အိမ်မှာ သောင်းကျန်းနေတဲ့ကြွက်တွေကို ဘယ်လိုနှိမ်နင်းမလဲ?

မမရဲ့ အိမ်က မြေညီထပ်ဆိုတော့ တခြားအထပ်တွေထပ် ကြွက်ကအိမ်ထဲကို ပိုဝင်တတ်တယ်။ အိမ်မှာကလဲ ကလေးတွေရှိတော့ ဝင်ပြီဟေ့ဆို အရမ်းကိုစိတ်ညစ်ရပါတယ်။ ဒီတော့ သောင်းကျန်းနေတဲ့ ကြွက်တွေကို ဖမ်းဖို့ မမ ရဲ့ ကြွက်ထောင်ချောက် လုပ်တဲ့နည်းလမ်းလေးကို ပြန်ပြီး ပြောပြပေးမယ်နော်။
အရင်ဆုံးကြွက်ထောင်ချောက်လုပ်ဖို့ဆိုရင်
၁။ တစ်ရှူးလိပ်အလယ်တွေမှာ ပါတဲ့ ကတ်ထူအလိပ်
၂။ ကြွက်ကိုမျှားခေါ်ဖို့အတွက် မုန့်တစ်ခုခု (ထမင်းကိုလိပ်ပြီး ကင်လိုက်တာ ပိုကောင်းတယ်)။
၃။ ရေပုံးကြီးကြီး အလွတ်တစ်ပုံးနဲ့ ဆီအနည်းငယ် တို့ရှိရင် အဆင်ပြေပါတယ်။
ဒီပစ္စည်းတွေက ဈေးသက်သာပြီး အိမ်မှာတင်ပဲ အကုန်ရှိနေတာမို့ အားလုံးအတွက်ကို အဆင်ပြေစေမှာပါ။
ဒါဆိုထောင်ချောက်လုပ်နည်းလေးကို မမက ဆက်ပြောပြပေးမယ်နော်။
၁။ တစ်ရှူးအလယ်က ကတ်ထူအလိပ်လေးကို တစ်ခြမ်းပဲ ပြားနေအောင်ဖိလိုက်ပါ။
၂။ ခပ်မြင့်မြင့်နေရာတစ်ခုရဲ့ အစွန်းမှာ အစောက ပြားထားတဲ့ ကပ်ထူကို တင်မယ်။ ကြွက်ကိုမျှားမယ့် အစာကို တစ်ဖက်မှာ (ပြုတ်ကျမယ့်ဘက်) ထားထားလိုက်ပါ။
၃။ အပေါ်မှာ ကပ်ထူအလိပ်နဲ့ အစာမျှားဖို့ တင်ထားတယ်ဆို ကပ်ထူပြုတ်ကျလာမယ့် အောက်တည့်တည့်မှာ ပုံးအလွတ်ကြီးကြီး ချထားပေးပါ။ ပုံးထဲ ဆီ ထည့်ထားဖို့ မမေ့ပါနဲ့။ လက်တစ်ဆစ်လောက်တော့ ထည့်ထားတာ ပိုကောင်းမယ်။
၄။ ကြွက်က မျှားထားတဲ့ အစာကို သွားစားတဲ့အခါ ကတ်ထူလိပ်ကို ဖြတ်ရပါလိမ့်မယ်။ အဲခါကျ အစာနားရောက်ရင် အလိပ်က တင်ရုံပဲတင်ထားတာဆိုတော့ အလေးအချိန်မမျှပဲ ပြုတ်ကျပါလိမ့်မယ်။ အဲခါကျ ဆီထည့်ထားတဲ့ ပုံထဲရောက်သွားတော့ ကြွက်က အပေါ်တက်ဖို့ ကြိုးစားလေ ဆီတွေနဲ့ဆိုတော့ အဆင်မပြေ ပြန်လျှောကျလေပေါ့။ ကြွက်မြုပ်အောင်လဲ မထည့်ထားတော့ ပါဏာတိပါတာကံလဲ မထိုက်တော့ဘူးပေါ့လေ။
