
ရေဆင်းပေါက်ပိတ်တာကို လွယ်လွယ်ကူကူဖြေရှင်းမယ်

မဟေသီကို ချစ်တဲ့ သူငယ်ချင်းတို့ရေ။
ဟေလေး ဒီနေ့ပြောပြမယ့် အကြောင်းလေးကတော့ ရေဆင်းပေါက်ပိတ်တဲ့အခါ ဘယ်လို ဖြေရှင်းမလဲ ဆိုတာပါနော်။
ဟေလေးတို့ အကြောင်းအမျိုးမျိုးကြောင့် ရေဆင်းပေါက်ပိတ်ရင်လေ ဘယ်ကနေ ဘယ်လို စဖြေရှင်းမလဲ ဆိုတာပါ။
တစ်ခါတစ်လေ ကိုယ်က အပေါက်ပိတ်နေတာကို မသိလိုက်မိဘဲ ရေသုံးမိတာမျိုးဖြစ်တတ်တယ်။ အဲခါကျ ရေတွေ လျှံလာတာမျိုးတွေပါ ဖြစ်တတ်ကော။ စိတ်မပူပါနဲ့။ ဟေလေး အခုပြောပြမယ့် နည်းလမ်းလေးတွေကို စမ်းကြည့်မယ်နော်။
သဘာဝနည်းအတိုင်း ဖြေရှင်းမယ်။
သဘာဝဆိုပြီး ဥုံဖွဆိုပြီး ရေကျအောင်လုပ်တာ မဟုတ်ဘူးနော်။ ဘာတွေလိုမလဲဆို ဗင်နီကာ (ရှာလကာရည်) ရယ် မုန့်ဖုတ်ဆိုဒါ (Baking Soda) ရယ် လိုပါတယ်။ အဲ ခွက်တစ်ခုလည်း လိုသေးတာပေါ့လေ။
- အရင်ဆုံး ဘယ်နေရာပဲ ရေပိတ်ပိတ် ရေအရင်ကျအောင်လုပ်နော်။
- ပြီးရင် မုန့်ဖုတ်ဆိုဒါ တစ်ခွက်စာ (ရေသောက်တဲ့ခွက်လောက်ဆို ရပါပြီ) ကို ရေဆင်းပေါက်ထဲကို လောင်းထည့် (သေချာတော့ ထည့်နော်)
- ရေနွေးဆူဆူ နှစ်ခွက်စာကို နောက်ကနေ လောင်းထည့်ပါ။ (သက်သက်စီနော် ဆိုဒါနဲ့ မရောရဘူး) ခဏလေးစောင့် ငါးမိနစ်လောက်ပေါ့။
- ပြီးရင် မုန့်ဖုတ်ဆိုဒါ တစ်ခွက်စာ ထပ်လောင်းထည့်။ ပြီးတာနဲ့ သူ့နောက်ကနေ ဗင်နီကာကို လိုက်ထည့် တစ်ခွက်စာပဲ။
- သိပ်မကြာဘူး ဆိုဒါနဲ့ ဗင်နီကာက ပိုက်ထဲမှာ ရောသွားတဲ့အခါ အမြုပ်လေးတွေ ပလုံစီထလာတွေကို မြင်ရမယ်။ စိတ်မပူနဲ့နော်။ အဲဒါ ကောင်းတယ်။
- အမြုပ်တွေ ထပါစေဦး။ အဲ အမြုပ်ထတာ ရပ်ပြီဆိုတော့မှ ရေနွေးဆူဆူ များများသာ လောင်းချလိုက်။ (နှစ်ခွက်လောက်ဆို ရပါပြီ)
အဲလို သဘာဝနည်းက ထိရောက်မှုလည်း ရှိတယ် တစ်လတစ်ခါ ပုံမှန်လုပ်ပေးမယ်ဆို ရေဆင်းပေါက် ပိတ်တာလည်း သက်သာမယ်။ အဲ ရေဆင်းတာ သက်သာတယ်ဆိုပြီး ရပ်မနေနဲ့ဦး။ ဟေလေးကတော့ E-Lan ပန်းကန်ဆေးဆပ်ပြာဆီနဲ့ ဘေစင်တွေကို သန့်ရှင်းလုပ်လိုက်တယ်။ E-Lan က အဆီနဲ့ အညစ်အကြေးတွေကို သန့်စင်စေရုံတင်မကဘူး မမြင်ရတဲ့ ပိုးမွှားတွေကိုပါ ဖယ်ရှားပေးလို့ သန့်ရှင်းရေးအတွက် အဆင်ပြေစေတယ်လေ။
ဒါဆို ဟေလေး အခုပြောပြသလို ရေဆင်းပေါက်တွေပိတ်တဲ့အခါ အိမ်မှာရှိတဲ့ပစ္စည်းလေးတွေနဲ့တင် အဆင်ပြေအောင် ဘယ်လိုဖြေရှင်းမယ်ဆိုတာ သိပြီလို့ ယုံကြည်တယ်နော်။
မဟေသီက ဟေလေးကလည်း အားလုံး သာယာပျော်ရွှင်တဲ့ နေ့ရက်လေးတွေ ပိုင်ဆိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။
တာ့တာ။ နောက်နေ့ကျ ဟေလေးက တခြား Tips လေးတွေနဲ့ ပြန်လာခဲ့မယ်။
AddThis is disabled because of cookie consent
Related Articles

