မီးဖိုချောင်မှာစွဲကျန်နေတဲ့ ငါးညှီနံ့ကို ဘယ်လိုဖြေရှင်းမလဲ

ဘယ်တော့မဆို မီးဖိုချောင်က အနံ့အသက် ကင်းစင်ပြီး သန့်ရှင်းနေရင် အကောင်းဆုံးပါပဲ။ ဒါမှလည်း ကျန်းမာရေအတွက် အကျိုးရှိမှာပါ။ တစ်အိမ်လုံးအတွက် ထမင်း၊ ဟင်းတွေ ချက်ပြီးတာတောင် မီးဖိုချောင်က လုံးဝ မညစ်ပတ်ဘဲ သန့်သန့်ရှင်းရှင်း ဖြစ်နေဖို့ ကျွန်မက အမြဲ သတိထားဖြစ်ပါတယ်။ ကျွန်မ မီးဖိုချောင်ဝင်ပြီးပြီဆိုရင်လည် ကိုယ့်ရဲ့ ခြေရာ၊ လက်ရာတွေကအစ မကျန်ခဲ့အောင် အမြဲတမ်း သန့်ရှင်းပြီးမှ မီးဖိုချောင်ထဲက ပြန်ထွက်ဖြစ်ပါတယ်။ ဒါမှပဲ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ မီးဖိုချောင်ဖြစ်နေမှာပါ။

 

ဒီတစ်ခါ ပြောပြမှာကတော့ ကျွန်မလိုမျိုး ဟင်းချက်တဲ့ မေမေတွေ မဖြစ်မနေ သိထားသင့်တဲ့ အကြောင်းအရာတွေထဲက တစ်ခုပေါ့။ ငါးဟင်းချက်တဲ့နေ့မှာ ငါးတွေရဲ့ အနံတွေ စွဲကျန်နေခဲ့ရင် ဘယ်လို အနံ့ပျောက်အောင် ပြန်လုပ်ရမလဲ ဆိုတာ ပြောပြမှာပဲ ဖြစ်ပါတယ်။ အခု ကျွန်မ ပြောပြတဲ့ အဆင့်လေးတွေ အတိုင်း လိုက်လုပ်ကြည့်ရင် ကိုယ့်ရဲ့ မီးဖိုချောင်လေးက အနံ့အသက် ကင်းစင်ပြီး (ကျွန်မ ပြောချင်တဲ့) ကျန်းမာရေးနဲ့ ညီညွတ်တဲ့ မီးဖိုးချောင်လေး ဖြစ်မှာ အသေအချာပါပဲ။

 

ငါးဟင်းမချက်ခင် ငါးညှီနံ့ မထွက်အောင် ဘယ်လိုလုပ်မလဲ?

ပုံမှန်အားဖြင့် လတ်တဲ့ ငါးတွေဆိုရင်တော့ ဆိုးဆိုးရွားရွား ညှီနံ့ မရှိတတ်ပါဘူး။ ဒါပေမယ့် ညှီနံ့ပါမှာ စိုးရိမ်တတ်တယ် ဆိုရင်တော့ မချက်ခင် ငါးအစိမ်းကို နို့ထဲမှာ မိနစ် (၂၀) ခန့်စိမ်ထားရင် အဆင်ပြေပါတယ်။ အဲဒါဆို ညှီနံ့တွေလည်း ဖယ်ရှားပြီးသား ဖြစ်မှာပါ။ နောက်တစ်နည်းကတော့ သံပုရာသီးနဲ့ ဖျော်ထားတဲ့ရေနဲ့ ငါးကို ဆေးတာပါ။ စိမ်မယ်ဆိုရင်လည်း ရပါတယ်။ ဒီနည်းလမ်းကတော့ ငါးညှီနံ့ကို သိသိသာသာ ဖယ်ရှားပေးသလို ငါးရဲ့ မူလ အရသာကိုလည်း မထိခိုက်နိုင်ပါဘူး။

 

လက်မှာ ငါးညှီနံ့ စွဲကျန်နေတယ် ဆိုရင်ရော??

