ကိုယ့်အိမ်အသစ်ကို သန့်စင်ရှင်းလင်းနေအောင် ဘယ်လို ထားသင့်သလဲ?

spray

သိတယ်မှတ်လား။ အရင်က ဟေက အမတွေနဲ့ နေခဲ့တာ၊ သူတို့တွေက သိပ်ပြီး အသန့်ကြိုက်တယ်။ ဒီတော့ ဟေလည်း သူတို့နဲ့ပေါင်းပြီး ကြာတော့ အသန့်ကြိုက်တတ်လာတာပေါ့လေ။ အရင်တုန်းကတော့ ဟေကသူတို့နဲ့ အတူတူနေ၊ အငယ်ဆုံးလည်း ဖြစ်တော့ ကိုယ့်နေတဲ့နေရာလောက်ပဲ သန့်သန့်ရှင်းရှင်းလေးထားရင် ရပြီ။ ဒါပေမယ့်၊ အခုတော့ အဲလို မရတော့ဘူးပေါ့၊ ဘာလို့လဲဆိုတော့ ဟေက ကျောင်းပြီးလို့ အလုပ်တစ်ဖက်နဲ့ ဖြစ်လာတော့၊ ကိုယ့်အခန်းနဲ့ ကိုယ်၊ ကိုယ်ခြေထောက်ပေါ် ကိုယ်ရပ်ဖို့ ဖြစ်လာရပြီလေ။ ကိုယ့်အခန်းနဲ့ ကိုယ်နေရတော့မှာဆိုတော့ တစ်ခန်းလုံးကို သန့်ရှင်းရေးလုပ်ဖို့ ကိုယ့်တာဝန်ဖြစ်လာတာပေါ့။ အခု ဟေ့ရဲ့လောလောဆယ် အသုံးပြုတဲ့အိမ်သန့်ရှင်းရေး နည်းလမ်းလေးတွေကို share မယ်နော်။

 

၁။    မျက်နှာကျက်ကနေ စလုပ်ပါတယ်။

ဘာလို့လဲဆိုတော့၊ ကြမ်းပြင်ကို သန့်ရှင်းရေးလုပ်ပြီးမှ မျက်နှာကျက်ကို သန့်ရှင်းရေးလုပ်မယ်ဆိုရင်၊ မျက်နှာကျက်က ကျလာတဲ့ ဖုန်တွေ၊ အမှိုက်တွေကြောင့် ကြမ်းပြင်က ပြန်ပြီး ညစ်ပတ်သွားနိုင်တယ်လေ၊  နှစ်ခါမောခဲ့တဲ့ ဟေ့လိုအဖြစ်မျိုး မကြုံစေချင်လို့ ပြောပြတာပါ။ မျက်နှာကျက်ကို စပြီး သန့်ရှင်းရေးလုပ်မယ်ဆိုရင် ဟေက ပန်ကာတို့၊ မီးချောင်းတို့၊ မျက်နှာကျက်ထောင့်တွေကို အရင်လုပ်တယ်၊ ပြီးသွားတော့ နံရံကိုလည်း အပေါ်ကနေ အောက်ကို တစ်ဆင့်ချင်း ဆင်းလာတဲ့ ပုံစံနဲ့ လုပ်ပါတယ်။ အားလုံးပြီးသွားတော့မှ ကြမ်းပြင်ကို စပြီး ရှင်းလင်းရေး လုပ်ရပါတော့မယ်။

 

၂။    အိမ်အဝင် တံခါးနဲ့ အဝေးဆုံးနေရာကနေ စတင်ပါတယ်။

ဒါကလည်း အကြောင်းပြချက်ရှိပါတယ်။ ဥပမာ - တံခါးနဲ့ အနီးဆုံး အိမ်ရှေ့ကို အရင်သန့်ရှင်းလိုက်မယ် ဆိုပါစို့၊ အဲဒါပြီးတော့မှ အိမ်နောက်ဖေး၊ မီးဖိုချောင်ကို သန့်ရှင်းမယ်ပေါ့။ အဲဒီမှာ ပြဿနာရှိလာနိုင်တာက မီးဖိုချောင်သန့်ရှင်းနေရင်းနဲ့ အိမ်ရှေ့ကပစ္စည်းတစ်ခုခု လိုလာတာပဲ ဖြစ်ဖြစ်၊ အမှိုက်ထုပ်ကို အပြင်ထွက်ထားရတော့မှာပဲ ဖြစ်ဖြစ်၊ ညစ်ပတ်နေတဲ့ ခြေထောက်ကြီးနဲ့ အိမ်ရှေ့ကို ဖြတ်လျှောက်ရမယ်ဆိုရင်တော့ မမတို့ ပင်ပန်းသွားမှာပေါ့လို့။

 

