ကလေးတွေရဲ့ ထမင်းဘူးလေးတွေကို သေချာဆေးပေးပါ

Plan your week with these easy lunchbox sandwiches

သားလေးတစ်ယောက်နဲ့ သမီးလေး တစ်ယောက်ရှိတော့၊ သူတို့လေးတွေ ကျောင်းကနေ အိမ်ကို ပြန်လာတဲ့အချိန်က မမအတွက် အလုပ် အရှုပ်ဆုံး အချိန်ပါပဲ။ ဒါပေမယ့်၊ ကိုယ့်အသည်းတုံးလေးတွေရဲ့ မျက်နှာကို မြင်လိုက်ရတော့လည်း အမောပြေသွားတာပါပဲလေ။ သူတို့လေးတွေကို ကျောင်းချိန်မှာ ဘာတွေ သင်ခဲ့လဲ၊ ဘာတွေ လုပ်ခဲ့လဲ မေးပြီး အဝတ်အစားလဲပေး၊ ဘာတွေ ညစ်ပတ်နေသလဲ စစ်ဆေး၊ ပြီးရင် သူတို့တွေရဲ့ ထမင်းဘူး၊ ရေဘူးလေးတွေကို   ဆေးပေးရတာတွေ အားလုံးကို လုပ်ပေးရတယ်လေ။ ဒါတောင် ရေချိုးပေးတဲ့ဆီ မရောက်သေးဘူး။

ဒီမှာ မမ အကြံပေးချင်တာက ကလေးတွေရဲ့ ထမင်းဘူးလေးတွေကို  သေသေချာချာလေး ဆေးပေးဖို့ပါပဲ။ ထမင်းဘူးသေချာမဆေးတဲ့အခါ ဆီတွေအညစ်အကြေးတွေက မပြောင်တော့ ဘက်တီရီးယား ရောဂါပိုးမွှားတွေ ကပ်ငြိနေမှာပါပဲ။ နောက်ပြီး ကလေးတွေ ဆိုတော့ သိတဲ့အတိုင်း အငြိမ် မနေ၊ တခါတလေ ထမင်းဘူးထဲက အစားအစာတွေ မှောက်ကျပြီး၊ ညစ်ပေနေတတ်သေးတယ်။

ဒါကြောင့် ကလေးတွေရဲ့ ကျန်းမာရေးနဲ့ကလည်း တိုက်ရိုက်သက်ဆိုင်တယ်လို့လည်း မမ က ယူဆပါတယ်။  အခု၊ ညီမတို့ကို ပြောချင်တာက တို့ကလေးတွေရဲ့ ထမင်းဘူးကိုသေချာဘယ်လိုဆေးရမလဲဆိုတဲ့နည်းပါပဲ။ ညီမတို့အိမ်မှာ ကျောင်းတက်နေတဲ့ ကလေးလေးတွေ ရှိရင် အသုံးဝင်မယ်လို့ မမထင်ပါတယ်။

၁။ ထမင်းဘူးကိုအထဲမှာ ဘာမှမကျန်အောင် အရင်ရှင်းလိုက်ပါ

၂။ ပြီးရင်ရေနွေးမဟုတ်ရင် ရေနဲ့ဆေးလိုက်ပါ

၃။ အပေါ်ယံဆီတွေနဲ့အညစ်အကြေးတွေပြောင်သွားတဲ့ အခါ ပန်းကန်ဆေးတဲ့ အစိမ်းဖက်နဲ့ဖြစ်ဖြစ် ဖော့နဲ့ဖြစ်ဖြစ် ထမင်းဘူးကိုဆေးပါ။

၄။ ထမင်းဘူးကိုဆေးတဲ့အခါ ပန်းကန်ဆေးဆပ်ပြာကို (မမကတော့ အိမ်မှာ E-Lan ပန်းကန်ဆေးဆပ်ပြာကိုအဓိကသုံးပါတယ်) ပန်းကန်ဆေးတဲ့ဖော့ပေါ်မှာ ထည့်ပြီးတော့ ထမင်းဘူးအနှံ့သေချာတိုက်ပစ်ပါ။