၅။ ကြွက်တွေမိသွားပြီဆိုရင်တော့ ပြန်လွတ်တဲ့အခါမှာ ကိုယ်အိမ်နဲ့ဝေးဝေးမှာသွားပြီး ပြန်လွှတ်လိုက်ပါနော်၊ ဒါမှ နောက်တစ်ခါ အိမ်ထဲကို နောက်တစ်ခါထပ်မလာနိုင်တော့မှာပါ။
ကဲကြွက်တွေအိမ်မှာရှင်းသွားပြီဆိုရင်တော့ မမက ကြွက်တွေထောင်ခြောက်လုပ်ထားတဲ့ မီးဖိုခန်းကို သေသေချာချာသန့်စင်သွားအောင် Mr.Care surface cleaner နဲ့ မီးဖိုခန်းကို သန့်စင်သွားအောင် ဆေးကြောလိုက်ပါတယ်။ ထောင်ခြောက်လုပ်ခဲ့တဲ့ အောက်ခြေလေးကိုလည်း သန့်စင်ပေးဖို့မမေ့ပါနဲ့နော်။ ဒီလိုနည်းနဲ့ အသုံးချမယ်ဆိုရင်တော့ ကြွက်ကင်းစင်ပြီး သန့်ရှင်းလှတဲ့ မီးဖိုခန်းလေးကို ပိုင်ဆိုင်နိုင်မှာပါ။
AddThis is disabled because of cookie consent
Related Articles
Ma
သစ်သားကြမ်ခင်းတွေကို ဒီလို သန့်ရှင်းကြမယ်။
မမရဲ့ အိမ်က ဖေဖေ၊ မေမေတို့ လက်ထက်ကတည်းကဆိုတော့ နွေဖက်တွေဆိုလည်း အေးအေးလူလူရှိဖို့ သစ်သားကြမ်းခင်းတွေကို ခင်းခဲ့ကြတယ် ထင်ပါရဲ့။ သစ်သားကြမ်းခင်း တွေဟာ ရာသီဥတုဒဏ်ကြောင့် ဆွေးမြေ့တတ်သလို၊ သန့်ရှင်းရေး ခဏခဏ လုပ်ပြန်ရင်လည်း ဆွေးမြေ့လာတတ်လို့ တော်တော်လေးကို သတိနဲ့ လုပ်ဖို့လိုပါတယ်။ ဒါကြောင့် ဒီနေ့မှာတော့ မမက သစ်သားကြမ်းခင်းတွေကို ဘယ်လိုသန့်ရှင်းရမလဲ ပြောပြပေးသွားပါမယ်။
ma, Ma, cleaning, MR-CARE
ရိုးရိုးအိမ်သာကို ဘယ်လိုဆေးမလဲ?
မမတို့ အိမ်က မမရဲ့ ဖေဖေ၊ မေမေ လက်ထက်ကတည်းက ထားခဲ့တဲ့ အိမ်ဆိုတော့ တချို့နေရာလေးတွေမှာ မြန်မာဆန်ဆန်ပဲ ရှိနေပါတယ်။ ဒီတော့ အိမ်က အိမ်သာကလည်း မြန်မာအိမ်သာပါပဲ၊ ထိုင်ပြီး သွားရတဲ့ ပုံစံမျိုးပါ။

