အင်္ကျီချိုင်းအောက်က အစွန်းအထင်းကို ဘယ်လို ချွတ်မလဲ?

ညီမလေးတို့အားလုံး ကြုံဖူးကြမှာပါ၊ တို့တွေကိုယ်ကနေ ချွေးလည်း သိပ်မထွက်ပဲ ကိုယ်ကြိုက်တဲ့ အဖြူရောင် အင်္ကျီလေးရဲ့ ချိုင်းနေရာမှာ အဝါရောင် အစွန်း ထင်လာတာမျိုးလေ။ ကိုယ်ကြိုက်တဲ့ အင်္ကျီလေး စွန်းသွားတော့ စိတ်မကောင်း ဖြစ်ရတာပေါ့လေ။ ကိစ္စမရှိပါဘူး၊ မမ လည်း ငယ်ငယ်က ဒါမျိုးခဏခဏ ကြုံတယ်။ ကျောင်းကနေ အပြန်ပေါ့၊ ပထမတော့ သတိမထားမိဘူး။ ဘတ်စ်ကားစီးတော့မှ သိတယ်၊ တို့သူငယ်ချင်းက သတိပေးတာ ဆိုတော့၊ သိပ်တော့ အရှက်မကွဲသွားဘူးပေါ့။ အဲ့ဒီ အစွန်းကို အိမ်ရောက်တာနဲ့ မီးဖိုချောင်ထဲမှာ ရှိတဲ့ ပစ္စည်းလေးတွေနဲ့ မမကတော့ ဖြေရှင်းခဲ့တာပဲ။ အခုတော့၊ ဒီနည်းလမ်းလေးကို မျှဝေဖို့ အခွင့်ကြုံလာပြီပေါ့။
အင်္ကျီချိုင်းမှာ အဝါရောင် အစွန်းကွက် ဖြစ်တာမျိုးက၊ အဓိက ကတော့ ချိုင်းချွေးနံ့ ပျောက်အောင် သုံးတဲ့ ချိုင်းလိမ်းဆေးတို့၊ ဘော်ဒီစပရေးတို့ကြောင့် အဓိက ဖြစ်တာပါ။ ချွေးထွက်လာတဲ့အခါမှာ ဒီ အလူမီနီယံပါတဲ့ ချိုင်းချွေးနံ့ပျောက်ဆေးက ချွေးနဲ့ ဓာတ်ပြုပြီး အင်္ကျီမှာ အဝါရောင် အစွန်းကွက် ပေါ်လာတာပေါ့။ မမက အခု၊ ဒီအင်္ကျီချိုင်းအောက်က အစွန်းကွက်ကို ပြောင်သွားအောင် ဘယ်လို နည်းနဲ့ ချွတ်ရမလဲ ဆိုတာ မမက မျှဝေပေးမှာပါ။
၁။ Win ဆပ်ပြာရည်နဲ့ ရေကို ရောသမမွှေပါ။
၂။ ပြီးရင်တော့ အဝါရောင် အစွန်းကွက် ဖြစ်နေတဲ့ အင်္ကျီချိုင်းအောက်မှာသုတ်လိမ်းပြီး ၅ မိနစ် ၁၀ မိနစ်လောက် ထားပါ။
၃။ ပြီးရင်တော့ ပုံမှန် လျှော်နည်းအတိုင်း လက်နဲ့ဖြစ်ဖြစ်၊ စက်နဲ့ ဖြစ်ဖြစ်လျှော်နိုင်ပါပြီ။
၄။ လျှော်တဲ့အခါမှာလည်း Fabric Softener (မမ ကတော့ Fino တံဆိပ် သုံးဖြစ်တယ်။) လေး သုံးဖို့ မမေ့ပါနဲ့။ ဒါမှ အစွန်းအထင်း ပျောက်ပြီး မွှေးပျံ့တဲ့ အနံ့လေးနဲ့ အင်္ကျီအသစ်ကလေး လို ဖြစ်သွားမှာပါ။
မှတ်ချက် :
၁။ အင်္ကျီချိုင်းမှာ အစွန်းအထင်း (အဝါရောင်၊ အမည်းရောင်) ဖြစ်လာတာနဲ့လျှော်ဖို့ လိုအပ်ပါတယ်။ သာမာန်လျှော်ဖွပ်လာရင်း ကြာတော့မှလျှော်မယ်ဆိုရင် အစွန်းကျွတ်သွားအောင်ထိ လျှော်ဖို့ ခက်ပါလိမ့်မယ်။
၂။ အင်္ကျီလျှော်တိုင်း ချိုင်းနေရာကို သတိထားပြီး လျှော်မယ်ဆိုရင် အစွန်းအထင်း ဖြစ်လာမှာ မဟုတ်ပါဘူး။
၃။ အထူးသဖြင့် ချွေးထွက်များတဲ့သူတွေက တစ်နေကုန် ဒီအင်္ကျီပဲ ဝတ်ရတာ ဆိုတော့၊ လျှော်တဲ့အခါမှာလည်း ချိုင်းနေရာကို ဆပ်ပြာနည်းနည်းပိုထည့်ပါ။ ရေနဲ့အရင်စိမ်ပြီးမှ လျှော်မယ်ပိုအဆင်ပြေပါတယ်။
ကဲ .. ဒီလောက်ဆိုရင်တော့ မမ ပြောပြတာ ပြည့်စုံလောက်ပါပြီ။ အစွန်းအထင်းကင်းပြီး အင်္ကျီမွှေးမွှေးလေးနဲ့ လှနိုင်ပနိုင်ကြပါစေနော်။ နောက်ပြီး ဘတ်စ်ကားစီးတော့လည်း အပေါ်က တန်းကို ရဲရဲဝံ့ဝံ့နဲ့ ကိုင်လို့ ရပြီပေါ့။ လူကြား၊ သူကြားထဲမှာလည်း ယုံကြည်ချက်အပြည့်နဲ့ သွားလာနိုင်ကြပါစေလို့၊ မမက ဆုတောင်းပေးပါတယ်။
AddThis is disabled because of cookie consent
Related Articles