၅။ ပြီးသွားရင်ရေသေချာဆေးပြီး ခြောက်အောင်စစ်ထားပါ။

ကလေးတွေရဲ့ ထမင်းဘူးလေးတွေကို ကျောင်းကပြန်လာတိုင်းသေသေချာချာလေးအချိန်ပေးပြီးဆေးတာ အကောင်းဆုံးပါပဲ။ ဒါမှလည်း ကျောင်းမှကလေးတွေ အနံ့အသက်ကင်းကင်းနဲ့ စိတ်ချလက်ချစားနိုင်မှာလေ။

ဒီနည်းလမ်းလေးက သိပ်လည်းမခက်တော့ နေ့တိုင်းကိုယ့်ကလေးတွေရဲ့ထမင်းဘူးလေးတွေဂရုတစိုက်ဆေးပေးနော်။

 

 ကုန်ပစ္စည်းများ    

 အမှတ်တံဆိပ်    

Related Articles

Ma

How to clean wooden floor

မမရဲ့ အိမ်က ဖေဖေ၊ မေမေတို့ လက်ထက်ကတည်းကဆိုတော့ နွေဖက်တွေဆိုလည်း အေးအေးလူလူရှိဖို့ သစ်သားကြမ်းခင်းတွေကို ခင်းခဲ့ကြတယ် ထင်ပါရဲ့။ သစ်သားကြမ်းခင်း တွေဟာ ရာသီဥတုဒဏ်ကြောင့် ဆွေးမြေ့တတ်သလို၊ သန့်ရှင်းရေး ခဏခဏ လုပ်ပြန်ရင်လည်း ဆွေးမြေ့လာတတ်လို့ တော်တော်လေးကို သတိနဲ့ လုပ်ဖို့လိုပါတယ်။ ဒါကြောင့် ဒီနေ့မှာတော့ မမက သစ်သားကြမ်းခင်းတွေကို ဘယ်လိုသန့်ရှင်းရမလဲ ပြောပြပေးသွားပါမယ်။

Read more »

ma, Ma, cleaning, MR-CARE

How to clean squatting toilet

မမတို့ အိမ်က မမရဲ့ ဖေဖေ၊ မေမေ လက်ထက်ကတည်းက ထားခဲ့တဲ့ အိမ်ဆိုတော့ တချို့နေရာလေးတွေမှာ မြန်မာဆန်ဆန်ပဲ ရှိနေပါတယ်။ ဒီတော့ အိမ်က အိမ်သာကလည်း မြန်မာအိမ်သာပါပဲ၊ ထိုင်ပြီး သွားရတဲ့ ပုံစံမျိုးပါ။

Read more »
How to make whites whiter

Ma, WIN

How to make whites whiter

မမက အင်္ကျီဖြူတွေဆိုရင် တတ်နိုင်သမျှ လက်နဲ့ပဲ သေသေချာချာ လျှော်ဖြစ်တယ်။ လက်နဲ့ လျှော်ရင်တော့ သူက အသစ်ကလေးလိုပဲ အမြဲတမ်း ဖြစ်နေရော။ လျှော်နည်းလည်း သိဖို့လိုတာပေါ့နော်။ အခု မမက .. အဲဒီလို အင်္ကျီဖြူလေးက အမြဲတမ်း အသစ်ကလေးလို ဖြစ်အောင် လျှော်ဖွပ်နည်းလေး မျှဝေပေးချင်ပါတယ်

