အရောင်တောက်တောက် အင်္ကျီလေးတွေကြောင့် ယုံကြည်မှုတွေတိုးလာပြီပေါ့

DIG Brazil

ဟေကတော့ အပြင်သွားဖို့ ဝတ်ပြီဟေ့ဆိုရင် ကိုယ့်စိတ်ခံစားမှုနဲ့ လိုက်ဖက်တဲ့ အရောင်တွေကို ဝတ်ဖြစ်တာများတယ်။ အလုပ်ပဲသွားသွား၊ ပါတီတွေပဲသွားသွား၊ သာမန် တွေ့ဆုံပွဲမျိုးပဲသွားသွား၊ ကိုယ်နဲ့ လိုက်ဖက်တဲ့ အရောင်တောက်တောက်ကလေးတွေ၊ ဒါမှမဟုတ် အဖြူရောင် လွင်လွင်လေးတွေ ဝတ်ဖြစ်တယ်။ အဲဒီလိုဝတ်သွားရင် ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုပြည့်တယ်လို့လည်း ခံစားရတယ်လေ။
 
ဒီတော့ အခု ပြောပြချင်တာက၊ အဝတ်အစား အဖြူရောင်တွေနဲ့ အဝတ်အစား အသစ်တွေကို အရောင်မကူးအောင် ဟေက ဘယ်လို လျှော်တယ် ဆိုတာပါ။ အရောင်စွန်းသွားမှ၊ အစွန်းချွတ်တာထက်၊ အရောင် မစွန်းခင်တည်းက မစွန်းအောင် ကြိုတင် သတိထားတာက ပိုပြီး အဆင်ပြေပါတယ်နော်။ ဟေကတော့၊ အဝတ်အစားတွေ ပိုပြီး သစ်သစ်လွင်လွင်လေး ဖြစ်ချင်တာကြောင့် ဘာပဲ လျှော်လျှော် E-Lan ဆပ်ပြာမှုန့်နဲ့ Fino Softener အမွှေးရည်ကို အသုံးများပါတယ်နော်။
 
အစွန်း မကူးအောင် အဓိက သတိရထားမယ့် အချက် (၁) ချက်ကို သူငယ်ချင်းတို့အတွက် ပြောပြပါ့မယ်။ အဲဒါကတော့ အရောင်ပါတဲ့ (သို့) အရောင် ကျွတ်နိုင်တယ်လို့ ထင်ရတဲ့ အဝတ်အစားတွေနဲ့ အဖြူရောင်တွေကို ရောပြီးမလျှော်ပဲ သပ်သပ်လျှော်ဖို့ပါပဲ။ အဝတ်အစား အဖြူ မဟုတ်တဲ့၊ အခုမှအသစ်ဝယ်ထားတဲ့ အရောင်တောက်တောက်၊ နုနု အဝတ်အစားတွေကို ဟေက သပ်သပ်စီ ခွဲပြီး လျှော်တယ်။
 
ဟေ့အဝတ်အစားတွေ အရောင်သစ်လွင်နေစေဖို့ ဟေကတော့
 
၁။ အင်္ကျီအဖြူတွေကို အရောင်ပါတဲ့ အဝတ်အစားတွေနဲ့ ဘယ်တော့မှ ရောမလျှော်ပါဘူး။ တကယ်လို့၊ ကိုယ့်ရဲ့ အဝတ်အစားအသစ်က အရောင်နဲ့ ဖြစ်နေတယ်ဆိုရင် အရောင်ဆင်တူတွေနဲ့ ရောလျှော်ပါတယ်။ ဒါမှမဟုတ် လက်နဲ့ သပ်သပ်လျှော်ရင်လည်း ရပါတယ်နော်။
 
၂။ အဝတ်ကို မလျှော်ခင်မှာ ဟေက ၅ မိနစ် ၁၀ မိနစ်လောက် စိမ်ပါတယ်။ ပြီးမှ E-Lan ဆပ်ပြာရည်ကို သုံးပြီးလျှော်တာပေ့ါ။
 
၃။ သူငယ်ချင်းတို့ ရေနွေးကို လုံးဝမသုံးမိစေနဲ့နော်၊ ဟေ့တုန်းက သုံးမိသွားလို့ အင်္ကျီအသစ်လေးခမျာ အရောင်လေးကို နွမ်းလို့။
 
