
မီးပူဘယ်လို တိုက်ကြမလဲ …

တောင်းမှာအကွပ် လူမှာအဝတ် ဆိုသလို၊ အဝတ်အစားကလည်း အင်မတန်မှ အရေးကြီးပါတယ်နော်။ ဟေကတော့ အပြင်ထွက်ရင်၊ အမြန်လိုနေရင်တောင်မှ တတ်နိုင်သမျှ ပြင်ဆင်ပြီးမှ ထွက်ဖြစ်ပါတယ်။
ကိုယ်က မိတ်ကပ်တွေ ဘာတွေ မလိမ်းဖြစ်ဖူးဆိုရင်တောင်မှ၊ အဝတ်အစား သပ်သပ်ရပ်ရပ်ကလေးနဲ့ အမြဲသွားတယ်။ ဒီတော့ ဟေက အဝတ်အစားတွေဆိုရင် မီးပူတိုက်ပြီးမှ ဝတ်တာပေါ့။
ဟေကတော့ အဝတ်လျှော်တဲ့အခါတိုင်း E-Lan Ultra ဆပ်ပြာနဲ့လျှော်ပြီးနောက် မီးပူတိုက်ရပိုလွယ်သွားအောင် Fino တံဆိပ် Fabric Softener ကိုပါ အမြဲသုံးပါတယ်။
Fabric Softener ကိုဘယ်လိုသုံးလဲဆိုရင်…
1. ဟေအဝတ်လျှော်စက်မှာ Fabric Softener ထည့်တဲ့နေရာလေးပါတော့ ကိုယ်လျှော်မယ့် အဝတ်အစားရဲ့ အနည်းအများပေါ်ကြည့်ပြီး Softener ကို ထည့်လိုက်ရုံပဲလေ။ ဘယ်အချိုးအဆ ထည့်ရမယ် မသိရင်တော့၊ Softener အထုပ်မှာပါတဲ့ လမ်းညွှန်ချက်အတိုင်း သွားလို့ရပါတယ်။
2. Softener ထည့်တဲ့ နေရာ မပါဘူးဆိုရင်တော့၊ အဝတ်လျှော်စက်ရဲ့ Manual Book မှာ တစ်ချက် ကြည့်ကြည့်ပါဦး။ အများအားဖြင့်တော့၊ ဆပ်ပြာမှုန့်ထည့်တဲ့ အံဆွဲရဲ့ အကန့်တစ်ခုမှာ ထည့်ကြရတာ များပါတယ်။
3. လက်နဲ့ လျှော်တဲ့အခါတော့၊ ဟေက Softener နဲ့ ရေနဲ့ကို အဝတ်လျှော် ဇလားထဲမှာ အရင် ရောမွှေလိုက်တယ်။ ပြီးရင်၊ ဆပ်ပြာမှုန့်နဲ့ လျှော်ထားပြီး ရေဆေးပြီးသား ဖြစ်တဲ့ အဝတ်တွေကို Softener ထည့်ထားတဲ့ ဇလားထဲမှာ (၃) မိနစ်ကနေ (၅) မိနစ်ဝန်းကျင်လောက် ရေစိမ်ပြီးတဲ့အခါ ရေစစ်ပြီး လေကောင်းလေသန့်နဲ့ နေရောင်ရတဲ့ နေရာမှာ လှန်းလိုက်ပါတယ်။
အဲဒီလို Softener နဲ့ စိမ်ထားတာကြောင့် ခြောက်သွားတဲ့ အဝတ်တွေမှာ နူးညံ့ပြီး မွှေးနေတာကို ဟေကအရမ်းသဘာကျတာ။
