သစ်သားကြမ်ခင်းတွေကို ဒီလို သန့်ရှင်းကြမယ်။

မမရဲ့ အိမ်က ဖေဖေ၊ မေမေတို့ လက်ထက်ကတည်းကဆိုတော့ နွေဖက်တွေဆိုလည်း အေးအေးလူလူရှိဖို့ သစ်သားကြမ်းခင်းတွေကို ခင်းခဲ့ကြတယ် ထင်ပါရဲ့။ သစ်သားကြမ်းခင်း တွေဟာ ရာသီဥတုဒဏ်ကြောင့် ဆွေးမြေ့တတ်သလို၊ သန့်ရှင်းရေး ခဏခဏ လုပ်ပြန်ရင်လည်း ဆွေးမြေ့လာတတ်လို့ တော်တော်လေးကို သတိနဲ့ လုပ်ဖို့လိုပါတယ်။ ဒါကြောင့် ဒီနေ့မှာတော့ မမက သစ်သားကြမ်းခင်းတွေကို ဘယ်လိုသန့်ရှင်းရမလဲ ပြောပြပေးသွားပါမယ်။
၁။ ကြမ်းတိုက်နည်း
ကြမ်းခင်းမှာ ဖုံတွေ၊ သဲတွေနဲ့ လမ်းလျှောက်ရတဲ့အခါ ခြေဖဝါးမှာ ရှတတဖြစ်နေတာမျိုးကို မမ မကြိုက်ပါဘူး။ ကြမ်းခင်းလေး ပြောင်ပြောင်လက်လက်နဲ့ သဲတွေ၊ ဖုန်တွေကင်းဖို့ မမ ကြမ်းတိုက်ပါတယ်။ ကြမ်းတိုက်တဲ့အခါမှာလည်း ကြမ်းတိုက်အဝတ်ကို ရေစင်အောင်ညှစ်ပြီး ကြမ်းပြင်ကို ခပ်ဖွဖွတိုက်ပေးပါ။ ကြမ်းတိုက်အဝတ်က ရေတွေများနေရင် သစ်သားကြမ်းပြင်တွေက ဆွေးမြေ့ ပျက်စီးလာနိုင်တယ်လေ။ ကြမ်းခင်းလေး တောက်တောက်ပြောင်ပြောင်နဲ့ ရနံ့သင်းသင်းလေး ဖြစ်စေဖို့ မမကတော့ Mr. Care ကြမ်းတိုက်ဆေးရည်ကို သုံးပြီး ကြမ်းတိုက်ပါတယ်။
၂။ တံမြက်စည်းလှဲနည်း
သစ်သားကြမ်းခင်းတွေဟာ သေချာတော့ ထိန်းသိမ်းရပါတယ်။ တံမြက်စည်းလှဲတဲ့ အခါမှာလည်း ခပ်ကြမ်းကြမ်း အောက်ခြေရှိတာမျိုးထက် နူးညံ့တဲ့ အဝတ်စမျိုးပါတဲ့ တံမြက်စည်းကို သုံးသင့်ပါတယ်။ ကြမ်းပြင်တွေမှာ ခြစ်ရာတွေ ပေါ်လာနိုင်လို့ပါ။ ညီမတို့ သိသင့်တာတစ်ခုက သစ်သားကြမ်းပြင်ကို တံမြက်စည်းလှဲတဲ့အခါ ကိုယ့်ရဲ့ အိမ်ကကြမ်းပြင်ကို ဘယ်လိုခင်းထားသလဲ၊ ခင်းထားတဲ့ ကြမ်းခင်းရဲ့ လားရာအတိုင်း တံမြက်စည်းလှဲဖို့ ဂရုစိုက်ပေးပါ။
၃။ အစွန်းချွတ်ဆေး
ကိုယ့်အိမ်ရဲ့ ကြမ်းပြင်က ညစ်ပတ်နေလို့ အစွန်းချွတ်ဆေးနဲ့ သန့်ရှင်းမယ်လို့ စိတ်ထဲမှာ တွေးထားရင် အခုပဲ ထုတ်လိုက်ပါ။ အစွန်းချွတ်ဆေးတော်တော်များများက အက်ဆစ်ဓာတ်ပါဝင်လို့ သစ်သားကြမ်းပြင်ကို တိုက်စားနိုင်ပါတယ်။
မမအခု ပြောပြပေးခဲ့တဲ့ နည်းလမ်းလေးတွေကို အသုံးပြုရင်း ညီမတို့ရဲ့ အိမ်ဂေဟာလေးကို သပ်သပ်ရပ်ရပ်၊ မွှေးမွှေးပျံ့ပျံ့နဲ့ ပျော်ရွှင်စရာနေရာလေး အဖြစ် ဖန်တီးနိုင်ပါတယ်။
AddThis is disabled because of cookie consent
Related Articles
ma, Ma, cleaning, MR-CARE
ရိုးရိုးအိမ်သာကို ဘယ်လိုဆေးမလဲ?
မမတို့ အိမ်က မမရဲ့ ဖေဖေ၊ မေမေ လက်ထက်ကတည်းက ထားခဲ့တဲ့ အိမ်ဆိုတော့ တချို့နေရာလေးတွေမှာ မြန်မာဆန်ဆန်ပဲ ရှိနေပါတယ်။ ဒီတော့ အိမ်က အိမ်သာကလည်း မြန်မာအိမ်သာပါပဲ၊ ထိုင်ပြီး သွားရတဲ့ ပုံစံမျိုးပါ။

