘူးကို အမြဲတမ်း သန့်ရှင်းနေပါစေ

ကျွန်မကတော့ သားလေး ကျောင်းက ပြန်လာလို့ သူ့ရဲ့ ထမင်းဘူးတွေ ဆေးတဲ့အခါတိုင်း ရေဘူးကိုပါ တစ်ပါတည်း ဆေးလေ့ရှိပါတယ်။ ပြီးရင် သေချာတဲ့နေရာတစ်ခုမှာ သိမ်းထားလိုက်ပါတယ်။ နောက်နေ့ မနက် ကျောင်းသွားတဲ့ အခါတိုင်း သန့်ရှင်းသပ်ရပ်တဲ့ ရေဘူးလေးနဲ့ သောက်စေချင်လို့ပဲ ဖြစ်ပါတယ်။ သူတို့ ရေဘူးက လူကြီးတွေ သောက်တဲ့ ရေဘူးနဲ့ မတူတဲ့အတွက် ပြီးပြီးရော ဆေးလို့ မဖြစ်ပါဘူး။ အဖွင့်၊ အပိတ်တွေ၊ ပိုက်တွေပါ ပါတဲ့အတွက် အားလုံး ဖြုတ်ပြီး ဆေးရပါတယ်။ ဒါမှ ရောဂါပိုးမွှားကင်းစင်မှာပါ။ ဒီအောက်မှာ ပြောပြထားတာကတော့ ကျွန်မ သားလေးရဲ့ ရေဘူးကို ဆေးပေးတဲ့ နည်းလမ်း အဆင့်ဆင့်ပါပဲ။

Read more »
How to clean moulds in wardrode

cleaning, Thi, thi

အဝတ်ဗီရိုမှာ မှိုစွဲနေတာကို ဘယ်လို သန့်ရှင်းမလဲ

အဝတ်ဗီရိုမှာ မှိုစွဲတာက ကြောက်ဖို့ ကောင်းတယ်နော်။ ဗီရိုမှာ မှိုစွဲတာကို မသိပဲ အဝတ်တွေ ဆက်ထားထားမယ်ဆိုရင် အဝတ်အစားတွေထိပါ မှိုတွေက ကူးသွားပြီး ပျက်စီးသွားနိုင်ပါတယ်။

Read more »
How to wash teddy bear

laundry, Thi, thi

ကိုယ့်ကလေးရဲ့ အမွှေးပွ အရုပ်လေးကို ဘယ်လိုလျှော်ပေးမလဲ

အမြဲတမ်းတော့ အရုပ်တစ်ခုလုံးကို သန့်ရှင်းပေးနေဖို့ မလိုပါဘူး။ ဒါပေမယ့် ကလေးတွေက အဆော့မက်တော့ အရုပ်ရဲ့ အချို့နေရာတွေမှာ ညစ်ပတ်နေတတ်ပါတယ်။ ဥပမာ - ရေခဲမုန့်စားနေရင်း အရုပ်မှာ ရေခဲမုန့် ပေသွားတာမျိုးပေါ့။ အဲဒီလိုမျိုး ဖြစ်သွားပြီဆိုရင် …

Read more »
How to clean microwave

Thi, kitchen, thi

မိုက်ခရိုဝေ့ဗ် မီးဖိုကို သန့်သန့်ရှင်းရှင်းဖြစ်စေဖို့

Microwave ကို မသန့်ရှင်းဘဲ ဆက်တိုက် အသုံးပြုမယ်ဆိုရင် Microwave အတွင်းနံရံအနံ့မှာ အဆီတွေ ဝေ့ပြီး ချေးကွက်တွေ ဖြစ်လာတတ်ပါတယ်။ အဲဒီကနေ ဘက်တီးရီးယားတွေ ဖြစ်လာနိုင်ပြီး အစားအစာတွေထိ ပါလာနိုင်ပါတယ်။