ငါးကိုင်ပြီးပြီ ဆိုရင်တော့ လက်မှာ ငါးညှီနံ့ စွဲကျန်ခဲ့မှာတော့ အသေအချာပါပဲ။ အဲဒါကို စတီး (စတီး ဒယ်အိုး၊ စတီး ပန်းကန် စသဖြင့်) ကို အသုံးပြုပြီး သန့်စင်ဖယ်ရှားလို့ ရပါတယ်။ ကိုယ့်ရဲ့ ငါးညှီနံ့ စွဲနေတဲ့ လက်ကို စတီးနဲ့ အရင်ဦးစွာ ပွတ်တိုက်ပြီး၊ E-Lan ဆပ်ပြာရည်နဲ့ လက်ကို သေချာ ဆေးကြောလိုက်ရုံပါပဲ။ (ဒါနဲ့ ဒီနည်းက ကြက်သွန်ဖြူအနံ့ စွဲနေရင်လည်း ပျောက်အောင် လုပ်လို့ရပါသေးတယ်နော်။)
နောက်တစ်နည်းကတော့ လက်ကို သံပုရာခွံ၊ ဒါမှမဟုတ် ဗီနီဂါကို အသုံးပြုပြီး ဆေးကြောတာပဲဖြစ်ပါတယ်။ သုံးပြီးသား သံပုရာသီး အခွံနဲ့ လက်အနှံ့ ပွတ်တိုက်ပေးပြီး E-Lan ဆပ်ပြာရည်နဲ့ ဆေးကြောခြင်းက ငါးညှီနံ့ စွဲနေတာကို ဖယ်ရှားနိုင်ပါတယ်။ (သတိပြုရန် : လက်မှာ ရှရာ တစ်ခုခု ရှိနေရင်တော့ ဒီနည်း (၂) ခုလုံးကို ကျွန်မကတော့ မလုပ်စေချင်ပါဘူး။)

 

ရေခဲသေတ္တာမှာ စွဲနေတဲ့ ငါးညှီနံ့ကို ဘယ်လို ဖြေရှင်းလို့ ရမလဲ?

ငါးကို ရေခဲသေတ္တာထဲမှာ ထည့်သိမ်းမယ်ဆိုရင်တော့ ငါးညှီနံ့ စွဲကျန်ခဲ့မှာတော့ အသေအချာပါပဲနော်။ ဒီလို စွဲကျန်ခဲ့တဲ့ ငါးညှီနံ့ကို ဘယ်လို ဖြေရှင်းရမလဲ ဆိုတာကို အခု ကျွန်မက ပြောပြပေးမှာပါ။ အရင်ဆုံး ငါးကို ရေခဲသေတ္တာထဲ သိမ်းမယ်ဆိုရင် လေလုံတဲ့ အလုံပိတ်ဘူးထဲကို ထည့်ပြီး သိမ်းပေးရမှာ ဖြစ်ပါတယ်။ ဒါမှ ငါးညှီနံ့က ဆိုးဆိုးရွားရွား စွဲမကျန်ခဲ့မှာပါ။ မုန့်ဖုတ် ဆိုဒါ မှုန့်က အနံ့စုပ်နိုင်တဲ့အတွက် ရေခဲသေတ္တာထဲမှာ မုန့်ဖုတ် ဆိုဒါ ထားထားမယ်ဆိုရင်လည်း အဆင်ပြေနိုင်ပါတယ်။

 

နောက်ပြီး အခု ပြောပြတဲ့ အဆင့်တွေအတိုင်း လိုက်လုပ်မယ်ဆိုရင် သင့်ရေခဲသေတ္တာထဲက အနံ့တွေကိုပါ ဖယ်ရှားပြီးသား ဖြစ်မှာပါ။

 

၁။ ရေခဲသေတ္တာထဲ သိမ်းထားတဲ့ အစားအသောက်တွေကို အကုန်ရှင်းထုတ်လိုက်ပါ။ အံဆွဲတွေ၊ ဗန်းတွေကိုပါ ထုတ်လိုက်ပါ။    

၂။ ပန်းကန်ဆေး ဆပ်ပြာရည် အနည်းငယ်နဲ့ မုန့်ဖုတ်ဆိုဒါတွေကို ရေနွေး တစ်လီတာနဲ့ ရောဖျော်ပါ။ ကျွန်မကတော့ E-Lan ကို အမြဲလို သုံးပါတယ်။   

၃။ ဖျော်ထားတဲ့ ဆပ်ပြာရည်ကို ဖော့တုံး သုံးပြီး ရေခဲသေတ္တာအနှံ့ ပွတ်တိုက်ပေးပါ။ အနံ့ပိုစွဲနေတဲ့နေရာကို ပိုတိုက်ပေးပါ။

၄။ ပြီးရင် လက်သုတ်ပုဝါ ဒါမှမဟုတ် အဝတ်စ တစ်ခုခုနဲ့ ရေခဲသေတ္တာကို ခြောက်သွားအောင် သုတ်ပေးပါ။