ပြီးရင်တော့ မီးပူတိုက်ရတော့မယ်ပေါ့။ ဒီတော့ ဟေ့ရဲ့ မီးပုံတိုက်ပုံ အဆင့်ဆင့်ကတော့..
1. အရင်ဆုံး ခြောက်နေတဲ့ အင်္ကျီကို စပရေး အသုံးပြုပြီး အနည်းငယ် စိုစွတ်သွားအောင် ရေဖြန်းပေးပါတယ်။
2. ပြီးရင်တော့ကော်လံကို အရင်ဆုံး မီးပူတိုက်ပါ။ ကော်လံကို နည်းနည်းလေးဖိပြီး တိုက်ပေးရပါမယ်။
3. ပြီးရင် လက်အနားတွေကို တိုက်ပါတယ်၊ အဲ့ဒီအချိန်မှာ ဟေက လက်အနားမှာ ရှိတဲ့ ကြယ်သီးတွေကို ဖြုတ်ပြီးမှ တိုက်ဖို့ ပြောချင်ပါတယ်။
4. နောက်တစ်ဆင့်အနေနဲ့ အင်္ကျီ ရှေ့အခြမ်းကို တိုက်ပါတယ်။ ရှေ့ခြမ်းကို တိုက်တဲ့အခါမှာ ကြယ်သီးတွေရှိတဲ့နေရာကို အရင်တိုက်ရတာပေါ့။ ပြီးမှ ကျန်တဲ့နေရာတွေကို မီးပူ ဆက်တိုက်ပါတယ်။
5. နောက်ခြမ်းကို စတိုက်ပြီဆိုရင် ဟေက ပခုံးကို စတိုက်ပြီးမှ ကျန်တဲ့ နေရာတွေကို တိုက်ပါတယ်။
6. ပြီးမှပဲ အင်္ကျီလက်တွေကို ဆက်တိုက်ပါတယ်။
အမြန်လိုနေလို့ အင်္ကျီတစ်ထည်လုံး မီးပူတိုက်ဖို့ အချိန်မရှိဘူးဆိုရင် ဟေကတော့ ကော်လံနဲ့ လက်အနားတွေကိုပဲ တိုက်ပြီး ဝတ်သွားတော့တယ်။ တကယ်လို့ ကိုယ်မီးပူတိုက်မယ့် အင်္ကျီက ကော်လံ မပါတာ၊ လက်ပြတ်မျိုးဆိုရင် အနားတွေကစပြီး ကျန်တာတွေကို မီးပူတိုက်လိုက်တယ်၊ ဥပမာ - ဟေတို့ အမြဲဝတ်ဝတ်နေတဲ့ ဂါဝန်အတိုလေးတွေလိုပေါ့။
နောက်ပြီး၊ မီးပူတိုက်ရ လွယ်ဖို့အတွက် အဝတ်လျှော်တဲ့အခါမှာ Fino လို Softener မျိုး သုံးပေးနော်။ ဟေကတော့၊ ဘယ်တော့ဖြစ်ဖြစ်၊ အဝတ်လျှော်တိုင်း Softener လေး သုံးရမှ ကျေနပ်တယ်။ ဒါမှ Softener အနံ့မွှေးမွှေးလေးနဲ့ မီးပူ တိုက်ထားလို့ အကျီလေးက သပ်သပ်ရပ်ရပ်ဖြစ်နေမယ်ဆိုရင် အရမ်းတွေကို ချစ်စရာကောင်းနေတော့မှာပါနော်။
AddThis is disabled because of cookie consent
Related Articles