၃။    ရေချိုးခန်းနဲ့ အိမ်သာ

အခု ဟေနေတဲ့ တိုက်ခန်းအသစ်မှာက ဘိုထိုင် အိမ်သာ ဖြစ်တဲ့အတွက် ဘိုထိုင်နောက်မှီနဲ့အထိုင် (toilet seat) ကို အသစ်ဝယ်လာခဲ့လိုက်ပါတယ်။ နဂိုရှိတဲ့ဟာ ဖြုတ်ပြီး အသစ်တပ်လိုက်ပါတယ်။ 

နောက်ပြီး ရေချိုးခန်းနဲ့ အိမ်သာအနှံ့ကို ဟေက Mr Care လို အားပြင်းပြီး ထိရောက်တဲ့ ချေးချွတ်ဆေးကို အသုံးပြုပြီး တိုက်ချွတ်ပေးပါတယ်။ အရင်ဆုံး ဒီ Mr Care ချေးချွတ်ဆေးကို ရေချိုးခန်းရော (ရေကန်ထဲမပါ)၊ အိမ်သာအနှံ့ရော အရင်ဖြန်းထားပြီး၊ (၁၅) မိနစ် နာရီဝက်လောက် ထားလိုက်တာပေါ့။ ပြီးတော့ ဘရက်ရှ်အကြမ်းနဲ့ တိုက်ချွတ်လိုက်တဲ့အခါ သန့်ရှင်းပြီး အနံ့ကင်းတဲ့ ရေချိုးခန်းနဲ့ အိမ်သာလေးကို ရရှိသွားပါတယ်ရှင်။

 

၄။    မီးဖိုချောင်

မီးဖိုချောင်ကလည်း အရေးကြီးတာပါပဲ။ ဘေစင်၊ ပန်းကန်တွေ တင်တဲ့စင်၊ ဘူးတွေ၊ ခွက်တွေထည့်တဲ့ ဗီရိုတွေ၊ ရေခဲသေတ္တာ၊ ဟင်းချက်တဲ့ မီးဖို (microwave, hot plate စသဖြင့်) စတဲ့ အားလုံးကို ဟေသုံးတဲ့ အီလန် ဆပ်ပြာရည်လိုမျိုးသုံးပြီး ဆေးကျောတိုက်ချွတ်ပေးဖို့ လိုအပ်ပါတယ်။ ဆေးချောတိုက်ချွတ်ပြီးရင်လည်း ရေစင်အောင် အဝတ်နဲ့ ပြန်သုတ်ပေးဖို့ လိုအပ်ပါတယ်။

နောက်ပြီး ဘူးတွေ ခွက်တွေ မထားခင်၊ ထားမယ့်နေရာမှာသတင်းစာခင်းပေးထားရင် နောက်ဆို သန့်ရှင်းရေး သိပ်လုပ်ဖို့ မလိုတော့ပဲ၊ သတင်းစာ အသစ်တွေ လဲပေးရုံနဲ့ အဆင်ပြေသွားမှာပါ။ (ဒါလည်း ဟေ့ရဲ့ ကိုယ်တွေ့…)

ရေခဲသေတ္တာဆိုရင်လည်း သန့်ရှင်းတဲ့ အဝတ်စ တစ်ခုခုနဲ့ သေချာ သုတ်ပေးပြီး သန့်ရှင်းနိုင်ပါတယ်။

 

၅။    ကြမ်းပြင်ကို ပြောင်နေအောင် သုတ်

ကြမ်းပြင်ကို သန့်ရှင်းမယ်ဆိုရင်တော့ Steam Mop ဆိုတဲ့ ကြမ်းတိုက်သုတ်ဖတ်နဲ့ ဒီ Mr Care နဲ့တွဲပြီး တိုက်တာက အသင့်တော်ဆုံးဆိုတာကို ဟေတွေ့ထားပါတယ်။ Steam Mop နဲ့ဆိုရင် သစ်သားကြမ်းခင်း၊ ပါကေး၊ ကြွေပြား ဘာပဲဖြစ်ဖြစ်၊ သန့်ရှင်းရတာ အင်မတန်မှလွယ်ကူပါတယ်။ Steam Mop မဟုတ်ပဲ ရိုရိုး ကြမ်းသုတ်ဖတ်နဲ့ဆိုရင်လည်း ရတော့ ရပေမယ့်၊ သူကတော့ အားနည်းနည်း ပိုစိုက်ရမှာ ဖြစ်ပါတယ်။ ကြမ်းသုတ်ဖတ် အဝတ်ကို  စိုရွှဲ မနေစေပဲနဲ့ နည်းနည်းကလေး စိုရုံအနေအထားနဲ့ တိုက်ချွတ်သန့်ရှင်းရမှာ ဖြစ်ပါတယ်။ ပြီးရင်တော့ ရေစိုနေတဲ့ ကြမ်းပြင်ကို အဝတ်စ တစ်ခုခုနဲ့ ရေခြောက်အောင် ပြန်သုတ်ပေးဖို့လိုပါတယ်။

