
သန့်ရှင်း ပြောင်လက်နေတဲ့ ရေနွေးအိုးဖြစ်ဖို့

ဒါက အိမ်ရှင်မတိုင်း ကြုံတွေ့ရလေ့ ရှိတဲ့ အခက်အခဲလေး တစ်ခုပေါ့။ ကျွန်မကတော့ မီးဖိုချောင်သုံးပစ္စည်းတွေဆိုရင် သန့်ရှင်းပြီး ပြောင်ပြောင်လက်လက်ကလေး ဖြစ်နေမှ သဘောကျပါတယ်။ ဒါကြောင့် ကျွန်မလို စိတ်တူကိုယ်တူ အိမ်ရှင်မတွေအတွက် အခု ရေနွေးအိုး မှာ ရေနွေးငွေ့ရိုက်လို့ ချိုးကပ်ပြီး ဖြစ်လာတဲ့ အကွက်တွေကို ဘယ်လိုပြောင်အောင် ဆေးလို့ရလဲ ဆိုတော့ ဝေမျှသွားချင်ပါတယ်။
ကယ်ဆီယမ် ကာဘွန်နိတ်လို့ ပြောလို့ရတဲ့ ဒီဂျိုးကွက်တွေက ဆေးကြောရ အင်မတန်ခက်ပါတယ်။ အဲဒါတွေကို သန့်ရှင်းဖို့ ခက်တဲ့နေရာတွေ ဖြစ်တဲ့ ရေပိုက်အဟောင်းတွေနဲ့ ရေနွေအိုးတွေမှာ တွေ့ရတတ်ပါတယ်။
အငွေ့ပျံသွားတဲ့ ရေနွေးငွေ့တွေ ခဲသွားတဲ့အခါမှာ ဒီချိုးကွက်တွေက ပေါ်လာတာပေါ့။ ဒီအကွက်က တကယ့်ကို ဆေးကြောရခက်ပါတယ်။ အစက ဒီအတိုင်းပဲ အိုးတွေ ဆေးသလို ကျွန်မ တိုက်ချွတ်ပြီး ဆေးကြည့်သေးတယ်၊ ခပ်ကြမ်းကြမ်းလေး တိုက်လိုက်ရင် ပြောင်သွားမယ်ပေါ့နော်၊ ဒါပေမယ့် မပြောင်ဘူး။ နောက်တော့မှ ကယ်ဆီယမ် ကာဘွန်နိတ်ကို ဆေးကြောမယ်ဆိုရင်၊ ဆပ်ပြာရည်ကို ရေနဲ့သေချာ ရောစပ်ပြီးမှ အလွယ်တကူ ဆေးလို့ရတယ်ဆိုတာ သိသွားပါတယ်။ ဆေးကြောနည်း အဆင့်ဆင့်ကို ကျွန်မ ပြောပြပါ့မယ်။
ဆေးကြောနည်း အဆင့်ဆင့်
၁။ ဦးစွာ E-Lan ပန်ကန်ဆေး ဆပ်ပြာရည်နဲ့ ရေနဲ့ကို ရောစပ်ပြီး၊ ရေနွေးအိုးထဲကို လောင်းထည့်ပါ။
၂။ ရေနွေးအိုးကို မိနစ် အနည်းငယ်ကြာ အပူပေးပါ။
၃။ တည်ထားတဲ့ ဆပ်ပြာရည်ကို ရေနွေးအိုးထဲမှာ ဒီအတိုင်းပဲ ဆက်ပြီး ထားထားပါ။
၄။ ရေအေးနဲ့ ဆေးကြောလိုက်ရင် ကပ်နေတဲ့ ချိုးကွက်တွေ ပြောင်ပါပြီ။
ဆပ်ပြာမသုံးပဲ သဘာဝနည်းအတိုင်းလည်း ရေနွေးအိုးကို သန့်စင်စေနိုင်ပါတယ်။
၁။ ဟင်းချက် ဗီနီဂါနဲ့ ရေကို ဆတူရောပြီး ရေနွေးအိုးထဲ ထည့်ပါ။
၂။ ရေနွေးအိုးကို တစ်နာရီခန့် (အပူမပေးပဲ) ဒီအတိုင်း ထားထားပါ။
၃။ တစ်နာရီပြည့်သွားပြီဆိုရင် ရေနွေးအိုးကို အပူပေးပါ။
၄။ ပြီးရင်၊ အိုးထဲက ရေကို သွန်ပြီး ရေအေးနဲ့ ဆေးကြောပေးပါ။
၅။ တကယ်လို့၊ ဗီနီဂါ မရှိဘူးဆိုရင်လည်း သံပုရာရည် ကို အသုံးပြုနိုင်ပါတယ်။ ဗီနီဂါလိုပဲ သံပုရာရည်ကလည်း အသုံးတည့်ရုံသာမကပဲ ရေနွေးအိုးကိုပါ သံပုရာအနံ့လေး သင်းနေစေမှာပါ။
ဆေးပြီးသွားပြီ ဆိုရင်တော့ အဝတ်ခြောက် တစ်ခုခုနဲ့ ရေတွေပြောင်သွားအောင် သုတ်ပေးပေါ့။ ဒါဆိုရင် သန့်ရှင်းပြီး ပြောင်လက်နေတဲ့ ရေနွေးအိုးလေးကို မြင်ပြီး စိတ်ချမ်းသာရပါပြီနော်။
AddThis is disabled because of cookie consent
Related Articles