Read more »
How to wash kid's shoes with hands

Thi, thi, kitchen

ကလေးတွေရဲ့ ရှူးဖိနပ်ကို လက်နဲ့ ဘယ်လျှော်ကြမလဲ

ဖိနပ်ကို မဆေးကြောခင်မှာ၊ ဖိနပ်မှာပါတဲ့ Label ကို ဖတ်ပြီး ဆေးလို့ ရ၊ မရ သေချာပြီဆိုမှ ဆေးတာ အကောင်းဆုံးပါပဲ။ အခု ကျွန်မ ပြောပြမယ့် Sport Shoes ဆေးတဲ့နည်းကတော့ အင်မတန်မှ ရိုးရှင်းပြီး လွယ်ပါတယ်နော်။

Read more »

Thi, thi, kitchen

မီးဖိုချောင်မှာစွဲကျန်နေတဲ့ ငါးညှီနံ့ကို ဘယ်လိုဖြေရှင်းမလဲ

အခု ကျွန်မ ပြောပြတဲ့ အဆင့်လေးတွေ အတိုင်း လိုက်လုပ်ကြည့်ရင် ကိုယ့်ရဲ့ မီးဖိုချောင်လေးက အနံ့အသက် ကင်းစင်ပြီး (ကျွန်မ ပြောချင်တဲ့) ကျန်းမာရေးနဲ့ ညီညွတ်တဲ့ မီးဖိုးချောင်လေး ဖြစ်မှာ အသေအချာပါပဲ။

Read more »
How to clean oil stain in the kitchen

Thi, thi, kitchen

မီးဖိုကောင်တာကို အသန့်ရှင်းဆုံး ဖြစ်နေစေမယ့် နည်းလမ်း

မီးဖို ကောင်တာမှာ ညစ်ပတ်နေရင် ဟင်းမချက်တတ်တာလည်း ကျွန်မပါပဲ။ ဒါကြောင့် အမြဲတစေ သန့်ရှင်း ပေးဖြစ်ပါတယ်။ နေ့တိုင်းသန့်ရှင်းပေးတာက ပိုသက်သာပါတယ်နော်။

Read more »
How to clean the iron properly

Thi

မီးပူကို ဘယ်လိုသန့်ရှင်းမလဲ

မီးပူရဲ့ အောက်ခံပြားဟာ ရေနွေးငွေ့တွေကြောင့် သုံးတာ ကြာလာတဲ့အခါမှာ အညိုရောင် ချိုးကွက်တွေ ပေါ်လာလေ့ ရှိပါတယ်။ ကျွန်မ အိမ်က မီးပူမှာလည်း ဒီလို ဖြစ်လေ့ ဖြစ်ထရှိပါတယ်။ အဲဒါက မီးပူမကောင်းလို့ မဟုတ်ပါဘူး၊ ရေက အပူကြောင့် အငွေ့ပျံသွားပြီး အခဲပြန်ဖြစ်တဲ့အခါမှာ ဒီလို အညိုရောင် ချိုးကွက်တွေက ကျန်ခဲ့တတ်ပါတယ်။ အဲဒါကိုလည်း ပြောင်သွားအောင် သန့်စင်တဲ့နည်းလမ်းလေးလည်း ရှိပါတယ်နော်။

Read more »
How to clean your kettle

Thi

သန့်ရှင်း ပြောင်လက်နေတဲ့ ရေနွေးအိုးဖြစ်ဖို့

ကျွန်မကတော့ မီးဖိုချောင်သုံးပစ္စည်းတွေဆိုရင် သန့်ရှင်းပြီး ပြောင်ပြောင်လက်လက်ကလေး ဖြစ်နေမှ သဘောကျပါတယ်။ ဒါကြောင့်၊ ကျွန်မလို စိတ်တူကိုယ်တူ အိမ်ရှင်မတွေအတွက် အခု ရေနွေးအိုးမှာ ရေနွေးငွေ့ ရိုက်လို့ ချိုးကပ်ပြီး ဖြစ်လာတဲ့ အကွက်တွေကို ဘယ်လိုပြောင်အောင် ဆေးလို့ရလဲ ဆိုတော့ ဝေမျှသွားချင်ပါတယ်။

Read more »