၅။ ရေခဲသေတ္တာကို ပိတ်ထားပြီး လုံဝ ခြောက်သွားအောင် စောင့်ပါ။ ပြီးရင်တော့ အံဆွဲတွေ၊ ဗန်းတွေ သူ့နေရာနဲ့ သူပြန်ထည့်နိုင်ပါပြီ။


ဒီလောက်ဆိုရင်တော့၊ ငါးညှီနံ့ကို ဘယ်လို ဖြေရှင်းရမလဲ သိလောက်ပြီပေါ့နော်။ ငါးဟင်းချက်တဲ့နေ့တွေဆိုရင်လည်း ငါးညှီနံ့ကျန်ခဲ့မှာ စိတ်ပူစရာ မလိုတော့သလို ရေခဲသေတ္တာထဲမှာ ငါးကို သိမ်းထားမယ်ဆိုရင်လည်း စိတ်ချလက်ချ သိမ်းလို့ရပြီပေါ့။ ဒါဆို ဟင်းချက်ပြီးရင်တောင် အနံ့အသက်ကင်းတဲ့ မီးဖိုချောင်လေး ဖြစ်နေမှာ အသေအချာပါပဲ။ ဒါမှလည်း ကျန်မာရေးနဲ့ ညီညွတ်တဲ့ မီးဖိုချောင် ဖြစ်နေမှာပါ။

 ကုန်ပစ္စည်းများ    

အမှတ်တံဆိပ်    

Related Articles

How to get rid of ants

Thi, thi, kitchen

မီးဖိုချောင်ထဲ ကျူးကျော်လာတဲ့ ပုရွက်ဆိတ်တွေကို အမြစ်ပြတ် ဖြေရှင်းနိုင်မယ့် နည်းလမ်း

ကျွန်မမှာ ဒီပုရွက်ဆိတ်တွေကို ရိုးရိုးရှင်းရှင်းနဲ့ ဖြေရှင်းနိုင်မယ့် နည်းလမ်းရှိပါတယ်။ ဒီနည်းလမ်းမှာ အဆင့် (၃) ဆင့်ပါဝင်ပါတယ်။ ဒီအဆင့်တွေအတိုင်း လုပ်ကြည့်မယ်ဆိုရင် ပုရွက်ဆိတ်တွေကို အလျင်မြန်ဆုံး မီးဖိုချောင်ထဲကနေ မော င်းထုတ်နိုင်မှာပါ။

Read more »
how to stay healthy by keeping your home clean

Thi, cleaning, MR-CARE

ကျန်းမာသန့်ရှင်းရောဂါကင်းအောင် ဘယ်လိုနေထိုင်သင့်လဲ

အခုလို ရောဂါပိုးကူးစက်မှုများပြားနေတဲ့အချိန်မှာ ကိုယ့်အတွက်ရော၊ ကိုယ့်မိသားစုအတွက်ပါ ကျန်းကျန်းမာမာ နေထိုင်ဖို့ ရိုးရှင်းလွယ်ကူတဲ့နည်းလမ်းလေးတွေ မျှဝေပေးချင်ပါတယ်။

Read more »
How to clean your kid's water bottle

Thi

သားသားမီးမီးတို့ရဲ့ ရေဘူးကို အမြဲတမ်း သန့်ရှင်းနေပါစေ

ကျွန်မကတော့ သားလေး ကျောင်းက ပြန်လာလို့ သူ့ရဲ့ ထမင်းဘူးတွေ ဆေးတဲ့အခါတိုင်း ရေဘူးကိုပါ တစ်ပါတည်း ဆေးလေ့ရှိပါတယ်။ ပြီးရင် သေချာတဲ့နေရာတစ်ခုမှာ သိမ်းထားလိုက်ပါတယ်။ နောက်နေ့ မနက် ကျောင်းသွားတဲ့ အခါတိုင်း သန့်ရှင်းသပ်ရပ်တဲ့ ရေဘူးလေးနဲ့ သောက်စေချင်လို့ပဲ ဖြစ်ပါတယ်။ သူတို့ ရေဘူးက လူကြီးတွေ သောက်တဲ့ ရေဘူးနဲ့ မတူတဲ့အတွက် ပြီးပြီးရော ဆေးလို့ မဖြစ်ပါဘူး။ အဖွင့်၊ အပိတ်တွေ၊ ပိုက်တွေပါ ပါတဲ့အတွက် အားလုံး ဖြုတ်ပြီး ဆေးရပါတယ်။ ဒါမှ ရောဂါပိုးမွှားကင်းစင်မှာပါ။ ဒီအောက်မှာ ပြောပြထားတာကတော့ ကျွန်မ သားလေးရဲ့ ရေဘူးကို ဆေးပေးတဲ့ နည်းလမ်း အဆင့်ဆင့်ပါပဲ။