Thi, thi, kitchen
မီးဖိုချောင်ထဲ ကျူးကျော်လာတဲ့ ပုရွက်ဆိတ်တွေကို အမြစ်ပြတ် ဖြေရှင်းနိုင်မယ့် နည်းလမ်း
ကျွန်မမှာ ဒီပုရွက်ဆိတ်တွေကို ရိုးရိုးရှင်းရှင်းနဲ့ ဖြေရှင်းနိုင်မယ့် နည်းလမ်းရှိပါတယ်။ ဒီနည်းလမ်းမှာ အဆင့် (၃) ဆင့်ပါဝင်ပါတယ်။ ဒီအဆင့်တွေအတိုင်း လုပ်ကြည့်မယ်ဆိုရင် ပုရွက်ဆိတ်တွေကို အလျင်မြန်ဆုံး မီးဖိုချောင်ထဲကနေ မော င်းထုတ်နိုင်မှာပါ။

Thi, cleaning, MR-CARE
ကျန်းမာသန့်ရှင်းရောဂါကင်းအောင် ဘယ်လိုနေထိုင်သင့်လဲ
အခုလို ရောဂါပိုးကူးစက်မှုများပြားနေတဲ့အချိန်မှာ ကိုယ့်အတွက်ရော၊ ကိုယ့်မိသားစုအတွက်ပါ ကျန်းကျန်းမာမာ နေထိုင်ဖို့ ရိုးရှင်းလွယ်ကူတဲ့နည်းလမ်းလေးတွေ မျှဝေပေးချင်ပါတယ်။

Thi
သားသားမီးမီးတို့ရဲ့ ရေဘူးကို အမြဲတမ်း သန့်ရှင်းနေပါစေ
ကျွန်မကတော့ သားလေး ကျောင်းက ပြန်လာလို့ သူ့ရဲ့ ထမင်းဘူးတွေ ဆေးတဲ့အခါတိုင်း ရေဘူးကိုပါ တစ်ပါတည်း ဆေးလေ့ရှိပါတယ်။ ပြီးရင် သေချာတဲ့နေရာတစ်ခုမှာ သိမ်းထားလိုက်ပါတယ်။ နောက်နေ့ မနက် ကျောင်းသွားတဲ့ အခါတိုင်း သန့်ရှင်းသပ်ရပ်တဲ့ ရေဘူးလေးနဲ့ သောက်စေချင်လို့ပဲ ဖြစ်ပါတယ်။ သူတို့ ရေဘူးက လူကြီးတွေ သောက်တဲ့ ရေဘူးနဲ့ မတူတဲ့အတွက် ပြီးပြီးရော ဆေးလို့ မဖြစ်ပါဘူး။ အဖွင့်၊ အပိတ်တွေ၊ ပိုက်တွေပါ ပါတဲ့အတွက် အားလုံး ဖြုတ်ပြီး ဆေးရပါတယ်။ ဒါမှ ရောဂါပိုးမွှားကင်းစင်မှာပါ။ ဒီအောက်မှာ ပြောပြထားတာကတော့ ကျွန်မ သားလေးရဲ့ ရေဘူးကို ဆေးပေးတဲ့ နည်းလမ်း အဆင့်ဆင့်ပါပဲ။

cleaning, Thi, thi
အိမ်မှာ ကြွေပြားတွေ မှန်တစ်ချပ်လို ပြောင်လက်နေစေဖို့
ကြွေပြားသန့်ရှင်းတဲ့အခါ အသုံးပြုရတဲ့ ကြေးချွတ်ဆေးတွေက အင်မတန်မှ အစွမ်းထက်တဲ့အတွက် အချိန်တိုအတွင်း ပြောင်လက်သွားအောင် သန့်ရှင်းနိုင်ပါတယ်။ ကျွန်မ ပြောပြမယ့် ဒီ (၆) ချက်ကိုပါ သိထားမယ်ဆိုရင်တော့ ကြွေပြားသန့်ရှင်းတာက ပိုထိရောက်ပြီး တကယ့်ကို အချိန်တိုတိုနဲ့ ပြောင်လက်နေအောင် သန့်ရှင်းနိုင်မှာ ဖြစ်ပါတယ်။