Ma, WIN
အင်္ကျီအဖြူလေးတွေကို ဖွေးအောင်ဘယ်လိုလုပ်မလဲ..
မမက အင်္ကျီဖြူတွေဆိုရင် တတ်နိုင်သမျှ လက်နဲ့ပဲ သေသေချာချာ လျှော်ဖြစ်တယ်။ လက်နဲ့ လျှော်ရင်တော့ သူက အသစ်ကလေးလိုပဲ အမြဲတမ်း ဖြစ်နေရော။ လျှော်နည်းလည်း သိဖို့လိုတာပေါ့နော်။ အခု မမက .. အဲဒီလို အင်္ကျီဖြူလေးက အမြဲတမ်း အသစ်ကလေးလို ဖြစ်အောင် လျှော်ဖွပ်နည်းလေး မျှဝေပေးချင်ပါတယ်

Ma
အင်္ကျီချိုင်းအောက်က အစွန်းအထင်းကို ဘယ်လို ချွတ်မလဲ?
အင်္ကျီချိုင်းမှာ အဝါရောင် အစွန်းကွက် ဖြစ်တာမျိုးက၊ အဓိက ကတော့ ချိုင်းချွေးနံ့ ပျောက်အောင် သုံးတဲ့ ချိုင်းလူဆေးတို့၊ ဘော်ဒီစပေရေးတို့ကြောင့် အဓိက ဖြစ်တာပါ။ ချွေးထွက်လာတဲ့အခါမှာ ဒီ အလူမီနီယံပါတဲ့ ချိုင်းချွေးနံ့ပျောက်ဆေးက ချွေးနဲ့ ဓာတ်ပြုပြီး အင်္ကျီမှာ အဝါရောင် အစွန်းကွက် ပေါ်လာတာပေါ့။ မမက အခု၊ ဒီအင်္ကျီချိုင်းအောက်က အစွန်းကွက်ကို ပြောင်သွားအောင် ဘယ်လို နည်းနဲ့ ချွတ်ရမလဲ ဆိုတာ မမက မျှဝေပေးမှာပါ။

