မီးဖိုချောင်ထဲ ကျူးကျော်လာတဲ့ ပုရွက်ဆိတ်တွေကို အမြစ်ပြတ် ဖြေရှင်းနိုင်မယ့် နည်းလမ်း

ကျွန်မက ကိုယ့်အိမ်ရဲ့ မီးဖိုချောင်ကို အမြဲတမ်း သန့်အောင် ထားဖြစ်ပါတယ်။ နေ့တိုင်းနီးနီး သန့်ရှင်းရေး လုပ်ဖြစ်တယ်။ ဒါပေမယ့် ထင်မှတ်မထားဘဲ မီးဖိုချောင်မှာ ပုရွက်ဆိတ်တွေနဲ့ ကြုံရတဲ့နေ့ဆိုရင်တော့ တကယ်ကို အဆင်မပြေပါဘူး။ အိမ်ရှင်မတိုင်း ကျွန်မလို ခံစားဖူးမှာပါ။ သိတဲ့အတိုင်း ပုရွက်ဆိတ်တွေ ဆိုတာကလည်း ဘယ်ကနေလာပြီး ဘယ်ကို သွားနေမှန်း လွယ်လွယ်နဲ့တော့ မသိနိုင်ဘူးလေ။

 

ဒါပေမယ့် ကျွန်မမှာ ဒီပုရွက်ဆိတ်တွေကို ရိုးရိုးရှင်းရှင်းနဲ့ ဖြေရှင်းနိုင်မယ့် နည်းလမ်းရှိပါတယ်။ ဒီနည်းလမ်းမှာ အဆင့် (၃) ဆင့်ပါဝင်ပါတယ်။ ဒီအဆင့်တွေအတိုင်း လုပ်ကြည့်မယ်ဆိုရင် ပုရွက်ဆိတ်တွေကို အလျင်မြန်ဆုံး မီးဖိုချောင်ထဲကနေ မော င်းထုတ်နိုင်မှာပါ။

 

အဆင့် (၁) - ကြိုတင်ကာကွယ်ပါ။

ပုရွက်ဆိတ်တွေက သူတို့ အစာရှိရာဆီပဲ သွားတာ ဖြစ်တဲ့အတွက် အစားအစာတွေကို မီးဖိုချောင်ထဲမှာ သေသေချာချာ သိမ်းထားမယ်ဆိုရင်တော့ ပုရွက်ဆိတ်တွေ မပေါ်လာနိုင်ပါဘူး။

၁။ မကုန်သေးတဲ့ အစာတွေကို သေချာထုပ်ပိုးပြီး ရေခဲသေတ္တာထဲမှာ သိမ်းပါ။

၂။  စားကြွင်းစားကျန်တွေနဲ့ အမှိုက်သရိုက်တွေကိုလည်း စနစ်တကျ သိမ်းဆည်းပြီး စွန့်ပစ်ပေးရမှာပါ။

၃။ စားပြီးသား ပန်းကန် ခွက်ယောက်တွေကို တစ်နေ့အတွင်း အပြီးဆေးပါ။ (ဆေးတဲ့အခါမှာလည်း ကျွန်မ သုံးလေ့ရှိတဲ့ E-Lan ပန်းကန်ဆေး ဆပ်ပြာလို အရည်အသွေးပြည့် ဆပ်ပြာရည်နဲ့ ဆေးကြောပေးတာ အကောင်းဆုံးပါပဲ။ ဒါမှ ပန်းကန်မှာ အညစ်အကြေးတွေနဲ့ အနံ့သက်တွေ မကျန်နေမှာပါ။)

၄။ အစာ စားပြီးတိုင်း ထမင်းစားပွဲကို အဝတ်နဲ့ သုတ်ပြီး သန့်ရှင်းပါ။  

၅။ ကြမ်းပြင်ပေါ်မှာလည်း စားကြွင်းစားကျန် ရှိနေနိုင်တဲ့အတွက် တံမြက်စည်းကို နေ့စဉ် လှဲကျင်းပေးပါ။

 

အဆင့် (၂) ပုရွက်ဆိတ် လာရာလမ်းကို ရှာဖွေပါ။

ကိုယ်က ဘယ်လိုပဲ မီးဖိုချောင်ကို သန့်ရှင်းအောင် ထားထား၊ ပုရွက်ဆိတ်က လာနေတုန်းပဲ ဆိုရင်တော့၊ သူတို့ရဲ့ လမ်းကြောင်းကို ရှာပြီး ဖြေရှင်းတဲ့ ဒီနည်လမ်းက အသုံးဝင်မှာပါ။