Read more »
How to clean tiled floor

cleaning, Thi, thi

အိမ်မှာ ကြွေပြားတွေ မှန်တစ်ချပ်လို ပြောင်လက်နေစေဖို့

ကြွေပြားသန့်ရှင်းတဲ့အခါ အသုံးပြုရတဲ့ ကြေးချွတ်ဆေးတွေက အင်မတန်မှ အစွမ်းထက်တဲ့အတွက် အချိန်တိုအတွင်း ပြောင်လက်သွားအောင် သန့်ရှင်းနိုင်ပါတယ်။ ကျွန်မ ပြောပြမယ့် ဒီ (၆) ချက်ကိုပါ သိထားမယ်ဆိုရင်တော့ ကြွေပြားသန့်ရှင်းတာက ပိုထိရောက်ပြီး တကယ့်ကို အချိန်တိုတိုနဲ့ ပြောင်လက်နေအောင် သန့်ရှင်းနိုင်မှာ ဖြစ်ပါတယ်။

Read more »
How to clean moulds in wardrode

cleaning, Thi, thi

အဝတ်ဗီရိုမှာ မှိုစွဲနေတာကို ဘယ်လို သန့်ရှင်းမလဲ

အဝတ်ဗီရိုမှာ မှိုစွဲတာက ကြောက်ဖို့ ကောင်းတယ်နော်။ ဗီရိုမှာ မှိုစွဲတာကို မသိပဲ အဝတ်တွေ ဆက်ထားထားမယ်ဆိုရင် အဝတ်အစားတွေထိပါ မှိုတွေက ကူးသွားပြီး ပျက်စီးသွားနိုင်ပါတယ်။

Read more »
How to wash teddy bear

laundry, Thi, thi

ကိုယ့်ကလေးရဲ့ အမွှေးပွ အရုပ်လေးကို ဘယ်လိုလျှော်ပေးမလဲ

အမြဲတမ်းတော့ အရုပ်တစ်ခုလုံးကို သန့်ရှင်းပေးနေဖို့ မလိုပါဘူး။ ဒါပေမယ့် ကလေးတွေက အဆော့မက်တော့ အရုပ်ရဲ့ အချို့နေရာတွေမှာ ညစ်ပတ်နေတတ်ပါတယ်။ ဥပမာ - ရေခဲမုန့်စားနေရင်း အရုပ်မှာ ရေခဲမုန့် ပေသွားတာမျိုးပေါ့။ အဲဒီလိုမျိုး ဖြစ်သွားပြီဆိုရင် …

Read more »
How to clean microwave

Thi, kitchen, thi

မိုက်ခရိုဝေ့ဗ် မီးဖိုကို သန့်သန့်ရှင်းရှင်းဖြစ်စေဖို့

Microwave ကို မသန့်ရှင်းဘဲ ဆက်တိုက် အသုံးပြုမယ်ဆိုရင် Microwave အတွင်းနံရံအနံ့မှာ အဆီတွေ ဝေ့ပြီး ချေးကွက်တွေ ဖြစ်လာတတ်ပါတယ်။ အဲဒီကနေ ဘက်တီးရီးယားတွေ ဖြစ်လာနိုင်ပြီး အစားအစာတွေထိ ပါလာနိုင်ပါတယ်။

Read more »
How to wash kid's shoes with hands

Thi, thi, kitchen

ကလေးတွေရဲ့ ရှူးဖိနပ်ကို လက်နဲ့ ဘယ်လျှော်ကြမလဲ

ဖိနပ်ကို မဆေးကြောခင်မှာ၊ ဖိနပ်မှာပါတဲ့ Label ကို ဖတ်ပြီး ဆေးလို့ ရ၊ မရ သေချာပြီဆိုမှ ဆေးတာ အကောင်းဆုံးပါပဲ။ အခု ကျွန်မ ပြောပြမယ့် Sport Shoes ဆေးတဲ့နည်းကတော့ အင်မတန်မှ ရိုးရှင်းပြီး လွယ်ပါတယ်နော်။

Read more »
How to clean oil stain in the kitchen

Thi, thi, kitchen

မီးဖိုကောင်တာကို အသန့်ရှင်းