
ကျန်းမာသန့်ရှင်းရောဂါကင်းအောင် ဘယ်လိုနေထိုင်သင့်လဲ


အခုလို ရောဂါပိုးကူးစက်မှုများပြားနေတဲ့အချိန်မှာ ကိုယ့်အတွက်ရော၊ ကိုယ့်မိသားစုအတွက်ပါ ကျန်းကျန်းမာမာ နေထိုင်ဖို့ ရိုးရှင်းလွယ်ကူတဲ့နည်းလမ်းလေးတွေ မျှဝေပေးချင်ပါတယ်။ National Environment Agency (Singapore) ရဲ့ ဝက်ဘ်ဆိုက်ကို မှီငြှမ်းထားပါတယ်။
(၁) ကိုယ်ခံအားကောင်းမွန်စေရန် တစ်ကိုယ်ရေသန့်ရှင်းရေး
· လက်ကို ဆပ်ပြာနဲ့ မကြာခဏ ဆေးကြောပါ။ သို့မဟုတ် အရက်ပြန်ပါဝင်သော ရေမလို လက်သန့်ဆေးရည်သုံးပါ။
· လူစုလူဝေးကို တတ်နိုင်သမျှ ရှောင်ပါ။
· ကိုယ်ခံအား ကောင်းစေရန် အာဟာရပြည့်ဝစွာ စားပါ။ ရေများများ သောက်ပါ။
· ကောင်းမွန်လုံလောက်စွာ အိပ်စက်အနားယူပါ။
· နှာချေ ချောင်းဆိုး နေမကောင်းဖြစ်နေသူများနှင့် အနည်းဆုံး ၃ ပေအကွာတွင် နေပါ။
· နေမကောင်းဖြစ်ပါက အိမ်တွင်ကောင်းမွန်စွာ အနားယူပါ။ ဆရာဝန်ကို ဖုန်းဖြင့် အရင်မေးမြန်းပါ။
(၂) သန့်ရှင်းသောအိမ်ပတ်ဝန်းကျင်
ရောဂါဖြစ်စေတတ်သော ဘက်တီးရီးယားပိုးမွှားများက ရောဂါပိုးရှိသူ နှာချေ ချောင်းဆိုးရာမှထွက်လာတဲ့ ရောဂါပိုးပါဝင်တဲ့အစက်အမှုန်များကတဆင့် အနီးအနားရှိ အရာဝတ္ထုများနဲ့ မျက်နှာပြင်များအပေါ်မှာ အချိန်အတိုင်းအတာတစ်ခုအထိ ရှင်သန်နေနိုင်ပါတယ်။ ထိုမျက်နှာပြင်များကို ထိတွေ့မိတဲ့လက်နဲ့ မျက်လုံး၊ နှာခေါင်း၊ ပါးစပ်တို့ကို ကိုင်တွယ်မိတဲ့အခါမှာလည်း ရောဂါပိုးကူးစက်ခံရနိုင်ပါတယ်။ သီတို့တွေက မိသားစုနဲ့အတူ အိမ်မှာနေထိုင်ကြတဲ့အခါ ကြမ်းပေါ်မှာ ထိုင် စကားပြောရင်း အချိန်ကုန်ဆုံးကြတာများပါတယ်။ ဒါကြောင့် ထိတွေ့မှုများတဲ့မျက်နှာပြင်တွေနဲ့ ကြမ်းပြင်ကို မကြာခဏ သန့်ရှင်းပေးသင့်ပါတယ်။
အိမ်ပတ်ဝန်းကျင်ကို သန့်ရှင်းရေးပြုလုပ်ရန် လိုအပ်သောပစ္စည်းများ
သန့်ရှင်းရေး မစတင်မီ အောက်ပါပစ္စည်းများကို ပြင်ဆင်ထားရန်လိုပါတယ်။
၁။ တစ်ခါသုံးလက်အိတ်