၄။ အဝတ်လှန်းရင် နေပူထဲမှာထက် နေရိပ်ထဲမှာလှမ်းတာက ပိုကောင်းပါတယ်။
 
၅။ သူငယ်ချင်းတို့ အင်္ကျီလေးတွေကို ဗီနီဂါနဲ့ စိမ်ဖို့ ဟေတိုက်တွန်းပါတယ်၊ ဒီလိုလုပ်တာက အဝတ်အစားတွေကို တောက်ပြောင်စေတာ ဟေ့ကိုယ်တွေ့ပါနော်။
 
 
အခု ဟေပြောပြတဲ့ အချက်တွေကို လိုက်လုပ်ကြည့်မယ်ဆိုရင် သူငယ်ချင်းတို့ဘာပဲ လျှော်လျှော် အရောင်ကူးမှာ မစိုးရိမ်ရတော့ပါဘူးနော်။ ဒီတော့ အဝတ်အစား တောက်တောက်ပပလေးတွေ ဝတ်ပြီး စိတ်ကြည်လင် လန်းဆန်းနိုင်ပြီပေါ့နော်။ နောက်ပြီး၊ ယုံကြည်မှုရှိရှိနဲ့လည်း အပြင်တွေ သွားလို့ရပြီပေါ့။

ကုန်ပစ္စည်းများ    

 အမှတ်တံဆိပ်    

Related Articles

How to wash Jeans

Hay

How to wash Jeans

ဟေလေးတို့က ဂျင်းတွေ ဝတ်ပါများလာတော့ သေချာထိန်းသိမ်းဖို့ မလိုလောက်ဘူးအထင်နဲ့ သေချာ မလျှော်ကြဘူးလေ။ ကြာတော့ ဂျင်းလေးတွေ သေချာလျှော်ရဲ့သားနဲ့ နည်းနည်းဟောင်းလာတာတို့ ဆွေးလာတာတို့ ဖြစ်လာတာမျိုး ကြုံရတယ်ဟုတ်။ ဒါဆို အခု ဟေလေးက ဂျင်းလေးတွေကို လက်နဲ့ပဲ ဘယ်လိုလျှော်မလဲဆိုတာ ရေးပြမယ်။

Read more »
How to clean your new apartment

Hay

How to clean your new apartment

ဟေက ကျောင်းပြီးလို့ အလုပ်တဖက်နဲ့ ဖြစ်လာတော့၊ ကိုယ့်အခန်းနဲ့ ကိုယ်၊ ကိုယ်ခြေထောက်ပေါ် ကိုယ်ရပ်ဖို့ ဖြစ်လာရပြီလေ။ ကိုယ့်အခန်းနဲ့ ကိုယ်နေရတော့မှာဆိုတော့ တခန်းလုံးကို သန့်ရှင်းရေးလုပ်ဖို့ ကိုယ့်တာဝန်ဖြစ်လာတာပေါ့။ အခု ဟေ့လောလောဆယ် အသုံးပြုတဲ့အိမ်သန့်ရှင်းရေး နည်းလမ်းလေးတွေကို share မယ်နော်။

Read more »
How to solve drainage easily

Hay, cleaning, hay

How to solve drainage easily

တစ်ခါတစ်လေ ကိုယ်က အပေါက်ပိတ်နေတာကို မသိလိုက်မိဘဲ ရေသုံးမိတာမျိုးဖြစ်တတ်တယ်။ အဲခါကျ ရေတွေ လျှံလာတာမျိုးတွေပါ ဖြစ်တတ်ကော။ စိတ်မပူပါနဲ့။ ဟေလေး အခုပြောပြမယ့် နည်းလမ်းလေးတွေကို စမ်းကြည့်မယ်နော်။

Read more »
How to do handwash to your clothes

Hay

How to do handwash to your clothes

ဟေလေးကို မေးမှာပေါ့။ အဝတ်လျှော်စက်တွေရှိနေတာ ဘာလို့လက်နဲ့လျှော်မှာလဲပေါ့။ ဟေလေးတို့ကျတော့ မြန်မာဝတ်စုံလေးတွေ ပိုးသားလေးတွေ ဆွဲသား ကတ္တီပါ အဲဒါမျိုးတွေတော့ လက်နဲ့လျှော်တော့ အရမ်းကြီး အင်္ကျီကိုမထိခိုက်တော့ဘူး။ အဲ ကျောက်တွေကပ်ထားတယ်ဆို ပိုတောင် ဂရုစိုက်ရသေးတယ်။ စက်နဲ့ ရောလျှော်မှ ပြုတ်ကုန်မှ အသည်းကွဲရဦးမယ်။ ဒါပေမယ့် အခု ဟေလေးပြောမယ့် လက်နဲ့လျှော်တဲ့အကြောင်း ကတော့ အားလုံးအဆင်ပြေမယ်လို့ ယုံကြည်တယ်။