Hay
ဂျင်းထည်တွေကိုသစ်လွင်တောက်ပအောင် သေချာလျှော်ကြမယ်။
ဟေလေးတို့က ဂျင်းတွေ ဝတ်ပါများလာတော့ သေချာထိန်းသိမ်းဖို့ မလိုလောက်ဘူးအထင်နဲ့ သေချာ မလျှော်ကြဘူးလေ။ ကြာတော့ ဂျင်းလေးတွေ သေချာလျှော်ရဲ့သားနဲ့ နည်းနည်းဟောင်းလာတာတို့ ဆွေးလာတာတို့ ဖြစ်လာတာမျိုး ကြုံရတယ်ဟုတ်။ ဒါဆို အခု ဟေလေးက ဂျင်းလေးတွေကို လက်နဲ့ပဲ ဘယ်လိုလျှော်မလဲဆိုတာ ရေးပြမယ်။

Hay
ကိုယ့်အိမ်အသစ်ကို သန့်စင်ရှင်းလင်းနေအောင် ဘယ်လို ထားသင့်သလဲ?
ဟေက ကျောင်းပြီးလို့ အလုပ်တဖက်နဲ့ ဖြစ်လာတော့၊ ကိုယ့်အခန်းနဲ့ ကိုယ်၊ ကိုယ်ခြေထောက်ပေါ် ကိုယ်ရပ်ဖို့ ဖြစ်လာရပြီလေ။ ကိုယ့်အခန်းနဲ့ ကိုယ်နေရတော့မှာဆိုတော့ တခန်းလုံးကို သန့်ရှင်းရေးလုပ်ဖို့ ကိုယ့်တာဝန်ဖြစ်လာတာပေါ့။ အခု ဟေ့လောလောဆယ် အသုံးပြုတဲ့အိမ်သန့်ရှင်းရေး နည်းလမ်းလေးတွေကို share မယ်နော်။

Hay
အဝတ်အစားတွေကို လက်နဲ့လျှော်ကြမယ်
ဟေလေးကို မေးမှာပေါ့။ အဝတ်လျှော်စက်တွေရှိနေတာ ဘာလို့လက်နဲ့လျှော်မှာလဲပေါ့။ ဟေလေးတို့ကျတော့ မြန်မာဝတ်စုံလေးတွေ ပိုးသားလေးတွေ ဆွဲသား ကတ္တီပါ အဲဒါမျိုးတွေတော့ လက်နဲ့လျှော်တော့ အရမ်းကြီး အင်္ကျီကိုမထိခိုက်တော့ဘူး။ အဲ ကျောက်တွေကပ်ထားတယ်ဆို ပိုတောင် ဂရုစိုက်ရသေးတယ်။ စက်နဲ့ ရောလျှော်မှ ပြုတ်ကုန်မှ အသည်းကွဲရဦးမယ်။ ဒါပေမယ့် အခု ဟေလေးပြောမယ့် လက်နဲ့လျှော်တဲ့အကြောင်း ကတော့ အားလုံးအဆင်ပြေမယ်လို့ ယုံကြည်တယ်။

Hay
အရောင်တောက်တောက် အင်္ကျီလေးတွေကြောင့် ယုံကြည်မှုတွေတိုးလာပြီပေါ့
အလုပ်ပဲသွားသွား၊ ပါတီတွေပဲသွားသွား၊ သာမန် တွေ့ဆုံပွဲမျိုးပဲသွားသွား၊ ကိုယ်နဲ့ လိုက်ဖက်တဲ့ အရောင်တောက်တောက်ကလေးတွေ၊ ဒါမှမဟုတ် အဖြူရောင် လွင်လွင်လေးတွေ ဝတ်ဖြစ်တယ်။ အဲဒီလိုဝတ်သွားရင် ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု ပြည့်တယ်လို့လည်း ခံစားရတယ်လေ။ ဒီတော့ အခု ပြောပြချင်တာက၊ အဝတ်အစား အဖြူရောင်တွေနဲ့ အဝတ်အစား အသစ်တွေကို အရောင်မကူးအောင် ဟေက ဘယ်လို လျှော်လဲ ဆိုတာပါ။