၂။ ဘက်တီးရီးယား/ဗိုင်းရပ်စ်ပ်/ရောဂါပိုးမွှားများကို သေစေနိုင်သည့် ပိုးသတ်သန့်စင်ပစ္စည်းများ (အခု ဆောင်းပါးမှာတော့ ဘက်တီးရီးယားများကို ၉၉.၉% သေစေနိုင်တဲ့ Mr Care အိမ်သာနဲ့ရေချိုးခန်းသုံးသန့်စင်ဆေးရည်ကို အသုံးပြုသွားပါမယ်။)
၃။ လဲလှယ်ရန် အဝတ်တစ်စုံ
၄။ အမှိုက်အိတ်
၅။ ရေ
၆။ တစ်ခါသုံးစွန့်ပစ်နိုင်သည့် အဝတ်စများ
၇။ ရေပုံး
၈။ ကြမ်းတိုက်ဝတ်/ကြမ်းတိုက်တုတ်တံ
သန့်ရှင်းရေးပြုလုပ်ရန်အဆင့်ဆင့်
၁။ သန့်ရှင်းရေး မစခင် တစ်ခါသုံးလက်အိတ်ဝတ်ပါ။ သန့်ရှင်းရေး ပြုလုပ်နေစဉ် မျက်နှာ၊ ပါးစပ်၊ ပါးစပ်၊ နှာခေါင်းတို့ကို မထိ မကိုင်မိဖို့ သတိထားပါ။ နေကောင်းနေရင် နှာခေါင်းနှင့်ပါးစပ်စည်း သုံးဖို့ မလိုပါဘူးနော်။
၂။ သန့်ရှင်းရေး ဆေးရည်ကို ပြင်ဆင်ပါ။ (Mr Care အဖုံး ၂ ခွက်ကို ရေ ၂လီတာခွဲနဲ့ ရောပါ။ အခြားတံဆိပ်တွေ သုံးမယ်ဆိုရင် အညွှန်းအတိုင်း သုံးပါနော်)
၃။ လေဝင်လေထွက်ကောင်းဖို့ ပြတင်းပေါက်များ ဖွင့်ထားပါ။
၄။ ပြင်ဆင်ထားတဲ့ သန့်စင်ဆေးရည်နဲ့ ကြမ်းစတိုက်ပါ။ အစွန်းတစ်ဖက်ကနေစပြီး နောက်အစွန်းတစ်ဖက်အထိ တိုက်ပါ။
၅။ အဝတ်စကို သန့်စင်ဆေးရည်နဲ့ စိမ်ပြီး မကြာခဏထိတွေ့မှုများတဲ့မျက်နှာပြင်များ (ဥပမာ ခလုတ်အမျိုးမျိုး၊ တံခါးလက်ကိုင်၊ လှေကားလက်ရန်း၊ ထိုင်ခုံလက်ရန်း၊ နောက်မီ၊ စားပွဲ၊ ကွန်ပြူတာကီးဘုတ်၊ ကန့်လန့်ကာ၊ ပြတင်းပေါက်၊ နံရံ စသဖြင့်) ကို ထိုအဝတ်စနဲ့ သုတ်ပါ။
၆။ ပိုးမွှားတွေအလွန်များနေမယ်လို့ ယူဆရတဲ့ အရာဝတ္ထုတွေ (ဥပမာ အိမ်သာအိုး သို့မဟုတ် အနီးတဝိုက်) ကို စပရေးဖြန်းပြီး သန့်ရှင်းရေးလုပ်တာမျိုးကို ရှောင်ပေးပါ။ အမှုန်အမွှားတွေစင်ကုန်ပြီး ပိုးမွှားတွေ ပိုပြန့်နိုင်လို့ပါ။
၇။ အိမ်သာကို သန့်ရှင်းရေးလုပ်မယ်ဆိုရင် သန့်စင်ဆေးရည်များကို သီးသန့်သန့်ရှင်းရေးပစ္စည်းများ (အဝတ်စ၊ ကြမ်းတိုက်တိုက် စသဖြင့်) အသုံးပြုပြီး သန့်စင်ပါ။
(က) လက်လှမ်းမီရာ မျက်နှာပြင်တိုင်း (ဘေစင်၊ ဘုံဘိုင်၊ အိမ်သာသုံးစက္ကူထားရာနေရာ၊ နံရံ၊ တံခါး၊ တံခါးချက်၊ လက်ကိုင်၊ ရေဆွဲချရာခလုတ် စသဖြင့်) ကို ဆေးကြောပါ။
(ခ) Mr Care အိမ်သာနှင့်ရေချိုးခန်းသုံးသန့်စင်ဆေးရည်ကို ရေမရောဘဲ အိမ်သာအိုးထဲသို့ တိုက်ရိုက်လောင်းဖြန်းပြီး အိမ်သာအိုးကို ပိတ်ထားပါ။ ၁၀ မိနစ်လောက်ထားပြီးမှ အိမ်သာအိုးမျက်နှာပြင်အနှံ့ကို brushနဲ့ ပွတ်တိုက်ဆေးကြောပါ။ နောက်ဆုံးရေဆွဲချပါ။ အိမ်သာထိုင်ခုံအဖုံးအတွက် သီးသန့်အဝတ်စတစ်ခုသုံးပါ။ အိမ်သာအတွက်သုံးထားတဲ့ brush နဲ့ အဝတ်ကို တခြားနေရာမှာ မသုံးပါနဲ့နော်။ တခြားတံဆိပ်သုံးတယ်ဆိုရင် အညွှန်းအတိုင်းသုံးစွဲပါ။
(ဂ) ပြီးရင် အိမ်သာကြမ်းပြင်ကို ရောစပ်ထားတဲ့ဆေးရည်နဲ့ အပြင်မှ အတွင်းလားရာအတိုင်း ဆေးကြောပါ။
၈။ ကူရှင်အစွပ်များနဲ့ အခြားပိတ်စများကို လျှော်ဖို့ ချွတ်ပါ။ အဝတ်လျှော်စက်နဲ့ အဝတ်လျှော်ဆပ်ပြာသုံးပြီး လျှော်ပါ။ မဟုတ်ပါက လက်အိတ်ဝတ်လျှော်ပါ။
၉။ ရောစပ်ထားတဲ့သန့်စင်ဆေးရည်နဲ့အစွန်းတစ်ဖက်ကနေစပြီး နောက်တစ်ဖက်အထိ ကြမ်းကို နောက်တစ်ကြိမ်ထပ်တိုက်ပါ။ သန့်ရှင်းပြီးသားနေရာတွေ ပြန်ညစ်ပတ်သွားနိုင်လို့ သန့်ရှင်းရေးမလုပ်ရသေးတဲ့နေရာကနေ လုပ်ပြီးသားနေရာတွေကို မသွားပါနဲ့။
၁၀။ သန့်ရှင်းရေးလုပ်တဲ့အချိန်မှာသုံးထားတဲ့အဝတ်စများနဲ့ သန့်ရှင်းရေးလုပ်ပြီးထွက်လာတဲ့အမှိုက်သရိုက်တွေအားလုံးကို အမှိုက်အိတ်ထဲ ထည့်ပြီး လွှင့်ပစ်ပါ။
၁၁။ လက်အိတ်ချွတ်ပြီး အမှိုက်အိတ်ထဲပစ်ပါ။ လက်ကို ဆပ်ပြာနဲ့ သေချာဆေးပါ။
၁၂။ အဲ့ဒီ့အမှိုက်အိတ်ကို တခြားအမှိုက်များနဲ့ မရောဘဲ သေချာထုပ်ပြီး ပစ်ပါ။
၁၃။ သန့်ရှင်းရေးလုပ်ပြီးတာနဲ့ ရေချိုး အဝတ်လဲပါ။
၁၄။ သန့်ရှင်းရေးလုပ်ထားတဲ့နေရာတွေကို လေနဲ့အခြောက်ခံပါ။
မိမိနဲ့ မိမိအိမ်ပတ်ဝန်းကျင်ကို သန့်ရှင်းအောင် ထားခြင်းဖြင့် ရောဂါပိုးကူးစက်ပြန့်ပွားနိုင်ခြေကို လျှော့ချပြီး တစ်မိသားစုလုံးကိုယ်ခံအားကောင်း၊ ရောဂါကင်းအောင် နေထိုင်ကြပါစို့နော်။
AddThis is disabled because of cookie consent
Related Articles

Thi, thi, kitchen
မီးဖိုချောင်ထဲ ကျူးကျော်လာတဲ့ ပုရွက်ဆိတ်တွေကို အမြစ်ပြတ် ဖြေရှင်းနိုင်မယ့် နည်းလမ်း
ကျွန်မမှာ ဒီပုရွက်ဆိတ်တွေကို ရိုးရိုးရှင်းရှင်းနဲ့ ဖြေရှင်းနိုင်မယ့် နည်းလမ်းရှိပါတယ်။ ဒီနည်းလမ်းမှာ အဆင့် (၃) ဆင့်ပါဝင်ပါတယ်။ ဒီအဆင့်တွေအတိုင်း လုပ်ကြည့်မယ်ဆိုရင် ပုရွက်ဆိတ်တွေကို အလျင်မြန်ဆုံး မီးဖိုချောင်ထဲကနေ မော င်းထုတ်နိုင်မှာပါ။

Thi
သားသားမီးမီးတို့ရဲ့ ရေဘူးကို အမြဲတမ်း သန့်ရှင်းနေပါစေ
ကျွန်မကတော့ သားလေး ကျောင်းက ပြန်လာလို့ သူ့ရဲ့ ထမင်းဘူးတွေ ဆေးတဲ့အခါတိုင်း ရေဘူးကိုပါ တစ်ပါတည်း ဆေးလေ့ရှိပါတယ်။ ပြီးရင် သေချာတဲ့နေရာတစ်ခုမှာ သိမ်းထားလိုက်ပါတယ်။ နောက်နေ့ မနက် ကျောင်းသွားတဲ့ အခါတိုင်း သန့်ရှင်းသပ်ရပ်တဲ့ ရေဘူးလေးနဲ့ သောက်စေချင်လို့ပဲ ဖြစ်ပါတယ်။ သူတို့ ရေဘူးက လူကြီးတွေ သောက်တဲ့ ရေဘူးနဲ့ မတူတဲ့အတွက် ပြီးပြီးရော ဆေးလို့ မဖြစ်ပါဘူး။ အဖွင့်၊ အပိတ်တွေ၊ ပိုက်တွေပါ ပါတဲ့အတွက် အားလုံး ဖြုတ်ပြီး ဆေးရပါတယ်။ ဒါမှ ရောဂါပိုးမွှားကင်းစင်မှာပါ။ ဒီအောက်မှာ ပြောပြထားတာကတော့ ကျွန်မ သားလေးရဲ့ ရေဘူးကို ဆေးပေးတဲ့ နည်းလမ်း အဆင့်ဆင့်ပါပဲ။

cleaning, Thi, thi
အိမ်မှာ ကြွေပြားတွေ မှန်တစ်ချပ်လို ပြောင်လက်နေစေဖို့
ကြွေပြားသန့်ရှင်းတဲ့အခါ အသုံးပြုရတဲ့ ကြေးချွတ်ဆေးတွေက အင်မတန်မှ အစွမ်းထက်တဲ့အတွက် အချိန်တိုအတွင်း ပြောင်လက်သွားအောင် သန့်ရှင်းနိုင်ပါတယ်။ ကျွန်မ ပြောပြမယ့် ဒီ (၆) ချက်ကိုပါ သိထားမယ်ဆိုရင်တော့ ကြွေပြားသန့်ရှင်းတာက ပိုထိရောက်ပြီး တကယ့်ကို အချိန်တိုတိုနဲ့ ပြောင်လက်နေအောင် သန့်ရှင်းနိုင်မှာ ဖြစ်ပါတယ်။

cleaning, Thi, thi
အဝတ်ဗီရိုမှာ မှိုစွဲနေတာကို ဘယ်လို သန့်ရှင်းမလဲ
အဝတ်ဗီရိုမှာ မှိုစွဲတာက ကြောက်ဖို့ ကောင်းတယ်နော်။ ဗီရိုမှာ မှိုစွဲတာကို မသိပဲ အဝတ်တွေ ဆက်ထားထားမယ်ဆိုရင် အဝတ်အစားတွေထိပါ မှိုတွေက ကူးသွားပြီး ပျက်စီးသွားနိုင်ပါတယ်။

laundry, Thi, thi
ကိုယ့်ကလေးရဲ့ အမွှေးပွ အရုပ်လေးကို ဘယ်လိုလျှော်ပေးမလဲ
အမြဲတမ်းတော့ အရုပ်တစ်ခုလုံးကို သန့်ရှင်းပေးနေဖို့ မလိုပါဘူး။ ဒါပေမယ့် ကလေးတွေက အဆော့မက်တော့ အရုပ်ရဲ့ အချို့နေရာတွေမှာ ညစ်ပတ်နေတတ်ပါတယ်။ ဥပမာ - ရေခဲမုန့်စားနေရင်း အရုပ်မှာ ရေခဲမုန့် ပေသွားတာမျိုးပေါ့။ အဲဒီလိုမျိုး ဖြစ်သွားပြီဆိုရင် …