Hay
How to wash Jeans
ဟေလေးတို့က ဂျင်းတွေ ဝတ်ပါများလာတော့ သေချာထိန်းသိမ်းဖို့ မလိုလောက်ဘူးအထင်နဲ့ သေချာ မလျှော်ကြဘူးလေ။ ကြာတော့ ဂျင်းလေးတွေ သေချာလျှော်ရဲ့သားနဲ့ နည်းနည်းဟောင်းလာတာတို့ ဆွေးလာတာတို့ ဖြစ်လာတာမျိုး ကြုံရတယ်ဟုတ်။ ဒါဆို အခု ဟေလေးက ဂျင်းလေးတွေကို လက်နဲ့ပဲ ဘယ်လိုလျှော်မလဲဆိုတာ ရေးပြမယ်။

Thi, thi, kitchen
How to get rid of ants
ကျွန်မမှာ ဒီပုရွက်ဆိတ်တွေကို ရိုးရိုးရှင်းရှင်းနဲ့ ဖြေရှင်းနိုင်မယ့် နည်းလမ်းရှိပါတယ်။ ဒီနည်းလမ်းမှာ အဆင့် (၃) ဆင့်ပါဝင်ပါတယ်။ ဒီအဆင့်တွေအတိုင်း လုပ်ကြည့်မယ်ဆိုရင် ပုရွက်ဆိတ်တွေကို အလျင်မြန်ဆုံး မီးဖိုချောင်ထဲကနေ မော င်းထုတ်နိုင်မှာပါ။

how to clean the dishes fast and easy way
အိုးခွက်ပန်းကန်တွေအများကြီးဆေးရမယ်ဆိုရင် စိတ်ညစ်ပြီး မဆေးချင်တဲ့သူတွေရှိရင် လက်ညှိုးထောင်! အဲ့ဒီလိုဘဝတူတွေအတွက် “ဟေ” ကနေ နည်းလမ်းတစ်ချို့ကို မျှဝေပေးချင်ပါတယ်။

Thi, cleaning, MR-CARE
how to stay healthy by keeping your home clean
အခုလို ရောဂါပိုးကူးစက်မှုများပြားနေတဲ့အချိန်မှာ ကိုယ့်အတွက်ရော၊ ကိုယ့်မိသားစုအတွက်ပါ ကျန်းကျန်းမာမာ နေထိုင်ဖို့ ရိုးရှင်းလွယ်ကူတဲ့နည်းလမ်းလေးတွေ မျှဝေပေးချင်ပါတယ်။