Hay, laundry, hay
ဘရာလေးတွေကို မပျက်စီးအောင်လျှော်ကြမယ်
Bra တစ်ထည်လျှော်တာလေ အင်္ကျီတစ်ထည်လျှော်တာထက် ပိုခက်တယ်နော်။ စက်နဲ့ လျှော်မယ်ဆို အင်္ကျီကလေ ဒီတိုင်း လုံးထွေးထည့်လိုက်ရင် ရတယ်ဆိုပေမယ့်လည်း Bra ကျတော့ ရေညှစ်တဲ့ အဆင့်ရောက်ရင် ချိတ်တွေ Bra ကြိုးတွေ ညှိကုန်တာနဲ့ အလုပ်တွေ ရှုပ်ကုန်ရော။ ဒါကြောင့်မို့ Bra ကို လက်နဲ့သေချာလေး အချိန်ပေးပြီး လျှော် တာအကောင်းဆုံးပါပဲနော်

Hay, cleaning, hay
Canvas ဖိနပ်လေးတွေကို သန့်ရှင်းအောင် ဘယ်လိုထိန်းသိမ်းမလဲ
ဟေလေးကတော့ အဲလို ကင်းဗတ်ဖိနပ်လေးတွေဆို ဝတ်ရတာ အရမ်းကြိုက်တာ။ အဖြုလေးတွေဆို အရမ်းလှ။ တစ်ခုရှိတာက အဖြူဆို လျှော်ရတယ်ပေါ့။ အဖြူမှ မဟုတ်ဘူး တခြားအရောင်လဲ လျှော်ရတာပါပဲ။ အဲ သူက အလျှော်မကောင်းရင် ဖိနပ်လေးတွေက နည်းနည်းပုံပျက်တာမျိူး၊ ဖိနပ်ကို သေချာအခြောက်မခံရင် မာသွားတာမျိုးတွေရှိတယ်။

Hay
အင်္ကျီမှာမိတ်ကပ်စွန်းရင် ဘယ်လို ပြန်ဖျက်မလဲ ..
မိတ်ကပ်လေး စွန်းတာကို အိမ်မှာ ထမင်းစား ဇွန်းရယ်၊ အရည်အသွေးကောင်းတဲ့ အီလန် တံဆိပ် ဆပ်ပြာမှုန့်ရယ် ရှိနေရုံနဲ့ အလွယ်တကူ ဖြေရှင်းလို့ရတဲ့နည်းလမ်းလေးတွေ့ပြီလေ။ အသာလေး အစွန်းချွတ်ပြီး၊ သေချာလျှော်၊ ပြီးရင် နေပူမှာ ပြန်လှန်းလိုက်ရင် အသစ်ကလေးလို ပြန်ဖြစ်သွားတယ်။ ကဲ အင်္ကျီမှာ မိတ်ကပ်တွေ စွန်းသွားရင် ဟေကဘယ်လို ပြန်လျှော်လဲဆိုရင်…

Hay
မီးပူဘယ်လို တိုက်ကြမလဲ
ဟေကတော့ အပြင်ထွက်ရင်၊ အမြန်လိုနေရင်တောင်မှ တတ်နိုင်သမျှ ပြင်ဆင်ပြီးမှ ထွက်ဖြစ်ပါတယ်။ ကိုယ်က မိတ်ကပ်တွေ ဘာတွေ မလိမ်းဖြစ်ဘူးဆိုရင်တောင်မှ၊ အဝတ်အစား သပ်သပ်ရပ်ရပ်ကလေးနဲ့ အမြဲသွားတယ်။ ဒီတော့ ဟေက အဝတ်အစားတွေဆိုရင် မီးပူတိုက်ပြီးမှ ဝတ်တာပေါ့။

Hay, clothing-care, hay
အင်တာဗျူးဖြေဖို့အတွက် အဝတ်အစားကို ဘယ်လိုပြင်ဆင်ကြမလဲ
ဟေလေးတို့ များသောအားဖြင့် အင်တာဗျူးတစ်ခုဖြေဖို့ သွားမယ်ဆိုရင် အဝတ်အစားထက် ဖြေနိုင်ဖို့က အရေးကြီးတယ်လို့ ထင်တာများတယ်။ မှန်တော့မှန်ပေမယ့် ဟေလေးအနေနဲ့ ကိုယ့်ရဲ့ ဝတ်စားဆင်ယင်မှုက တစ်ဝက်လောက်တော့ဆိုင်တယ်။