Ma
အိမ်မှာ သောင်းကျန်းနေတဲ့ကြွက်တွေကို ဘယ်လိုနှိမ်နင်းမလဲ?
မမရဲ့ အိမ်က မြေညီထပ်ဆိုတော့ တခြားအထပ်တွေထပ် ကြွက်ကအိမ်ထဲကို ပိုဝင်တတ်တယ်။ အိမ်မှာကလဲ ကလေးတွေရှိတော့ ဝင်ပြီဟေ့ဆို အရမ်းကိုစိတ်ညစ်ရပါတယ်။ ဒီတော့ သောင်းကျန်းနေတဲ့ ကြွက်တွေကို ဖမ်းဖို့ မမ ရဲ့ ကြွက်ထောင်ချောက် လုပ်တဲ့နည်းလမ်းလေးကို ပြန်ပြီး ပြောပြပေးမယ်နော်။

Ma, ma, cleaning
ဒယ်အိုးတူးပြီး ချိုးကပ်ခဲ့ရင် ဒါတွေလုပ်ပါ
မနက်ခင်းဆို အမျိုးသား အလုပ်သွားဖို့ ချက်ပြုတ်ပေးရ၊ သားသားတို့ ကျောင်းသွားဖို့ ပြင်ဆင်ပေးရတဲ့ အချိန်ဟာ မမရဲ့ အလုပ်အများဆုံး အချိန်တွေပဲလေ။

Ma
ကလေးတွေရဲ့ ထမင်းဘူးလေးတွေကို သေချာဆေးပေးပါ
ဒီမှာ မမ အကြံပေးချင်တာက ကလေးတွေရဲ့ ထမင်းဘူးလေးတွေကို သေသေချာချာလေး ဆေးပေးဖို့ပါပဲ။ ထမင်းဘူးသေချာမဆေးတဲ့ အခါ ဆီတွေအညစ်အကြေးတွေက မပြောင်တော့ ဘက်တီရီးယား ရောဂါပိုးမွှားတွေ ကပ်ငြိနေမှာပါပဲ။

Ma
ကျောင်းစိမ်းအင်္ကျီလေးတွေ အမြဲတမ်း သစ်သစ်လွင်လွင်လေး ဖြစ်ဖို့
မမကတော့ ကိုယ့်ရဲ့ ကလေးလေးတွေ ကျောင်းစိမ်းအင်္ကျီ တောက်တောက်ပြောင်ပြောင်လေးနဲ့ပဲ အမြဲတမ်း ကျောင်းသွားစေချင်တယ်။ သန့်သန့်ရှင်းရှင်းလေးပေါ့။ ဒါမှကလေးတွေလည်း စိတ်ကြည်လင်နေမယ်လေ။ အင်္ကျီက မွဲခြောက်ခြောက်နဲ့ ပေပေရေရေ ဖြစ်နေမယ်ဆို သူများကလေးတွေကြားမှာ ကိုယ့်ကလေးလေး မျက်နှာငယ်နေရမှာပေါ့။ ကိုယ့်ကလေလေးတွေကို မျက်နှာ မငယ်စေချင်တဲ့ ညီမလေးတို့အတွက် မမက ကျောင်းစိမ်းအင်္ကျီတွေကို အမြဲတမ်း တောက်တောက်ပြောင်ပြောင် ဖြစ်စေမယ့် နည်းလေးကို ပြောပြလိုက်ပါတယ်။

Ma, laundry
ရွံ့ဗွက်တွေပေနေတဲ့ အဝတ်အစားကို လျှော်ဖွပ်နည်း
မမက ကလေးတွေကို ပြန်ရောက်တာနဲ့ ရေမိုးချိုး၊ အဝတ်အစားလဲပေးပြီးမှပဲ အဝတ်လျှော်တဲ့စခန်း ရောက်တော့တယ်။ရွံ့ဗွက်တွေပေနေတဲ့ ဘောင်းဘီကို လျှော်ဖွပ်ရတာ နည်းနည်းတော့ လက်ဝင်တယ်လေ၊ ဟုတ်တယ်မလား၊ ဒါကြောင့် ညီမတို့ကို မမက လွယ်ကူတဲ့ နည်းလမ်းလေး ပြောပြချင်ပါတယ်။