Read more »
How to remove underarms stain

Ma

How to remove underarms stain

အင်္ကျီချိုင်းမှာ အဝါရောင် အစွန်းကွက် ဖြစ်တာမျိုးက၊ အဓိက ကတော့ ချိုင်းချွေးနံ့ ပျောက်အောင် သုံးတဲ့ ချိုင်းလူဆေးတို့၊ ဘော်ဒီစပေရေးတို့ကြောင့် အဓိက ဖြစ်တာပါ။ ချွေးထွက်လာတဲ့အခါမှာ ဒီ အလူမီနီယံပါတဲ့ ချိုင်းချွေးနံ့ပျောက်ဆေးက ချွေးနဲ့ ဓာတ်ပြုပြီး အင်္ကျီမှာ အဝါရောင် အစွန်းကွက် ပေါ်လာတာပေါ့။ မမက အခု၊ ဒီအင်္ကျီချိုင်းအောက်က အစွန်းကွက်ကို ပြောင်သွားအောင် ဘယ်လို နည်းနဲ့ ချွတ်ရမလဲ ဆိုတာ မမက မျှဝေပေးမှာပါ။

Read more »
How to get rid of mice in your house

Ma

How to get rid of mice in your house

မမရဲ့ အိမ်က မြေညီထပ်ဆိုတော့ တခြားအထပ်တွေထပ် ကြွက်ကအိမ်ထဲကို ပိုဝင်တတ်တယ်။ အိမ်မှာကလဲ ကလေးတွေရှိတော့ ဝင်ပြီဟေ့ဆို အရမ်းကိုစိတ်ညစ်ရပါတယ်။ ဒီတော့ သောင်းကျန်းနေတဲ့ ကြွက်တွေကို ဖမ်းဖို့ မမ ရဲ့ ကြွက်ထောင်ချောက် လုပ်တဲ့နည်းလမ်းလေးကို ပြန်ပြီး ပြောပြပေးမယ်နော်။

Read more »
How to clean soot in the pot

Ma, ma, cleaning

How to clean soot in the pot

မနက်ခင်းဆို အမျိုးသား အလုပ်သွားဖို့ ချက်ပြုတ်ပေးရ၊ သားသားတို့ ကျောင်းသွားဖို့ ပြင်ဆင်ပေးရတဲ့ အချိန်ဟာ မမရဲ့ အလုပ်အများဆုံး အချိန်တွေပဲလေ။

Read more »
To be like a new to your kid's uniform

Ma

To be like a new to your kid's uniform

မမကတော့ ကိုယ့်ရဲ့ ကလေးလေးတွေ ကျောင်းစိမ်းအင်္ကျီ တောက်တောက်ပြောင်ပြောင်လေးနဲ့ပဲ အမြဲတမ်း ကျောင်းသွားစေချင်တယ်။ သန့်သန့်ရှင်းရှင်းလေးပေါ့။ ဒါမှကလေးတွေလည်း စိတ်ကြည်လင်နေမယ်လေ။ အင်္ကျီက မွဲခြောက်ခြောက်နဲ့ ပေပေရေရေ ဖြစ်နေမယ်ဆို သူများကလေးတွေကြားမှာ ကိုယ့်ကလေးလေး မျက်နှာငယ်နေရမှာပေါ့။ ကိုယ့်ကလေလေးတွေကို မျက်နှာ မငယ်စေချင်တဲ့ ညီမလေးတို့အတွက် မမက ကျောင်းစိမ်းအင်္ကျီတွေကို အမြဲတမ်း တောက်တောက်ပြောင်ပြောင် ဖြစ်စေမယ့် နည်းလေးကို ပြောပြလိုက်ပါတယ်။

Read more »
How to remove mud stain

Ma, laundry

How to remove mud stain

မမက ကလေးတွေကို ပြန်ရောက်တာနဲ့ ရေမိုးချိုး၊ အဝတ်အစားလဲပေးပြီးမှပဲ အဝတ်လျှော်တဲ့စခန်း ရောက်တော့တယ်။ရွံ့ဗွက်တွေပေနေတဲ့ ဘောင်းဘီကို လျှော်ဖွပ်ရတာ နည်းနည်းတော့ လက်ဝင်တယ်လေ၊ ဟုတ်တယ်မလား၊ ဒါကြောင့် ညီမတို့ကို မမက လွယ်ကူတဲ့ နည်းလမ်းလေး ပြောပြချင်ပါတယ်။

Read more »