For the mother who likes white and clean clothes only
ကျောင်းအင်္ကျီအဖြူက အရမ်း ညစ်ထေးနေတယ်ဆိုရင်တော့ ကျွန်မက လက်နဲ့လျှော်ပြီး သိပ်ပြီး မညစ်ပတ်ဘူးဆိုရင်တော့ စက်နဲ့ လျှော်ဖြစ်ပါတယ်။ အခု ကျွန်မရဲ့ အဝတ်လျှော် နည်းလမ်းလေးကို မျှဝေပေးချင်ပါတယ်။ ကျွန်မလို အဆော့မက်တဲ့ သားလေးကို ပိုင်ဆိုင်ထားတဲ့ မေမေတွေအတွက် လုံးဝ အသုံးဝင်မှာပါနော်။

Thi
How to clean your kid's water bottle
ကျွန်မကတော့ သားလေး ကျောင်းက ပြန်လာလို့ သူ့ရဲ့ ထမင်းဘူးတွေ ဆေးတဲ့အခါတိုင်း ရေဘူးကိုပါ တစ်ပါတည်း ဆေးလေ့ရှိပါတယ်။ ပြီးရင် သေချာတဲ့နေရာတစ်ခုမှာ သိမ်းထားလိုက်ပါတယ်။ နောက်နေ့ မနက် ကျောင်းသွားတဲ့ အခါတိုင်း သန့်ရှင်းသပ်ရပ်တဲ့ ရေဘူးလေးနဲ့ သောက်စေချင်လို့ပဲ ဖြစ်ပါတယ်။ သူတို့ ရေဘူးက လူကြီးတွေ သောက်တဲ့ ရေဘူးနဲ့ မတူတဲ့အတွက် ပြီးပြီးရော ဆေးလို့ မဖြစ်ပါဘူး။ အဖွင့်၊ အပိတ်တွေ၊ ပိုက်တွေပါ ပါတဲ့အတွက် အားလုံး ဖြုတ်ပြီး ဆေးရပါတယ်။ ဒါမှ ရောဂါပိုးမွှားကင်းစင်မှာပါ။ ဒီအောက်မှာ ပြောပြထားတာကတော့ ကျွန်မ သားလေးရဲ့ ရေဘူးကို ဆေးပေးတဲ့ နည်းလမ်း အဆင့်ဆင့်ပါပဲ။
Ma
How to clean wooden floor
မမရဲ့ အိမ်က ဖေဖေ၊ မေမေတို့ လက်ထက်ကတည်းကဆိုတော့ နွေဖက်တွေဆိုလည်း အေးအေးလူလူရှိဖို့ သစ်သားကြမ်းခင်းတွေကို ခင်းခဲ့ကြတယ် ထင်ပါရဲ့။ သစ်သားကြမ်းခင်း တွေဟာ ရာသီဥတုဒဏ်ကြောင့် ဆွေးမြေ့တတ်သလို၊ သန့်ရှင်းရေး ခဏခဏ လုပ်ပြန်ရင်လည်း ဆွေးမြေ့လာတတ်လို့ တော်တော်လေးကို သတိနဲ့ လုပ်ဖို့လိုပါတယ်။ ဒါကြောင့် ဒီနေ့မှာတော့ မမက သစ်သားကြမ်းခင်းတွေကို ဘယ်လိုသန့်ရှင်းရမလဲ ပြောပြပေးသွားပါမယ်။

cleaning, Thi, thi
How to clean tiled floor
ကြွေပြားသန့်ရှင်းတဲ့အခါ အသုံးပြုရတဲ့ ကြေးချွတ်ဆေးတွေက အင်မတန်မှ အစွမ်းထက်တဲ့အတွက် အချိန်တိုအတွင်း ပြောင်လက်သွားအောင် သန့်ရှင်းနိုင်ပါတယ်။ ကျွန်မ ပြောပြမယ့် ဒီ (၆) ချက်ကိုပါ သိထားမယ်ဆိုရင်တော့ ကြွေပြားသန့်ရှင်းတာက ပိုထိရောက်ပြီး တကယ့်ကို အချိန်တိုတိုနဲ့ ပြောင်လက်နေအောင် သန့်ရှင်းနိုင်မှာ ဖြစ်ပါတယ်။

Hay
How to clean your new apartment
ဟေက ကျောင်းပြီးလို့ အလုပ်တဖက်နဲ့ ဖြစ်လာတော့၊ ကိုယ့်အခန်းနဲ့ ကိုယ်၊ ကိုယ်ခြေထောက်ပေါ် ကိုယ်ရပ်ဖို့ ဖြစ်လာရပြီလေ။ ကိုယ့်အခန်းနဲ့ ကိုယ်နေရတော့မှာဆိုတော့ တခန်းလုံးကို သန့်ရှင်းရေးလုပ်ဖို့ ကိုယ့်တာဝန်ဖြစ်လာတာပေါ့။ အခု ဟေ့လောလောဆယ် အသုံးပြုတဲ့အိမ်သန့်ရှင်းရေး နည်းလမ်းလေးတွေကို share မယ်နော်။
ma, Ma, cleaning, MR-CARE
How to clean squatting toilet
မမတို့ အိမ်က မမရဲ့ ဖေဖေ၊ မေမေ လက်ထက်ကတည်းက ထားခဲ့တဲ့ အိမ်ဆိုတော့ တချို့နေရာလေးတွေမှာ မြန်မာဆန်ဆန်ပဲ ရှိနေပါတယ်။ ဒီတော့ အိမ်က အိမ်သာကလည်း မြန်မာအိမ်သာပါပဲ၊ ထိုင်ပြီး သွားရတဲ့ ပုံစံမျိုးပါ။

cleaning, Thi, thi
How to clean moulds in wardrode
အဝတ်ဗီရိုမှာ မှိုစွဲတာက ကြောက်ဖို့ ကောင်းတယ်နော်။ ဗီရိုမှာ မှိုစွဲတာကို မသိပဲ အဝတ်တွေ ဆက်ထားထားမယ်ဆိုရင် အဝတ်အစားတွေထိပါ မှိုတွေက ကူးသွားပြီး ပျက်စီးသွားနိုင်ပါတယ်။

Ma, WIN
How to make whites whiter
မမက အင်္ကျီဖြူတွေဆိုရင် တတ်နိုင်သမျှ လက်နဲ့ပဲ သေသေချာချာ လျှော်ဖြစ်တယ်။ လက်နဲ့ လျှော်ရင်တော့ သူက အသစ်ကလေးလိုပဲ အမြဲတမ်း ဖြစ်နေရော။ လျှော်နည်းလည်း သိဖို့လိုတာပေါ့နော်။ အခု မမက .. အဲဒီလို အင်္ကျီဖြူလေးက အမြဲတမ်း အသစ်ကလေးလို ဖြစ်အောင် လျှော်ဖွပ်နည်းလေး မျှဝေပေးချင်ပါတယ်

laundry, Thi, thi
How to wash teddy bear
အမြဲတမ်းတော့ အရုပ်တစ်ခုလုံးကို သန့်ရှင်းပေးနေဖို့ မလိုပါဘူး။ ဒါပေမယ့် ကလေးတွေက အဆော့မက်တော့ အရုပ်ရဲ့ အချို့နေရာတွေမှာ ညစ်ပတ်နေတတ်ပါတယ်။ ဥပမာ - ရေခဲမုန့်စားနေရင်း အရုပ်မှာ ရေခဲမုန့် ပေသွားတာမျိုးပေါ့။ အဲဒီလိုမျိုး ဖြစ်သွားပြီဆိုရင် …

Thi, kitchen, thi
How to clean microwave
Microwave ကို မသန့်ရှင်းဘဲ ဆက်တိုက် အသုံးပြုမယ်ဆိုရင် Microwave အတွင်းနံရံအနံ့မှာ အဆီတွေ ဝေ့ပြီး ချေးကွက်တွေ ဖြစ်လာတတ်ပါတယ်။ အဲဒီကနေ ဘက်တီးရီးယားတွေ ဖြစ်လာနိုင်ပြီး အစားအစာတွေထိ ပါလာနိုင်ပါတယ်။

Thi, thi, kitchen
How to wash kid's shoes with hands
ဖိနပ်ကို မဆေးကြောခင်မှာ၊ ဖိနပ်မှာပါတဲ့ Label ကို ဖတ်ပြီး ဆေးလို့ ရ၊ မရ သေချာပြီဆိုမှ ဆေးတာ အကောင်းဆုံးပါပဲ။ အခု ကျွန်မ ပြောပြမယ့် Sport Shoes ဆေးတဲ့နည်းကတော့ အင်မတန်မှ ရိုးရှင်းပြီး လွယ်ပါတယ်နော်။

Hay, cleaning, hay
How to solve drainage easily
တစ်ခါတစ်လေ ကိုယ်က အပေါက်ပိတ်နေတာကို မသိလိုက်မိဘဲ ရေသုံးမိတာမျိုးဖြစ်တတ်တယ်။ အဲခါကျ ရေတွေ လျှံလာတာမျိုးတွေပါ ဖြစ်တတ်ကော။ စိတ်မပူပါနဲ့။ ဟေလေး အခုပြောပြမယ့် နည်းလမ်းလေးတွေကို စမ်းကြည့်မယ်နော်။

Consumer Promotion for 465g
E-LAN ပန်းကန်ဆေး ဆပ်ပြာရည် 465g size ဘူးတစ်ဘူး ဝယ်တိုင်း ၁၀၀ ကျပ်လျှော့စျေးရနိုင်မယ့် အခွင့်အရေးလေးပဲ ဖြစ်ပါတယ်။ E-LAN ပန်းကန်ဆေး ဆပ်ပြာရည် 465g ဘူးတိုင်းမှာ “ဤ Sticker ပါသော Label နှင့် လဲလှယ်ပြီး ၁၀၀ ကျပ် လျှော့စျေးရယူပါ” ဆိုတဲ့ အနီရောင် sticker အဝိုင်းလေးတွေပါလာမှာ ဖြစ်ပါတယ်။ အဲ့ဒီဘူးလေးတွေ ဝယ်ပြီးတာနဲ့ ဆိုင်မှာပဲ အဲ့ဒီ အနီရောင် sticker ပါတဲ့ E-LAN ပန်းကန်ဆေးဆပ်ပြာရည် ရဲ့ Label အပတ်လေးကို ဆိုင်ရှင်ဆီ ပေးခဲ့ရမှာ ဖြစ်ပါတယ်။ အဲ့ဒါဆို ဆိုင်ရှင်ကနေ မှ အဲ့ဒီ ဘူးရဲ့ သူတို့ ပုံမှန်ရောင်းနေကျ စျေးကနေ ၁၀၀ ကျပ် လျှော့ပေးမှာ ဖြစ်ပါတယ်။ ပရိုမိုးရှင်း ကာလကတော့ မတ်လကနေ မေလကုန် အထိပဲ ဆိုင်တွေမှာ လဲလို့ရမှာ ဖြစ်ပါတယ်။ မေ ၃၁ ရက် နောက်ပိုင်းမှာတော့ ဆိုင်ရှင်တွေကနေ လျှော့စျေးပေးပြီး Label နဲ့ လဲလှယ်တာကို လုပ်ပေးတော့မှာ မဟုတ်ပါဘူးနော်။ အဲ့ဒါကြောင့် အခုပဲ အချိန်ကုန် သက်သာပြီး ဆီတွေ လွယ်လွယ်ရှင်း အကြွင်းအကျန်ကင်းစေတဲ့ E-LAN ပန်းကန်ဆေး ဆပ်ပြာရည် လေးကို လျှော့စျေးရနေတဲ့ အချိန်မှာ အမြန်ပဲ ပြေးပြီး နီးစပ်ရာ ဆိုင်တွေမှာ သွားဝယ်လိုက်ကြရအောင်နော်။

Hay
How to do handwash to your clothes
ဟေလေးကို မေးမှာပေါ့။ အဝတ်လျှော်စက်တွေရှိနေတာ ဘာလို့လက်နဲ့လျှော်မှာလဲပေါ့။ ဟေလေးတို့ကျတော့ မြန်မာဝတ်စုံလေးတွေ ပိုးသားလေးတွေ ဆွဲသား ကတ္တီပါ အဲဒါမျိုးတွေတော့ လက်နဲ့လျှော်တော့ အရမ်းကြီး အင်္ကျီကိုမထိခိုက်တော့ဘူး။ အဲ ကျောက်တွေကပ်ထားတယ်ဆို ပိုတောင် ဂရုစိုက်ရသေးတယ်။ စက်နဲ့ ရောလျှော်မှ ပြုတ်ကုန်မှ အသည်းကွဲရဦးမယ်။ ဒါပေမယ့် အခု ဟေလေးပြောမယ့် လက်နဲ့လျှော်တဲ့အကြောင်း ကတော့ အားလုံးအဆင်ပြေမယ်လို့ ယုံကြည်တယ်။

Ma
How to get rid of mice in your house
မမရဲ့ အိမ်က မြေညီထပ်ဆိုတော့ တခြားအထပ်တွေထပ် ကြွက်ကအိမ်ထဲကို ပိုဝင်တတ်တယ်။ အိမ်မှာကလဲ ကလေးတွေရှိတော့ ဝင်ပြီဟေ့ဆို အရမ်းကိုစိတ်ညစ်ရပါတယ်။ ဒီတော့ သောင်းကျန်းနေတဲ့ ကြွက်တွေကို ဖမ်းဖို့ မမ ရဲ့ ကြွက်ထောင်ချောက် လုပ်တဲ့နည်းလမ်းလေးကို ပြန်ပြီး ပြောပြပေးမယ်နော်။

Hay
Bright clothes can boost your confidence
အလုပ်ပဲသွားသွား၊ ပါတီတွေပဲသွားသွား၊ သာမန် တွေ့ဆုံပွဲမျိုးပဲသွားသွား၊ ကိုယ်နဲ့ လိုက်ဖက်တဲ့ အရောင်တောက်တောက်ကလေးတွေ၊ ဒါမှမဟုတ် အဖြူရောင် လွင်လွင်လေးတွေ ဝတ်ဖြစ်တယ်။ အဲဒီလိုဝတ်သွားရင် ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု ပြည့်တယ်လို့လည်း ခံစားရတယ်လေ။ ဒီတော့ အခု ပြောပြချင်တာက၊ အဝတ်အစား အဖြူရောင်တွေနဲ့ အဝတ်အစား အသစ်တွေကို အရောင်မကူးအောင် ဟေက ဘယ်လို လျှော်လဲ ဆိုတာပါ။

Hay, laundry, hay
How to wash Bras
Bra တစ်ထည်လျှော်တာလေ အင်္ကျီတစ်ထည်လျှော်တာထက် ပိုခက်တယ်နော်။ စက်နဲ့ လျှော်မယ်ဆို အင်္ကျီကလေ ဒီတိုင်း လုံးထွေးထည့်လိုက်ရင် ရတယ်ဆိုပေမယ့်လည်း Bra ကျတော့ ရေညှစ်တဲ့ အဆင့်ရောက်ရင် ချိတ်တွေ Bra ကြိုးတွေ ညှိကုန်တာနဲ့ အလုပ်တွေ ရှုပ်ကုန်ရော။ ဒါကြောင့်မို့ Bra ကို လက်နဲ့သေချာလေး အချိန်ပေးပြီး လျှော် တာအကောင်းဆုံးပါပဲနော်
Thi, thi, kitchen
How to remove fish smell
အခု ကျွန်မ ပြောပြတဲ့ အဆင့်လေးတွေ အတိုင်း လိုက်လုပ်ကြည့်ရင် ကိုယ့်ရဲ့ မီးဖိုချောင်လေးက အနံ့အသက် ကင်းစင်ပြီး (ကျွန်မ ပြောချင်တဲ့) ကျန်းမာရေးနဲ့ ညီညွတ်တဲ့ မီးဖိုးချောင်လေး ဖြစ်မှာ အသေအချာပါပဲ။