၁။ ပုရွက်ဆိတ် လမ်းကြောင်းက ဘယ်က အစပြုလဲ ဆိုတာ လိုက်ကြည့်ပါ။

၂။ ဒီလို လိုက်ကြည့်တာ အချိန်တော့ ပိုကုန်ပေမယ့်၊ လမ်းကြောင်းအစကို သိသွားပြီဆိုတာနဲ့ အမြစ်ပြတ် ဖြေရှင်းလို့ရမှာပါ။ အချိုတစ်ခုခုနဲ့ ပုရွက်ဆိတ်တွေကို မျှားပြီး သူတို့ လမ်းကြောင်းကို ရှာမယ်ဆိုရင်တော့ ပိုမြန်နိုင်ပါတယ်။

၃။ သူတို့ လမ်းကြောင်းကို သိပြီဆိုရင် သူတို့ အသိုက်ကို သိနိုင်ပါပြီ။

၄။ အသိုက်ကို သိပြီဆိုရင်တော့ ရေနွေးနဲ့ လိမ္မော်သီး အခွံတွေကို ဖျော်စက်နဲ့ ရောသမမွှေပြီး၊ ဖျော်ရည်ကို အသိုက်ထဲကို လောင်းချလိုက်ပါ။

    

အဆင့် (၃) : အမြစ်ပြတ် ဖယ်ရှားပါ။

နောက်ဆုံး အဆင့် ဆိုတဲ့အတိုင်း မီးဖိုချောင်ထဲကနေ ဒီပုရွက်ဆိတ်တွေကို အမြစ်ပြတ် ဖြေရှင်းရမယ့် အဆင့်ပါပဲ။

 

၁။ ရေနဲ့ ဗီနီဂါကို ရောပြီး စပရေးဘူးထဲကို ထည့်ပါ။ ပြီးရင် စပရေးနဲ့ မီးဖိုချောင်တဲ့ ဝင်လာလေ့ရှိတဲ့ ပုရွက်ဆိတ် လမ်းကြောင်း တစ်လျှောက်ကို လိုက်ဖြန်းပေးပါ။ ပြီးရင် အဝတ်စ တစ်ခုခုနဲ့ သုတ်ပေးပါ။ ဒီလိုမျိုး ပုံမှန် လုပ်ပေးသွားမယ်ဆိုရင်တော့ နောက်နောင်မှာ ပုရွက်ဆိတ်တွေ ဝင်လာမှာကို ကာကွယ်ပြီးသားလည်း ဖြစ်သလို မီးဖိုချောင်လည်း သန့်ရှင်းပြီးသား ဖြစ်ပါတယ်။

 

၂။ နောက်တစ်နည်းက ဆပ်ပြာရည်ပါ။ E-Lan ဆပ်ပြာရည်နဲ့ ရေကို ရောပြီး စပရေးဘူးထဲ ထည့်ပါ။ ပုရွက်ဆိတ် လမ်းကြောင်းတွေကို လိုက်ဖြန်းပါ။ ဖြန်းပြီးရင် (၅) မိနစ်ခန့်ထားထားပြီးမှ အဝတ် တစ်ခုခုနဲ့ သုတ်ပေးပါ။

 

သတိပြုရန် : ပုရွက်ဆိတ် လမ်းကြောင်းကို ရှင်းပြီးတဲ့အခါမှာလည်း အနံ့ပါ မကျန်အောင် သေချာရှင်းရမှာပါ။ အနံ့ကျန်နေသေးရင် ပုရွက်ဆိတ်တွေ ပြန်ရောက်လာနိုင်ပါတယ်။


ကျွန်မကတော့ မီးဖိုချောင်တင် မဟုတ်ဘူး။ အိမ်ရဲ့ ဘယ်နားမှာ ပုရွက်ဆိတ်တွေ့တွေ့ ဒီအဆင့် (၃) ဆင့်ကို အသုံးချပြီး ဖြေရှင်းပါတယ်။ ကျွန်မလို ကိုယ့်မီးဖိုချောင်၊ ကိုယ့်အိမ်လေးကို သန့်သန့်ရှင်းရှင်းလေး ထားချင်တယ်ဆိုရင်တော့ ဒီနည်းလမ်းလေးအတိုင်း လုပ်လိုက်ပြီး သန့်ရှင်းသပ်ရပ်တဲ့ အိမ်လေးကို ပိုင်ဆိုင်ကြပါစေနော်။

 ကုန်ပစ္စည်းများ    

အမှတ်တံဆိပ်    

Related Articles

how to stay healthy by keeping your home clean

Thi, cleaning, MR-CARE

ကျန်းမာသန့်ရှင်းရောဂါကင်းအောင် ဘယ်လိုနေထိုင်သင့်လဲ

အခုလို ရောဂါပိုးကူးစက်မှုများပြားနေတဲ့အချိန်မှာ ကိုယ့်အတွက်ရော၊ ကိုယ့်မိသားစုအတွက်ပါ ကျန်းကျန်းမာမာ နေထိုင်ဖို့ ရိုးရှင်းလွယ်ကူတဲ့နည်းလမ်းလေးတွေ မျှဝေပေးချင်ပါတယ်။