Hay
ဂျင်းထည်တွေကိုသစ်လွင်တောက်ပအောင် သေချာလျှော်ကြမယ်။
ဟေလေးတို့က ဂျင်းတွေ ဝတ်ပါများလာတော့ သေချာထိန်းသိမ်းဖို့ မလိုလောက်ဘူးအထင်နဲ့ သေချာ မလျှော်ကြဘူးလေ။ ကြာတော့ ဂျင်းလေးတွေ သေချာလျှော်ရဲ့သားနဲ့ နည်းနည်းဟောင်းလာတာတို့ ဆွေးလာတာတို့ ဖြစ်လာတာမျိုး ကြုံရတယ်ဟုတ်။ ဒါဆို အခု ဟေလေးက ဂျင်းလေးတွေကို လက်နဲ့ပဲ ဘယ်လိုလျှော်မလဲဆိုတာ ရေးပြမယ်။

Hay
ကိုယ့်အိမ်အသစ်ကို သန့်စင်ရှင်းလင်းနေအောင် ဘယ်လို ထားသင့်သလဲ?
ဟေက ကျောင်းပြီးလို့ အလုပ်တဖက်နဲ့ ဖြစ်လာတော့၊ ကိုယ့်အခန်းနဲ့ ကိုယ်၊ ကိုယ်ခြေထောက်ပေါ် ကိုယ်ရပ်ဖို့ ဖြစ်လာရပြီလေ။ ကိုယ့်အခန်းနဲ့ ကိုယ်နေရတော့မှာဆိုတော့ တခန်းလုံးကို သန့်ရှင်းရေးလုပ်ဖို့ ကိုယ့်တာဝန်ဖြစ်လာတာပေါ့။ အခု ဟေ့လောလောဆယ် အသုံးပြုတဲ့အိမ်သန့်ရှင်းရေး နည်းလမ်းလေးတွေကို share မယ်နော်။

Hay, cleaning, hay
ရေဆင်းပေါက်ပိတ်တာကို လွယ်လွယ်ကူကူဖြေရှင်းမယ်
တစ်ခါတစ်လေ ကိုယ်က အပေါက်ပိတ်နေတာကို မသိလိုက်မိဘဲ ရေသုံးမိတာမျိုးဖြစ်တတ်တယ်။ အဲခါကျ ရေတွေ လျှံလာတာမျိုးတွေပါ ဖြစ်တတ်ကော။ စိတ်မပူပါနဲ့။ ဟေလေး အခုပြောပြမယ့် နည်းလမ်းလေးတွေကို စမ်းကြည့်မယ်နော်။

Hay
အဝတ်အစားတွေကို လက်နဲ့လျှော်ကြမယ်
ဟေလေးကို မေးမှာပေါ့။ အဝတ်လျှော်စက်တွေရှိနေတာ ဘာလို့လက်နဲ့လျှော်မှာလဲပေါ့။ ဟေလေးတို့ကျတော့ မြန်မာဝတ်စုံလေးတွေ ပိုးသားလေးတွေ ဆွဲသား ကတ္တီပါ အဲဒါမျိုးတွေတော့ လက်နဲ့လျှော်တော့ အရမ်းကြီး အင်္ကျီကိုမထိခိုက်တော့ဘူး။ အဲ ကျောက်တွေကပ်ထားတယ်ဆို ပိုတောင် ဂရုစိုက်ရသေးတယ်။ စက်နဲ့ ရောလျှော်မှ ပြုတ်ကုန်မှ အသည်းကွဲရဦးမယ်။ ဒါပေမယ့် အခု ဟေလေးပြောမယ့် လက်နဲ့လျှော်တဲ့အကြောင်း ကတော့ အားလုံးအဆင်ပြေမယ်လို့ ယုံကြည်တယ်။

Hay
အရောင်တောက်တောက် အင်္ကျီလေးတွေကြောင့် ယုံကြည်မှုတွေတိုးလာပြီပေါ့
အလုပ်ပဲသွားသွား၊ ပါတီတွေပဲသွားသွား၊ သာမန် တွေ့ဆုံပွဲမျိုးပဲသွားသွား၊ ကိုယ်နဲ့ လိုက်ဖက်တဲ့ အရောင်တောက်တောက်ကလေးတွေ၊ ဒါမှမဟုတ် အဖြူရောင် လွင်လွင်လေးတွေ ဝတ်ဖြစ်တယ်။ အဲဒီလိုဝတ်သွားရင် ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု ပြည့်တယ်လို့လည်း ခံစားရတယ်လေ။ ဒီတော့ အခု ပြောပြချင်တာက၊ အဝတ်အစား အဖြူရောင်တွေနဲ့ အဝတ်အစား အသစ်တွေကို အရောင်မကူးအောင် ဟေက ဘယ်လို လျှော်လဲ ဆိုတာပါ။