Hay, cleaning, hay
How to clean canvas shoes
ဟေလေးကတော့ အဲလို ကင်းဗတ်ဖိနပ်လေးတွေဆို ဝတ်ရတာ အရမ်းကြိုက်တာ။ အဖြုလေးတွေဆို အရမ်းလှ။ တစ်ခုရှိတာက အဖြူဆို လျှော်ရတယ်ပေါ့။ အဖြူမှ မဟုတ်ဘူး တခြားအရောင်လဲ လျှော်ရတာပါပဲ။ အဲ သူက အလျှော်မကောင်းရင် ဖိနပ်လေးတွေက နည်းနည်းပုံပျက်တာမျိူး၊ ဖိနပ်ကို သေချာအခြောက်မခံရင် မာသွားတာမျိုးတွေရှိတယ်။

Hay
How to remove makeup stain
မိတ်ကပ်လေး စွန်းတာကို အိမ်မှာ ထမင်းစား ဇွန်းရယ်၊ အရည်အသွေးကောင်းတဲ့ အီလန် တံဆိပ် ဆပ်ပြာမှုန့်ရယ် ရှိနေရုံနဲ့ အလွယ်တကူ ဖြေရှင်းလို့ရတဲ့နည်းလမ်းလေးတွေ့ပြီလေ။ အသာလေး အစွန်းချွတ်ပြီး၊ သေချာလျှော်၊ ပြီးရင် နေပူမှာ ပြန်လှန်းလိုက်ရင် အသစ်ကလေးလို ပြန်ဖြစ်သွားတယ်။ ကဲ အင်္ကျီမှာ မိတ်ကပ်တွေ စွန်းသွားရင် ဟေကဘယ်လို ပြန်လျှော်လဲဆိုရင်…

Ma, ma, cleaning
How to clean soot in the pot
မနက်ခင်းဆို အမျိုးသား အလုပ်သွားဖို့ ချက်ပြုတ်ပေးရ၊ သားသားတို့ ကျောင်းသွားဖို့ ပြင်ဆင်ပေးရတဲ့ အချိန်ဟာ မမရဲ့ အလုပ်အများဆုံး အချိန်တွေပဲလေ။

Hay
How to iron your clothes
ဟေကတော့ အပြင်ထွက်ရင်၊ အမြန်လိုနေရင်တောင်မှ တတ်နိုင်သမျှ ပြင်ဆင်ပြီးမှ ထွက်ဖြစ်ပါတယ်။ ကိုယ်က မိတ်ကပ်တွေ ဘာတွေ မလိမ်းဖြစ်ဘူးဆိုရင်တောင်မှ၊ အဝတ်အစား သပ်သပ်ရပ်ရပ်ကလေးနဲ့ အမြဲသွားတယ်။ ဒီတော့ ဟေက အဝတ်အစားတွေဆိုရင် မီးပူတိုက်ပြီးမှ ဝတ်တာပေါ့။

Thi, thi, kitchen
How to clean oil stain in the kitchen
မီးဖို ကောင်တာမှာ ညစ်ပတ်နေရင် ဟင်းမချက်တတ်တာလည်း ကျွန်မပါပဲ။ ဒါကြောင့် အမြဲတစေ သန့်ရှင်း ပေးဖြစ်ပါတယ်။ နေ့တိုင်းသန့်ရှင်းပေးတာက ပိုသက်သာပါတယ်နော်။

Hay, clothing-care, hay
How to prepare for interview
ဟေလေးတို့ များသောအားဖြင့် အင်တာဗျူးတစ်ခုဖြေဖို့ သွားမယ်ဆိုရင် အဝတ်အစားထက် ဖြေနိုင်ဖို့က အရေးကြီးတယ်လို့ ထင်တာများတယ်။ မှန်တော့မှန်ပေမယ့် ဟေလေးအနေနဲ့ ကိုယ့်ရဲ့ ဝတ်စားဆင်ယင်မှုက တစ်ဝက်လောက်တော့ဆိုင်တယ်။

Ma
How to clean your kid's lunch box
ဒီမှာ မမ အကြံပေးချင်တာက ကလေးတွေရဲ့ ထမင်းဘူးလေးတွေကို သေသေချာချာလေး ဆေးပေးဖို့ပါပဲ။ ထမင်းဘူးသေချာမဆေးတဲ့ အခါ ဆီတွေအညစ်အကြေးတွေက မပြောင်တော့ ဘက်တီရီးယား ရောဂါပိုးမွှားတွေ ကပ်ငြိနေမှာပါပဲ။

