
အင်တာဗျူးဖြေဖို့အတွက် အဝတ်အစားကို ဘယ်လိုပြင်ဆင်ကြမလဲ

မဟေသီ ရဲ့ ဟေလေးက အလုပ် အင်တာဗျူး ဖြေတဲ့အခါ ဘယ်လို ဝတ်ဆင်သင့်တယ်ဆိုတာကို ဒီတစ်ခါ ပြောပြသွားမှာဖြစ်ပါတယ်။
ဟေလေးတို့ များသောအားဖြင့် အင်တာဗျူးတစ်ခုဖြေဖို့ သွားမယ်ဆိုရင် အဝတ်အစားထက် ဖြေနိုင်ဖို့က အရေးကြီးတယ်လို့ ထင်တာများတယ်။ မှန်တော့မှန်ပေမယ့် ဟေလေးအနေနဲ့ ကိုယ့်ရဲ့ ဝတ်စားဆင်ယင်မှုက တစ်ဝက်လောက်တော့ဆိုင်တယ်။ သပ်သပ်ရပ်ရပ်လေး သန့်သန့်ပြန့်ပြန့်လေးနဲ့ ဆို အမှတ်တစ်ဝက်ကတော့ သေချာပါတယ်လို့။ ကဲပါ ဟေလေးက ဘာအချက်တွေကတော့ အရေးကြီးတယ်ဆိုတာကို ရှင်းပြမယ်နော်။
ဘယ်ကနေစပြီး ပြင်ဆင်သွားသင့်လဲဆိုတော့
၁။ သက်တောင့်သက်သာလဲရှိရမယ် စမတ်လဲကျရမယ်။
ဒါကတော့ ယောကျ်ားလေးကော မိန်းကလေးတွေနဲ့ကော ဆိုင်ပါတယ်။ ဥပမာ စမတ်တော့ ကျပါရဲ့ ကျပ်ထုပ်နေတာမျိူးဆိုလဲ အဆင်မပြေဘူးလေ။ သက်တောင့်သက်သာကျပေမယ့် ကိုးရိုးကားယား ဖြစ်နေလဲ အဆင်ကမပြေပြန်ဘူး။ ဒါကြောင့် နှစ်ခုလုံး အဆင်ပြေတာတော့ နည်းနည်းတော့ ဖန်တီးရမှာပေါ့။ ဒါက လွယ်ပါတယ်။ ကိုယ်နဲ့လဲ အဆင်ပြေနေကျ ဝတ်နေကျထဲကမှ သက်တောင့်သက်သာ ဖြစ်တဲ့ အတွဲအစပ်ကို သေချာလေးတော့ ရွေးဖို့တော့လိုမယ်နော်။
၂။ သန့်ရှင်းတဲ့ အဝတ်အထည်တွေကို ရွေးချယ်ရမယ်။
ယူတို့တွေ အပေါ်က စတိုင်ကျနေတာတွေကို ရွေးပြီးပြီပဲဆိုဦး။ အဲအဝတ်တွေ က ညစ်ပတ်နေလို့ မရဘူးနော်။ အဲခါကျ သေချာလျှော်ဖို့က လိုလာပြန်ကော။ ဟေလေးက E-Lan က Pure Scent ပန်းရောင်လေးကို သုံးတယ်။ အဝတ်တွေကို လျှော်တဲ့အခါ သန့်ရှင်းသွားရုံတင်မကဘူး တစ်ခုထူးခြားတာ Scent Burst နည်းပညာဆိုတာပါတော့ သူက အမွှေးပါတဲ့ Capsules တွေက အဝတ်တွေ ပွတ်တိုက်လိုက်တိုင်း မွှေးတာဆိုတော့ အဝတ်အစားတွေက ဖြူဖြူသန့်သန့်လေးနဲ့ မွှေးနေကော။
၃။ ကြိုတင်ပြင်ဆင်ဦးနော်။
ဘာတွေလဲ သိလား။ ယူတို့တွေ မွှေးနေပြီဆိုတာနဲ့ အပြင်တန်းသွားလို့မရသေးဘူး။ အဝတ်အစားတွေကို မီးပူသေချာတိုက်။ ယူရမယ့် စာရွက်စာတမ်းတွေကိုလဲ မမေ့နဲ့ဦးနော်။ စိတ်တွေကို အရမ်းမလှုပ်ရှားပဲ ဘာမေးမေး ဖြေနိုင်အောင်လဲ ပြင်ဆင်သွားကျဦး။
အဝတ်အစားလှလှလေးနဲ့ သပ်သပ်ရပ်ရပ်ဝတ်ဆင်တာ အလုပ်အင်တာဗျူးမှာ အမှတ်ပြည့်ရမယ်လို့ မပြောနိုင်ပေမယ့် တစ်ဖက်တစ်လမ်းက ကိုယ်က သေချာ အဝတ်အစားကအစ ပြင်ဆင်လာတယ်ဆိုရင်တော့ အားလုံးက သဘောကျမှာပါပဲနော်။ ဟေလေးကတော့ ဘာပဲဖြစ်ဖြစ် အဝတ်အစား သန့်ရှင်းသပ်ရပ်တာနဲ့ ကိုယ့်ကိုယ်ကို ယုံကြည်မှုရှိနေတာက တိုက်ရိုက်အချိုးကျတယ်ဆိုတော့လေ ဘာပဲမေးမေး ဖြေနိုင်အောင် သေချာပြင်ဆင်သွားတာများတယ်။
အခုဆို ဟေလေး ပေးတဲ့ အဝတ်အစားနဲ့ပတ်သတ်တဲ့ Tips and Tricks တွေကို ဖတ်ကြည့်ပြီး ဘာတွေပြင်ဆင်သင့်လဲဆိုတာ အားလုံးလဲ သိမယ်လို့ မျှော်လင့်ပါတယ်နော်။ အားလုံးပဲ Good Luck ကံကောင်းကြပါစေ။
ချစ်တဲ့ မဟေသီရဲ့ ဟေလေး။
AddThis is disabled because of cookie consent
Related Articles

Hay
ဂျင်းထည်တွေကိုသစ်လွင်တောက်ပအောင် သေချာလျှော်ကြမယ်။
ဟေလေးတို့က ဂျင်းတွေ ဝတ်ပါများလာတော့ သေချာထိန်းသိမ်းဖို့ မလိုလောက်ဘူးအထင်နဲ့ သေချာ မလျှော်ကြဘူးလေ။ ကြာတော့ ဂျင်းလေးတွေ သေချာလျှော်ရဲ့သားနဲ့ နည်းနည်းဟောင်းလာတာတို့ ဆွေးလာတာတို့ ဖြစ်လာတာမျိုး ကြုံရတယ်ဟုတ်။ ဒါဆို အခု ဟေလေးက ဂျင်းလေးတွေကို လက်နဲ့ပဲ ဘယ်လိုလျှော်မလဲဆိုတာ ရေးပြမယ်။

Hay
ကိုယ့်အိမ်အသစ်ကို သန့်စင်ရှင်းလင်းနေအောင် ဘယ်လို ထားသင့်သလဲ?
ဟေက ကျောင်းပြီးလို့ အလုပ်တဖက်နဲ့ ဖြစ်လာတော့၊ ကိုယ့်အခန်းနဲ့ ကိုယ်၊ ကိုယ်ခြေထောက်ပေါ် ကိုယ်ရပ်ဖို့ ဖြစ်လာရပြီလေ။ ကိုယ့်အခန်းနဲ့ ကိုယ်နေရတော့မှာဆိုတော့ တခန်းလုံးကို သန့်ရှင်းရေးလုပ်ဖို့ ကိုယ့်တာဝန်ဖြစ်လာတာပေါ့။ အခု ဟေ့လောလောဆယ် အသုံးပြုတဲ့အိမ်သန့်ရှင်းရေး နည်းလမ်းလေးတွေကို share မယ်နော်။

Hay, cleaning, hay
ရေဆင်းပေါက်ပိတ်တာကို လွယ်လွယ်ကူကူဖြေရှင်းမယ်
တစ်ခါတစ်လေ ကိုယ်က အပေါက်ပိတ်နေတာကို မသိလိုက်မိဘဲ ရေသုံးမိတာမျိုးဖြစ်တတ်တယ်။ အဲခါကျ ရေတွေ လျှံလာတာမျိုးတွေပါ ဖြစ်တတ်ကော။ စိတ်မပူပါနဲ့။ ဟေလေး အခုပြောပြမယ့် နည်းလမ်းလေးတွေကို စမ်းကြည့်မယ်နော်။

Hay
အဝတ်အစားတွေကို လက်နဲ့လျှော်ကြမယ်
ဟေလေးကို မေးမှာပေါ့။ အဝတ်လျှော်စက်တွေရှိနေတာ ဘာလို့လက်နဲ့လျှော်မှာလဲပေါ့။ ဟေလေးတို့ကျတော့ မြန်မာဝတ်စုံလေးတွေ ပိုးသားလေးတွေ ဆွဲသား ကတ္တီပါ အဲဒါမျိုးတွေတော့ လက်နဲ့လျှော်တော့ အရမ်းကြီး အင်္ကျီကိုမထိခိုက်တော့ဘူး။ အဲ ကျောက်တွေကပ်ထားတယ်ဆို ပိုတောင် ဂရုစိုက်ရသေးတယ်။ စက်နဲ့ ရောလျှော်မှ ပြုတ်ကုန်မှ အသည်းကွဲရဦးမယ်။ ဒါပေမယ့် အခု ဟေလေးပြောမယ့် လက်နဲ့လျှော်တဲ့အကြောင်း ကတော့ အားလုံးအဆင်ပြေမယ်လို့ ယုံကြည်တယ်။

Hay
အရောင်တောက်တောက် အင်္ကျီလေးတွေကြောင့် ယုံကြည်မှုတွေတိုးလာပြီပေါ့
အလုပ်ပဲသွားသွား၊ ပါတီတွေပဲသွားသွား၊ သာမန် တွေ့ဆုံပွဲမျိုးပဲသွားသွား၊ ကိုယ်နဲ့ လိုက်ဖက်တဲ့ အရောင်တောက်တောက်ကလေးတွေ၊ ဒါမှမဟုတ် အဖြူရောင် လွင်လွင်လေးတွေ ဝတ်ဖြစ်တယ်။ အဲဒီလိုဝတ်သွားရင် ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု ပြည့်တယ်လို့လည်း ခံစားရတယ်လေ။ ဒီတော့ အခု ပြောပြချင်တာက၊ အဝတ်အစား အဖြူရောင်တွေနဲ့ အဝတ်အစား အသစ်တွေကို အရောင်မကူးအောင် ဟေက ဘယ်လို လျှော်လဲ ဆိုတာပါ။

Hay, laundry, hay
ဘရာလေးတွေကို မပျက်စီးအောင်လျှော်ကြမယ်
Bra တစ်ထည်လျှော်တာလေ အင်္ကျီတစ်ထည်လျှော်တာထက် ပိုခက်တယ်နော်။ စက်နဲ့ လျှော်မယ်ဆို အင်္ကျီကလေ ဒီတိုင်း လုံးထွေးထည့်လိုက်ရင် ရတယ်ဆိုပေမယ့်လည်း Bra ကျတော့ ရေညှစ်တဲ့ အဆင့်ရောက်ရင် ချိတ်တွေ Bra ကြိုးတွေ ညှိကုန်တာနဲ့ အလုပ်တွေ ရှုပ်ကုန်ရော။ ဒါကြောင့်မို့ Bra ကို လက်နဲ့သေချာလေး အချိန်ပေးပြီး လျှော် တာအကောင်းဆုံးပါပဲနော်

Hay, cleaning, hay
Canvas ဖိနပ်လေးတွေကို သန့်ရှင်းအောင် ဘယ်လိုထိန်းသိမ်းမလဲ
ဟေလေးကတော့ အဲလို ကင်းဗတ်ဖိနပ်လေးတွေဆို ဝတ်ရတာ အရမ်းကြိုက်တာ။ အဖြုလေးတွေဆို အရမ်းလှ။ တစ်ခုရှိတာက အဖြူဆို လျှော်ရတယ်ပေါ့။ အဖြူမှ မဟုတ်ဘူး တခြားအရောင်လဲ လျှော်ရတာပါပဲ။ အဲ သူက အလျှော်မကောင်းရင် ဖိနပ်လေးတွေက နည်းနည်းပုံပျက်တာမျိူး၊ ဖိနပ်ကို သေချာအခြောက်မခံရင် မာသွားတာမျိုးတွေရှိတယ်။

Hay
အင်္ကျီမှာမိတ်ကပ်စွန်းရင် ဘယ်လို ပြန်ဖျက်မလဲ ..
မိတ်ကပ်လေး စွန်းတာကို အိမ်မှာ ထမင်းစား ဇွန်းရယ်၊ အရည်အသွေးကောင်းတဲ့ အီလန် တံဆိပ် ဆပ်ပြာမှုန့်ရယ် ရှိနေရုံနဲ့ အလွယ်တကူ ဖြေရှင်းလို့ရတဲ့နည်းလမ်းလေးတွေ့ပြီလေ။ အသာလေး အစွန်းချွတ်ပြီး၊ သေချာလျှော်၊ ပြီးရင် နေပူမှာ ပြန်လှန်းလိုက်ရင် အသစ်ကလေးလို ပြန်ဖြစ်သွားတယ်။ ကဲ အင်္ကျီမှာ မိတ်ကပ်တွေ စွန်းသွားရင် ဟေကဘယ်လို ပြန်လျှော်လဲဆိုရင်…

Hay
မီးပူဘယ်လို တိုက်ကြမလဲ
ဟေကတော့ အပြင်ထွက်ရင်၊ အမြန်လိုနေရင်တောင်မှ တတ်နိုင်သမျှ ပြင်ဆင်ပြီးမှ ထွက်ဖြစ်ပါတယ်။ ကိုယ်က မိတ်ကပ်တွေ ဘာတွေ မလိမ်းဖြစ်ဘူးဆိုရင်တောင်မှ၊ အဝတ်အစား သပ်သပ်ရပ်ရပ်ကလေးနဲ့ အမြဲသွားတယ်။ ဒီတော့ ဟေက အဝတ်အစားတွေဆိုရင် မီးပူတိုက်ပြီးမှ ဝတ်တာပေါ့။