Read more »
How to clean your kid's water bottle

Thi

သားသားမီးမီးတို့ရဲ့ ရေဘူးကို အမြဲတမ်း သန့်ရှင်းနေပါစေ

ကျွန်မကတော့ သားလေး ကျောင်းက ပြန်လာလို့ သူ့ရဲ့ ထမင်းဘူးတွေ ဆေးတဲ့အခါတိုင်း ရေဘူးကိုပါ တစ်ပါတည်း ဆေးလေ့ရှိပါတယ်။ ပြီးရင် သေချာတဲ့နေရာတစ်ခုမှာ သိမ်းထားလိုက်ပါတယ်။ နောက်နေ့ မနက် ကျောင်းသွားတဲ့ အခါတိုင်း သန့်ရှင်းသပ်ရပ်တဲ့ ရေဘူးလေးနဲ့ သောက်စေချင်လို့ပဲ ဖြစ်ပါတယ်။ သူတို့ ရေဘူးက လူကြီးတွေ သောက်တဲ့ ရေဘူးနဲ့ မတူတဲ့အတွက် ပြီးပြီးရော ဆေးလို့ မဖြစ်ပါဘူး။ အဖွင့်၊ အပိတ်တွေ၊ ပိုက်တွေပါ ပါတဲ့အတွက် အားလုံး ဖြုတ်ပြီး ဆေးရပါတယ်။ ဒါမှ ရောဂါပိုးမွှားကင်းစင်မှာပါ။ ဒီအောက်မှာ ပြောပြထားတာကတော့ ကျွန်မ သားလေးရဲ့ ရေဘူးကို ဆေးပေးတဲ့ နည်းလမ်း အဆင့်ဆင့်ပါပဲ။

Read more »
How to clean tiled floor

cleaning, Thi, thi

အိမ်မှာ ကြွေပြားတွေ မှန်တစ်ချပ်လို ပြောင်လက်နေစေဖို့

ကြွေပြားသန့်ရှင်းတဲ့အခါ အသုံးပြုရတဲ့ ကြေးချွတ်ဆေးတွေက အင်မတန်မှ အစွမ်းထက်တဲ့အတွက် အချိန်တိုအတွင်း ပြောင်လက်သွားအောင် သန့်ရှင်းနိုင်ပါတယ်။ ကျွန်မ ပြောပြမယ့် ဒီ (၆) ချက်ကိုပါ သိထားမယ်ဆိုရင်တော့ ကြွေပြားသန့်ရှင်းတာက ပိုထိရောက်ပြီး တကယ့်ကို အချိန်တိုတိုနဲ့ ပြောင်လက်နေအောင် သန့်ရှင်းနိုင်မှာ ဖြစ်ပါတယ်။

Read more »
How to clean moulds in wardrode

cleaning, Thi, thi

အဝတ်ဗီရိုမှာ မှိုစွဲနေတာကို ဘယ်လို သန့်ရှင်းမလဲ

အဝတ်ဗီရိုမှာ မှိုစွဲတာက ကြောက်ဖို့ ကောင်းတယ်နော်။ ဗီရိုမှာ မှိုစွဲတာကို မသိပဲ အဝတ်တွေ ဆက်ထားထားမယ်ဆိုရင် အဝတ်အစားတွေထိပါ မှိုတွေက ကူးသွားပြီး ပျက်စီးသွားနိုင်ပါတယ်။

Read more »
How to wash teddy bear

laundry, Thi, thi

ကိုယ့်ကလေးရဲ့ အမွှေးပွ အရုပ်လေးကို ဘယ်လိုလျှော်ပေးမလဲ

အမြဲတမ်းတော့ အရုပ်တစ်ခုလုံးကို သန့်ရှင်းပေးနေဖို့ မလိုပါဘူး။ ဒါပေမယ့် ကလေးတွေက အဆော့မက်တော့ အရုပ်ရဲ့ အချို့နေရာတွေမှာ ညစ်ပတ်နေတတ်ပါတယ်။ ဥပမာ - ရေခဲမုန့်စားနေရင်း အရုပ်မှာ ရေခဲမုန့် ပေသွားတာမျိုးပေါ့။ အဲဒီလိုမျိုး ဖြစ်သွားပြီဆိုရင် …