Thi
How to clean the iron properly
မီးပူရဲ့ အောက်ခံပြားဟာ ရေနွေးငွေ့တွေကြောင့် သုံးတာ ကြာလာတဲ့အခါမှာ အညိုရောင် ချိုးကွက်တွေ ပေါ်လာလေ့ ရှိပါတယ်။ ကျွန်မ အိမ်က မီးပူမှာလည်း ဒီလို ဖြစ်လေ့ ဖြစ်ထရှိပါတယ်။ အဲဒါက မီးပူမကောင်းလို့ မဟုတ်ပါဘူး၊ ရေက အပူကြောင့် အငွေ့ပျံသွားပြီး အခဲပြန်ဖြစ်တဲ့အခါမှာ ဒီလို အညိုရောင် ချိုးကွက်တွေက ကျန်ခဲ့တတ်ပါတယ်။ အဲဒါကိုလည်း ပြောင်သွားအောင် သန့်စင်တဲ့နည်းလမ်းလေးလည်း ရှိပါတယ်နော်။

Ma
To be like a new to your kid's uniform
မမကတော့ ကိုယ့်ရဲ့ ကလေးလေးတွေ ကျောင်းစိမ်းအင်္ကျီ တောက်တောက်ပြောင်ပြောင်လေးနဲ့ပဲ အမြဲတမ်း ကျောင်းသွားစေချင်တယ်။ သန့်သန့်ရှင်းရှင်းလေးပေါ့။ ဒါမှကလေးတွေလည်း စိတ်ကြည်လင်နေမယ်လေ။ အင်္ကျီက မွဲခြောက်ခြောက်နဲ့ ပေပေရေရေ ဖြစ်နေမယ်ဆို သူများကလေးတွေကြားမှာ ကိုယ့်ကလေးလေး မျက်နှာငယ်နေရမှာပေါ့။ ကိုယ့်ကလေလေးတွေကို မျက်နှာ မငယ်စေချင်တဲ့ ညီမလေးတို့အတွက် မမက ကျောင်းစိမ်းအင်္ကျီတွေကို အမြဲတမ်း တောက်တောက်ပြောင်ပြောင် ဖြစ်စေမယ့် နည်းလေးကို ပြောပြလိုက်ပါတယ်။

Ma, laundry
How to remove mud stain
မမက ကလေးတွေကို ပြန်ရောက်တာနဲ့ ရေမိုးချိုး၊ အဝတ်အစားလဲပေးပြီးမှပဲ အဝတ်လျှော်တဲ့စခန်း ရောက်တော့တယ်။ရွံ့ဗွက်တွေပေနေတဲ့ ဘောင်းဘီကို လျှော်ဖွပ်ရတာ နည်းနည်းတော့ လက်ဝင်တယ်လေ၊ ဟုတ်တယ်မလား၊ ဒါကြောင့် ညီမတို့ကို မမက လွယ်ကူတဲ့ နည်းလမ်းလေး ပြောပြချင်ပါတယ်။

Thi
How to clean your kettle
ကျွန်မကတော့ မီးဖိုချောင်သုံးပစ္စည်းတွေဆိုရင် သန့်ရှင်းပြီး ပြောင်ပြောင်လက်လက်ကလေး ဖြစ်နေမှ သဘောကျပါတယ်။ ဒါကြောင့်၊ ကျွန်မလို စိတ်တူကိုယ်တူ အိမ်ရှင်မတွေအတွက် အခု ရေနွေးအိုးမှာ ရေနွေးငွေ့ ရိုက်လို့ ချိုးကပ်ပြီး ဖြစ်လာတဲ့ အကွက်တွေကို ဘယ်လိုပြောင်အောင် ဆေးလို့ရလဲ ဆိုတော့ ဝေမျှသွားချင်ပါတယ်။

E-LAN Dishwash 1.8KG Promotion
E-LAN ပန်းကန်ဆေး ဆပ်ပြာရည် 1.8KG size ဘူးကြီး တစ်ဘူး ဝယ်တိုင်း ၃၀၀ ကျပ်လျှော့စျေးရနိုင်မယ့် အခွင့်အရေးလေးပဲ ဖြစ်ပါတယ်။