Read more »
How to wash Bras

Hay, laundry, hay

How to wash Bras

Bra တစ်ထည်လျှော်တာလေ အင်္ကျီတစ်ထည်လျှော်တာထက် ပိုခက်တယ်နော်။ စက်နဲ့ လျှော်မယ်ဆို အင်္ကျီကလေ ဒီတိုင်း လုံးထွေးထည့်လိုက်ရင် ရတယ်ဆိုပေမယ့်လည်း Bra ကျတော့ ရေညှစ်တဲ့ အဆင့်ရောက်ရင် ချိတ်တွေ Bra ကြိုးတွေ ညှိကုန်တာနဲ့ အလုပ်တွေ ရှုပ်ကုန်ရော။ ဒါကြောင့်မို့ Bra ကို လက်နဲ့သေချာလေး အချိန်ပေးပြီး လျှော် တာအကောင်းဆုံးပါပဲနော်

Read more »
How to clean canvas shoes

Hay, cleaning, hay

How to clean canvas shoes

ဟေလေးကတော့ အဲလို ကင်းဗတ်ဖိနပ်လေးတွေဆို ဝတ်ရတာ အရမ်းကြိုက်တာ။ အဖြုလေးတွေဆို အရမ်းလှ။ တစ်ခုရှိတာက အဖြူဆို လျှော်ရတယ်ပေါ့။ အဖြူမှ မဟုတ်ဘူး တခြားအရောင်လဲ လျှော်ရတာပါပဲ။ အဲ သူက အလျှော်မကောင်းရင် ဖိနပ်လေးတွေက နည်းနည်းပုံပျက်တာမျိူး၊ ဖိနပ်ကို သေချာအခြောက်မခံရင် မာသွားတာမျိုးတွေရှိတယ်။

Read more »
How to remove makeup stain

Hay

How to remove makeup stain

မိတ်ကပ်လေး စွန်းတာကို အိမ်မှာ ထမင်းစား ဇွန်းရယ်၊ အရည်အသွေးကောင်းတဲ့ အီလန် တံဆိပ် ဆပ်ပြာမှုန့်ရယ် ရှိနေရုံနဲ့ အလွယ်တကူ ဖြေရှင်းလို့ရတဲ့နည်းလမ်းလေးတွေ့ပြီလေ။ အသာလေး အစွန်းချွတ်ပြီး၊ သေချာလျှော်၊ ပြီးရင် နေပူမှာ ပြန်လှန်းလိုက်ရင် အသစ်ကလေးလို ပြန်ဖြစ်သွားတယ်။ ကဲ အင်္ကျီမှာ မိတ်ကပ်တွေ စွန်းသွားရင် ဟေကဘယ်လို ပြန်လျှော်လဲဆိုရင်…

Read more »
How to iron your clothes

Hay

How to iron your clothes

ဟေကတော့ အပြင်ထွက်ရင်၊ အမြန်လိုနေရင်တောင်မှ တတ်နိုင်သမျှ ပြင်ဆင်ပြီးမှ ထွက်ဖြစ်ပါတယ်။ ကိုယ်က မိတ်ကပ်တွေ ဘာတွေ မလိမ်းဖြစ်ဘူးဆိုရင်တောင်မှ၊ အဝတ်အစား သပ်သပ်ရပ်ရပ်ကလေးနဲ့ အမြဲသွားတယ်။ ဒီတော့ ဟေက အဝတ်အစားတွေဆိုရင် မီးပူတိုက်ပြီးမှ ဝတ်တာပေါ့။

Read more »
How to prepare for interview

Hay, clothing-care, hay

How to prepare for interview

ဟေလေးတို့ များသောအားဖြင့် အင်တာဗျူးတစ်ခုဖြေဖို့ သွားမယ်ဆိုရင် အဝတ်အစားထက် ဖြေနိုင်ဖို့က အရေးကြီးတယ်လို့ ထင်တာများတယ်။ မှန်တော့မှန်ပေမယ့် ဟေလေးအနေနဲ့ ကိုယ့်ရဲ့ ဝတ်စားဆင်ယင်မှုက တစ်ဝက်လောက်တော့ဆိုင်တယ်။

Read more »