Thi, kitchen, thi
မိုက်ခရိုဝေ့ဗ် မီးဖိုကို သန့်သန့်ရှင်းရှင်းဖြစ်စေဖို့
Microwave ကို မသန့်ရှင်းဘဲ ဆက်တိုက် အသုံးပြုမယ်ဆိုရင် Microwave အတွင်းနံရံအနံ့မှာ အဆီတွေ ဝေ့ပြီး ချေးကွက်တွေ ဖြစ်လာတတ်ပါတယ်။ အဲဒီကနေ ဘက်တီးရီးယားတွေ ဖြစ်လာနိုင်ပြီး အစားအစာတွေထိ ပါလာနိုင်ပါတယ်။

Thi, thi, kitchen
ကလေးတွေရဲ့ ရှူးဖိနပ်ကို လက်နဲ့ ဘယ်လျှော်ကြမလဲ
ဖိနပ်ကို မဆေးကြောခင်မှာ၊ ဖိနပ်မှာပါတဲ့ Label ကို ဖတ်ပြီး ဆေးလို့ ရ၊ မရ သေချာပြီဆိုမှ ဆေးတာ အကောင်းဆုံးပါပဲ။ အခု ကျွန်မ ပြောပြမယ့် Sport Shoes ဆေးတဲ့နည်းကတော့ အင်မတန်မှ ရိုးရှင်းပြီး လွယ်ပါတယ်နော်။
Thi, thi, kitchen
မီးဖိုချောင်မှာစွဲကျန်နေတဲ့ ငါးညှီနံ့ကို ဘယ်လိုဖြေရှင်းမလဲ
အခု ကျွန်မ ပြောပြတဲ့ အဆင့်လေးတွေ အတိုင်း လိုက်လုပ်ကြည့်ရင် ကိုယ့်ရဲ့ မီးဖိုချောင်လေးက အနံ့အသက် ကင်းစင်ပြီး (ကျွန်မ ပြောချင်တဲ့) ကျန်းမာရေးနဲ့ ညီညွတ်တဲ့ မီးဖိုးချောင်လေး ဖြစ်မှာ အသေအချာပါပဲ။

Thi, thi, kitchen
မီးဖိုကောင်တာကို အသန့်ရှင်းဆုံး ဖြစ်နေစေမယ့် နည်းလမ်း
မီးဖို ကောင်တာမှာ ညစ်ပတ်နေရင် ဟင်းမချက်တတ်တာလည်း ကျွန်မပါပဲ။ ဒါကြောင့် အမြဲတစေ သန့်ရှင်း ပေးဖြစ်ပါတယ်။ နေ့တိုင်းသန့်ရှင်းပေးတာက ပိုသက်သာပါတယ်နော်။

Thi
မီးပူကို ဘယ်လိုသန့်ရှင်းမလဲ
မီးပူရဲ့ အောက်ခံပြားဟာ ရေနွေးငွေ့တွေကြောင့် သုံးတာ ကြာလာတဲ့အခါမှာ အညိုရောင် ချိုးကွက်တွေ ပေါ်လာလေ့ ရှိပါတယ်။ ကျွန်မ အိမ်က မီးပူမှာလည်း ဒီလို ဖြစ်လေ့ ဖြစ်ထရှိပါတယ်။ အဲဒါက မီးပူမကောင်းလို့ မဟုတ်ပါဘူး၊ ရေက အပူကြောင့် အငွေ့ပျံသွားပြီး အခဲပြန်ဖြစ်တဲ့အခါမှာ ဒီလို အညိုရောင် ချိုးကွက်တွေက ကျန်ခဲ့တတ်ပါတယ်။ အဲဒါကိုလည်း ပြောင်သွားအောင် သန့်စင်တဲ့နည်းလမ်းလေးလည်း ရှိပါတယ်နော်။

Thi
သန့်ရှင်း ပြောင်လက်နေတဲ့ ရေနွေးအိုးဖြစ်ဖို့
ကျွန်မကတော့ မီးဖိုချောင်သုံးပစ္စည်းတွေဆိုရင် သန့်ရှင်းပြီး ပြောင်ပြောင်လက်လက်ကလေး ဖြစ်နေမှ သဘောကျပါတယ်။ ဒါကြောင့်၊ ကျွန်မလို စိတ်တူကိုယ်တူ အိမ်ရှင်မတွေအတွက် အခု ရေနွေးအိုးမှာ ရေနွေးငွေ့ ရိုက်လို့ ချိုးကပ်ပြီး ဖြစ်လာတဲ့ အကွက်တွေကို ဘယ်လိုပြောင်အောင် ဆေးလို့ရလဲ ဆိုတော့ ဝေမျှသွားချင်ပါတယ်။