Read more »
How to clean microwave

Thi, kitchen, thi

မိုက်ခရိုဝေ့ဗ် မီးဖိုကို သန့်သန့်ရှင်းရှင်းဖြစ်စေဖို့

Microwave ကို မသန့်ရှင်းဘဲ ဆက်တိုက် အသုံးပြုမယ်ဆိုရင် Microwave အတွင်းနံရံအနံ့မှာ အဆီတွေ ဝေ့ပြီး ချေးကွက်တွေ ဖြစ်လာတတ်ပါတယ်။ အဲဒီကနေ ဘက်တီးရီးယားတွေ ဖြစ်လာနိုင်ပြီး အစားအစာတွေထိ ပါလာနိုင်ပါတယ်။

Read more »
How to wash kid's shoes with hands

Thi, thi, kitchen

ကလေးတွေရဲ့ ရှူးဖိနပ်ကို လက်နဲ့ ဘယ်လျှော်ကြမလဲ

ဖိနပ်ကို မဆေးကြောခင်မှာ၊ ဖိနပ်မှာပါတဲ့ Label ကို ဖတ်ပြီး ဆေးလို့ ရ၊ မရ သေချာပြီဆိုမှ ဆေးတာ အကောင်းဆုံးပါပဲ။ အခု ကျွန်မ ပြောပြမယ့် Sport Shoes ဆေးတဲ့နည်းကတော့ အင်မတန်မှ ရိုးရှင်းပြီး လွယ်ပါတယ်နော်။

Read more »

Thi, thi, kitchen

မီးဖိုချောင်မှာစွဲကျန်နေတဲ့ ငါးညှီနံ့ကို ဘယ်လိုဖြေရှင်းမလဲ

အခု ကျွန်မ ပြောပြတဲ့ အဆင့်လေးတွေ အတိုင်း လိုက်လုပ်ကြည့်ရင် ကိုယ့်ရဲ့ မီးဖိုချောင်လေးက အနံ့အသက် ကင်းစင်ပြီး (ကျွန်မ ပြောချင်တဲ့) ကျန်းမာရေးနဲ့ ညီညွတ်တဲ့ မီးဖိုးချောင်လေး ဖြစ်မှာ အသေအချာပါပဲ။

Read more »
How to clean oil stain in the kitchen

Thi, thi, kitchen

မီးဖိုကောင်တာကို အသန့်ရှင်းဆုံး ဖြစ်နေစေမယ့် နည်းလမ်း

မီးဖို ကောင်တာမှာ ညစ်ပတ်နေရင် ဟင်းမချက်တတ်တာလည်း ကျွန်မပါပဲ။ ဒါကြောင့် အမြဲတစေ သန့်ရှင်း ပေးဖြစ်ပါတယ်။ နေ့တိုင်းသန့်ရှင်းပေးတာက ပိုသက်သာပါတယ်နော်။

Read more »
How to clean the iron properly

Thi

မီးပူကို ဘယ်လိုသန့်ရှင်းမလဲ

မီးပူရဲ့ အောက်ခံပြားဟာ ရေနွေးငွေ့တွေကြောင့် သုံးတာ ကြာလာတဲ့အခါမှာ အညိုရောင် ချိုးကွက်တွေ ပေါ်လာလေ့ ရှိပါတယ်။ ကျွန်မ အိမ်က မီးပူမှာလည်း ဒီလို ဖြစ်လေ့ ဖြစ်ထရှိပါတယ်။ အဲဒါက မီးပူမကောင်းလို့ မဟုတ်ပါဘူး၊ ရေက အပူကြောင့် အငွေ့ပျံသွားပြီး အခဲပြန်ဖြစ်တဲ့အခါမှာ ဒီလို အညိုရောင် ချိုးကွက်တွေက ကျန်ခဲ့တတ်ပါတယ်။ အဲဒါကိုလည်း ပြောင်သွားအောင် သန့်စင်တဲ့နည်းလမ်းလေးလည်း ရှိပါတယ်နော်။

Read more »
How to clean your kettle

Thi

သန့်ရှင်း ပြောင်လက်နေတဲ့ ရေနွေးအိုးဖြစ်ဖို့

ကျွန်မကတော့ မီးဖိုချောင်သုံးပစ္စည်းတွေဆိုရင် သန့်ရှင်းပြီး ပြောင်ပြောင်လက်လက်ကလေး ဖြစ်နေမှ သဘောကျပါတယ်။ ဒါကြောင့်၊ ကျွန်မလို စိတ်တူကိုယ်တူ အိမ်ရှင်မတွေအတွက် အခု ရေနွေးအိုးမှာ ရေနွေးငွေ့ ရိုက်လို့ ချိုးကပ်ပြီး ဖြစ်လာတဲ့ အကွက်တွေကို ဘယ်လိုပြောင်အောင် ဆေးလို့ရလဲ ဆိုတော့ ဝေမျှသွားချင်ပါတယ်။

Read more »