cleaning, Thi, thi
အဝတ်ဗီရိုမှာ မှိုစွဲနေတာကို ဘယ်လို သန့်ရှင်းမလဲ
အဝတ်ဗီရိုမှာ မှိုစွဲတာက ကြောက်ဖို့ ကောင်းတယ်နော်။ ဗီရိုမှာ မှိုစွဲတာကို မသိပဲ အဝတ်တွေ ဆက်ထားထားမယ်ဆိုရင် အဝတ်အစားတွေထိပါ မှိုတွေက ကူးသွားပြီး ပျက်စီးသွားနိုင်ပါတယ်။

laundry, Thi, thi
ကိုယ့်ကလေးရဲ့ အမွှေးပွ အရုပ်လေးကို ဘယ်လိုလျှော်ပေးမလဲ
အမြဲတမ်းတော့ အရုပ်တစ်ခုလုံးကို သန့်ရှင်းပေးနေဖို့ မလိုပါဘူး။ ဒါပေမယ့် ကလေးတွေက အဆော့မက်တော့ အရုပ်ရဲ့ အချို့နေရာတွေမှာ ညစ်ပတ်နေတတ်ပါတယ်။ ဥပမာ - ရေခဲမုန့်စားနေရင်း အရုပ်မှာ ရေခဲမုန့် ပေသွားတာမျိုးပေါ့။ အဲဒီလိုမျိုး ဖြစ်သွားပြီဆိုရင် …

Thi, kitchen, thi
မိုက်ခရိုဝေ့ဗ် မီးဖိုကို သန့်သန့်ရှင်းရှင်းဖြစ်စေဖို့
Microwave ကို မသန့်ရှင်းဘဲ ဆက်တိုက် အသုံးပြုမယ်ဆိုရင် Microwave အတွင်းနံရံအနံ့မှာ အဆီတွေ ဝေ့ပြီး ချေးကွက်တွေ ဖြစ်လာတတ်ပါတယ်။ အဲဒီကနေ ဘက်တီးရီးယားတွေ ဖြစ်လာနိုင်ပြီး အစားအစာတွေထိ ပါလာနိုင်ပါတယ်။

Thi, thi, kitchen
ကလေးတွေရဲ့ ရှူးဖိနပ်ကို လက်နဲ့ ဘယ်လျှော်ကြမလဲ
ဖိနပ်ကို မဆေးကြောခင်မှာ၊ ဖိနပ်မှာပါတဲ့ Label ကို ဖတ်ပြီး ဆေးလို့ ရ၊ မရ သေချာပြီဆိုမှ ဆေးတာ အကောင်းဆုံးပါပဲ။ အခု ကျွန်မ ပြောပြမယ့် Sport Shoes ဆေးတဲ့နည်းကတော့ အင်မတန်မှ ရိုးရှင်းပြီး လွယ်ပါတယ်နော်။
Thi, thi, kitchen
မီးဖိုချောင်မှာစွဲကျန်နေတဲ့ ငါးညှီနံ့ကို ဘယ်လိုဖြေရှင်းမလဲ
အခု ကျွန်မ ပြောပြတဲ့ အဆင့်လေးတွေ အတိုင်း လိုက်လုပ်ကြည့်ရင် ကိုယ့်ရဲ့ မီးဖိုချောင်လေးက အနံ့အသက် ကင်းစင်ပြီး (ကျွန်မ ပြောချင်တဲ့) ကျန်းမာရေးနဲ့ ညီညွတ်တဲ့ မီးဖိုးချောင်လေး ဖြစ်မှာ အသေအချာပါပဲ။

Thi, thi, kitchen
မီးဖိုကောင်တာကို အသန့်ရှင်းဆုံး ဖြစ်နေစေမယ့် နည်းလမ်း
မီးဖို ကောင်တာမှာ ညစ်ပတ်နေရင် ဟင်းမချက်တတ်တာလည်း ကျွန်မပါပဲ။ ဒါကြောင့် အမြဲတစေ သန့်ရှင်း ပေးဖြစ်ပါတယ်။ နေ့တိုင်းသန့်ရှင်းပေးတာက ပိုသက်သာပါတယ်နော်။

Thi
မီးပူကို ဘယ်လိုသန့်ရှင်းမလဲ
မီးပူရဲ့ အောက်ခံပြားဟာ ရေနွေးငွေ့တွေကြောင့် သုံးတာ ကြာလာတဲ့အခါမှာ အညိုရောင် ချိုးကွက်တွေ ပေါ်လာလေ့ ရှိပါတယ်။ ကျွန်မ အိမ်က မီးပူမှာလည်း ဒီလို ဖြစ်လေ့ ဖြစ်ထရှိပါတယ်။ အဲဒါက မီးပူမကောင်းလို့ မဟုတ်ပါဘူး၊ ရေက အပူကြောင့် အငွေ့ပျံသွားပြီး အခဲပြန်ဖြစ်တဲ့အခါမှာ ဒီလို အညိုရောင် ချိုးကွက်တွေက ကျန်ခဲ့တတ်ပါတယ်။ အဲဒါကိုလည်း ပြောင်သွားအောင် သန့်စင်တဲ့နည်းလမ်းလေးလည်း ရှိပါတယ်နော်။