Hay, laundry, hay
ဘရာလေးတွေကို မပျက်စီးအောင်လျှော်ကြမယ်
Bra တစ်ထည်လျှော်တာလေ အင်္ကျီတစ်ထည်လျှော်တာထက် ပိုခက်တယ်နော်။ စက်နဲ့ လျှော်မယ်ဆို အင်္ကျီကလေ ဒီတိုင်း လုံးထွေးထည့်လိုက်ရင် ရတယ်ဆိုပေမယ့်လည်း Bra ကျတော့ ရေညှစ်တဲ့ အဆင့်ရောက်ရင် ချိတ်တွေ Bra ကြိုးတွေ ညှိကုန်တာနဲ့ အလုပ်တွေ ရှုပ်ကုန်ရော။ ဒါကြောင့်မို့ Bra ကို လက်နဲ့သေချာလေး အချိန်ပေးပြီး လျှော် တာအကောင်းဆုံးပါပဲနော်

Hay, cleaning, hay
Canvas ဖိနပ်လေးတွေကို သန့်ရှင်းအောင် ဘယ်လိုထိန်းသိမ်းမလဲ
ဟေလေးကတော့ အဲလို ကင်းဗတ်ဖိနပ်လေးတွေဆို ဝတ်ရတာ အရမ်းကြိုက်တာ။ အဖြုလေးတွေဆို အရမ်းလှ။ တစ်ခုရှိတာက အဖြူဆို လျှော်ရတယ်ပေါ့။ အဖြူမှ မဟုတ်ဘူး တခြားအရောင်လဲ လျှော်ရတာပါပဲ။ အဲ သူက အလျှော်မကောင်းရင် ဖိနပ်လေးတွေက နည်းနည်းပုံပျက်တာမျိူး၊ ဖိနပ်ကို သေချာအခြောက်မခံရင် မာသွားတာမျိုးတွေရှိတယ်။

Hay
အင်္ကျီမှာမိတ်ကပ်စွန်းရင် ဘယ်လို ပြန်ဖျက်မလဲ ..
မိတ်ကပ်လေး စွန်းတာကို အိမ်မှာ ထမင်းစား ဇွန်းရယ်၊ အရည်အသွေးကောင်းတဲ့ အီလန် တံဆိပ် ဆပ်ပြာမှုန့်ရယ် ရှိနေရုံနဲ့ အလွယ်တကူ ဖြေရှင်းလို့ရတဲ့နည်းလမ်းလေးတွေ့ပြီလေ။ အသာလေး အစွန်းချွတ်ပြီး၊ သေချာလျှော်၊ ပြီးရင် နေပူမှာ ပြန်လှန်းလိုက်ရင် အသစ်ကလေးလို ပြန်ဖြစ်သွားတယ်။ ကဲ အင်္ကျီမှာ မိတ်ကပ်တွေ စွန်းသွားရင် ဟေကဘယ်လို ပြန်လျှော်လဲဆိုရင်…

Hay, clothing-care, hay
အင်တာဗျူးဖြေဖို့အတွက် အဝတ်အစားကို ဘယ်လိုပြင်ဆင်ကြမလဲ
ဟေလေးတို့ များသောအားဖြင့် အင်တာဗျူးတစ်ခုဖြေဖို့ သွားမယ်ဆိုရင် အဝတ်အစားထက် ဖြေနိုင်ဖို့က အရေးကြီးတယ်လို့ ထင်တာများတယ်။ မှန်တော့မှန်ပေမယ့် ဟေလေးအနေနဲ့ ကိုယ့်ရဲ့ ဝတ်စားဆင်ယင်မှုက တစ်ဝက်လောက်တော့ဆိုင်တယ်။