Ma, WIN
အင်္ကျီအဖြူလေးတွေကို ဖွေးအောင်ဘယ်လိုလုပ်မလဲ..
မမက အင်္ကျီဖြူတွေဆိုရင် တတ်နိုင်သမျှ လက်နဲ့ပဲ သေသေချာချာ လျှော်ဖြစ်တယ်။ လက်နဲ့ လျှော်ရင်တော့ သူက အသစ်ကလေးလိုပဲ အမြဲတမ်း ဖြစ်နေရော။ လျှော်နည်းလည်း သိဖို့လိုတာပေါ့နော်။ အခု မမက .. အဲဒီလို အင်္ကျီဖြူလေးက အမြဲတမ်း အသစ်ကလေးလို ဖြစ်အောင် လျှော်ဖွပ်နည်းလေး မျှဝေပေးချင်ပါတယ်

Ma
အင်္ကျီချိုင်းအောက်က အစွန်းအထင်းကို ဘယ်လို ချွတ်မလဲ?
အင်္ကျီချိုင်းမှာ အဝါရောင် အစွန်းကွက် ဖြစ်တာမျိုးက၊ အဓိက ကတော့ ချိုင်းချွေးနံ့ ပျောက်အောင် သုံးတဲ့ ချိုင်းလူဆေးတို့၊ ဘော်ဒီစပေရေးတို့ကြောင့် အဓိက ဖြစ်တာပါ။ ချွေးထွက်လာတဲ့အခါမှာ ဒီ အလူမီနီယံပါတဲ့ ချိုင်းချွေးနံ့ပျောက်ဆေးက ချွေးနဲ့ ဓာတ်ပြုပြီး အင်္ကျီမှာ အဝါရောင် အစွန်းကွက် ပေါ်လာတာပေါ့။ မမက အခု၊ ဒီအင်္ကျီချိုင်းအောက်က အစွန်းကွက်ကို ပြောင်သွားအောင် ဘယ်လို နည်းနဲ့ ချွတ်ရမလဲ ဆိုတာ မမက မျှဝေပေးမှာပါ။

Ma, ma, cleaning
ဒယ်အိုးတူးပြီး ချိုးကပ်ခဲ့ရင် ဒါတွေလုပ်ပါ
မနက်ခင်းဆို အမျိုးသား အလုပ်သွားဖို့ ချက်ပြုတ်ပေးရ၊ သားသားတို့ ကျောင်းသွားဖို့ ပြင်ဆင်ပေးရတဲ့ အချိန်ဟာ မမရဲ့ အလုပ်အများဆုံး အချိန်တွေပဲလေ။

Ma
ကလေးတွေရဲ့ ထမင်းဘူးလေးတွေကို သေချာဆေးပေးပါ
ဒီမှာ မမ အကြံပေးချင်တာက ကလေးတွေရဲ့ ထမင်းဘူးလေးတွေကို သေသေချာချာလေး ဆေးပေးဖို့ပါပဲ။ ထမင်းဘူးသေချာမဆေးတဲ့ အခါ ဆီတွေအညစ်အကြေးတွေက မပြောင်တော့ ဘက်တီရီးယား ရောဂါပိုးမွှားတွေ ကပ်ငြိနေမှာပါပဲ။

Ma
ကျောင်းစိမ်းအင်္ကျီလေးတွေ အမြဲတမ်း သစ်သစ်လွင်လွင်လေး ဖြစ်ဖို့
မမကတော့ ကိုယ့်ရဲ့ ကလေးလေးတွေ ကျောင်းစိမ်းအင်္ကျီ တောက်တောက်ပြောင်ပြောင်လေးနဲ့ပဲ အမြဲတမ်း ကျောင်းသွားစေချင်တယ်။ သန့်သန့်ရှင်းရှင်းလေးပေါ့။ ဒါမှကလေးတွေလည်း စိတ်ကြည်လင်နေမယ်လေ။ အင်္ကျီက မွဲခြောက်ခြောက်နဲ့ ပေပေရေရေ ဖြစ်နေမယ်ဆို သူများကလေးတွေကြားမှာ ကိုယ့်ကလေးလေး မျက်နှာငယ်နေရမှာပေါ့။ ကိုယ့်ကလေလေးတွေကို မျက်နှာ မငယ်စေချင်တဲ့ ညီမလေးတို့အတွက် မမက ကျောင်းစိမ်းအင်္ကျီတွေကို အမြဲတမ်း တောက်တောက်ပြောင်ပြောင် ဖြစ်စေမယ့် နည်းလေးကို ပြောပြလိုက်ပါတယ်။

Ma, laundry
ရွံ့ဗွက်တွေပေနေတဲ့ အဝတ်အစားကို လျှော်ဖွပ်နည်း
မမက ကလေးတွေကို ပြန်ရောက်တာနဲ့ ရေမိုးချိုး၊ အဝတ်အစားလဲပေးပြီးမှပဲ အဝတ်လျှော်တဲ့စခန်း ရောက်တော့တယ်။ရွံ့ဗွက်တွေပေနေတဲ့ ဘောင်းဘီကို လျှော်ဖွပ်ရတာ နည်းနည်းတော့ လက်ဝင်တယ်လေ၊ ဟုတ်တယ်မလား၊ ဒါကြောင့် ညီမတို့ကို မမက လွယ်ကူတဲ့ နည်းလမ်းလေး ပြောပြချင်ပါတယ်။