 

ဒီလောက်ဆိုရင်တော့ ဟေ့ရဲ့ အတွေ့အကြုံလေးတွေလည်း တော်တော်စုံသွားပါပြီ။ အိမ်သန့်ရှင်းရေးဆိုတော့ ဟေ့မမတွေကို ပြောချင်ဇောနဲ့ အကြောင်းအရာ စုံဖို့လည်း လိုအပ်တော့၊ ရှည်သွားတယ်။ တိုက်ခန်း အသစ်ကို ပြောင်းရွှေ့တော့မယ်ဆိုရင် ဟေပြောတဲ့အတိုင်း လုပ်ကြည့်၊ မမှားစေရပါဘူးနော်။

ကုန်ပစ္စည်းများ    

 အမှတ်တံဆိပ်    

Related Articles

How to wash Jeans

Hay

ဂျင်းထည်တွေကိုသစ်လွင်တောက်ပအောင် သေချာလျှော်ကြမယ်။

ဟေလေးတို့က ဂျင်းတွေ ဝတ်ပါများလာတော့ သေချာထိန်းသိမ်းဖို့ မလိုလောက်ဘူးအထင်နဲ့ သေချာ မလျှော်ကြဘူးလေ။ ကြာတော့ ဂျင်းလေးတွေ သေချာလျှော်ရဲ့သားနဲ့ နည်းနည်းဟောင်းလာတာတို့ ဆွေးလာတာတို့ ဖြစ်လာတာမျိုး ကြုံရတယ်ဟုတ်။ ဒါဆို အခု ဟေလေးက ဂျင်းလေးတွေကို လက်နဲ့ပဲ ဘယ်လိုလျှော်မလဲဆိုတာ ရေးပြမယ်။

Read more »
How to solve drainage easily

Hay, cleaning, hay

ရေဆင်းပေါက်ပိတ်တာကို လွယ်လွယ်ကူကူဖြေရှင်းမယ်

တစ်ခါတစ်လေ ကိုယ်က အပေါက်ပိတ်နေတာကို မသိလိုက်မိဘဲ ရေသုံးမိတာမျိုးဖြစ်တတ်တယ်။ အဲခါကျ ရေတွေ လျှံလာတာမျိုးတွေပါ ဖြစ်တတ်ကော။ စိတ်မပူပါနဲ့။ ဟေလေး အခုပြောပြမယ့် နည်းလမ်းလေးတွေကို စမ်းကြည့်မယ်နော်။

Read more »
How to do handwash to your clothes

Hay

အဝတ်အစားတွေကို လက်နဲ့လျှော်ကြမယ်

ဟေလေးကို မေးမှာပေါ့။ အဝတ်လျှော်စက်တွေရှိနေတာ ဘာလို့လက်နဲ့လျှော်မှာလဲပေါ့။ ဟေလေးတို့ကျတော့ မြန်မာဝတ်စုံလေးတွေ ပိုးသားလေးတွေ ဆွဲသား ကတ္တီပါ အဲဒါမျိုးတွေတော့ လက်နဲ့လျှော်တော့ အရမ်းကြီး အင်္ကျီကိုမထိခိုက်တော့ဘူး။ အဲ ကျောက်တွေကပ်ထားတယ်ဆို ပိုတောင် ဂရုစိုက်ရသေးတယ်။ စက်နဲ့ ရောလျှော်မှ ပြုတ်ကုန်မှ အသည်းကွဲရဦးမယ်။ ဒါပေမယ့် အခု ဟေလေးပြောမယ့် လက်နဲ့လျှော်တဲ့အကြောင်း ကတော့ အားလုံးအဆင်ပြေမယ်လို့ ယုံကြည်တယ်။

Read more »
Bright clothes can boost your confidence

Hay

အရောင်တောက်တောက် အင်္ကျီလေးတွေကြောင့် ယုံကြည်မှုတွေတိုးလာပြီပေါ့

အလုပ်ပဲသွားသွား၊ ပါတီတွေပဲသွားသွား၊ သာမန် တွေ့ဆုံပွဲမျိုးပဲသွားသွား၊ ကိုယ်နဲ့ လိုက်ဖက်တဲ့ အရောင်တောက်တောက်ကလေးတွေ၊ ဒါမှမဟုတ် အဖြူရောင် လွင်လွင်လေးတွေ ဝတ်ဖြစ်တယ်။ အဲဒီလိုဝတ်သွားရင် ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု ပြည့်တယ်လို့လည်း ခံစားရတယ်လေ။ ဒီတော့ အခု ပြောပြချင်တာက၊ အဝတ်အစား အဖြူရောင်တွေနဲ့ အဝတ်အစား အသစ်တွေကို အရောင်မကူးအောင် ဟေက ဘယ်လို လျှော်လဲ ဆိုတာပါ။

Read more »
How to wash Bras

Hay, laundry, hay

ဘရာလေးတွေကို မပျက်စီးအောင်လျှော်ကြမယ်

Bra တစ်ထည်လျှော်တာလေ အင်္ကျီတစ်ထည်လျှော်တာထက် ပိုခက်တယ်နော်။ စက်နဲ့ လျှော်မယ်ဆို အင်္ကျီကလေ ဒီတိုင်း လုံးထွေးထည့်လိုက်ရင် ရတယ်ဆိုပေမယ့်လည်း Bra ကျတော့ ရေညှစ်တဲ့ အဆင့်ရောက်ရင် ချိတ်တွေ Bra ကြိုးတွေ ညှိကုန်တာနဲ့ အလုပ်တွေ ရှုပ်ကုန်ရော။ ဒါကြောင့်မို့ Bra ကို လက်နဲ့သေချာလေး အချိန်ပေးပြီး လျှော် တာအကောင်းဆုံးပါပဲနော်

Read more »
How to clean canvas shoes

Hay, cleaning, hay

Canvas ဖိနပ်လေးတွေကို သန့်ရှင်းအောင် ဘယ်လိုထိန်းသိမ်းမလဲ

ဟေလေးကတော့ အဲလို ကင်းဗတ်ဖိနပ်လေးတွေဆို ဝတ်ရတာ အရမ်းကြိုက်တာ။ အဖြုလေးတွေဆို အရမ်းလှ။ တစ်ခုရှိတာက အဖြူဆို လျှော်ရတယ်ပေါ့။ အဖြူမှ မဟုတ်ဘူး တခြားအရောင်လဲ လျှော်ရတာပါပဲ။ အဲ သူက အလျှော်မကောင်းရင် ဖိနပ်လေးတွေက နည်းနည်းပုံပျက်တာမျိူး၊ ဖိနပ်ကို သေချာအခြောက်မခံရင် မာသွားတာမျိုးတွေရှိတယ်။

Read more »
How to remove makeup stain

Hay

အင်္ကျီမှာမိတ်ကပ်စွန်းရင် ဘယ်လို ပြန်ဖျက်မလဲ ..

မိတ်ကပ်လေး စွန်းတာကို အိမ်မှာ ထမင်းစား ဇွန်းရယ်၊ အရည်အသွေးကောင်းတဲ့ အီလန် တံဆိပ် ဆပ်ပြာမှုန့်ရယ် ရှိနေရုံနဲ့ အလွယ်တကူ ဖြေရှင်းလို့ရတဲ့နည်းလမ်းလေးတွေ့ပြီလေ။ အသာလေး အစွန်းချွတ်ပြီး၊ သေချာလျှော်၊ ပြီးရင် နေပူမှာ ပြန်လှန်းလိုက်ရင် အသစ်ကလေးလို ပြန်ဖြစ်သွားတယ်။ ကဲ အင်္ကျီမှာ မိတ်ကပ်တွေ စွန်းသွားရင် ဟေကဘယ်လို ပြန်လျှော်လဲဆိုရင်…

Read more »
How to iron your clothes

Hay

မီးပူဘယ်လို တိုက်ကြမလဲ

ဟေကတော့ အပြင်ထွက်ရင်၊ အမြန်လိုနေရင်တောင်မှ တတ်နိုင်သမျှ ပြင်ဆင်ပြီးမှ ထွက်ဖြစ်ပါတယ်။ ကိုယ်က မိတ်ကပ်တွေ ဘာတွေ မလိမ်းဖြစ်ဘူးဆိုရင်တောင်မှ၊ အဝတ်အစား သပ်သပ်ရပ်ရပ်ကလေးနဲ့ အမြဲသွားတယ်။ ဒီတော့ ဟေက အဝတ်အစားတွေဆိုရင် မီးပူတိုက်ပြီးမှ ဝတ်တာပေါ့။

Read more »
How to prepare for interview

Hay, clothing-care, hay

အင်တာဗျူးဖြေဖို့အတွက် အဝတ်အစားကို ဘယ်လိုပြင်ဆင်ကြမလဲ

ဟေလေးတို့ များသောအားဖြင့် အင်တာဗျူးတစ်ခုဖြေဖို့ သွားမယ်ဆိုရင် အဝတ်အစားထက် ဖြေနိုင်ဖို့က အရေးကြီးတယ်လို့ ထင်တာများတယ်။ မှန်တော့မှန်ပေမယ့် ဟေလေးအနေနဲ့ ကိုယ့်ရဲ့ ဝတ်စားဆင်ယင်မှုက တစ်ဝက်လောက်တော့ဆိုင်တယ်။

Read more »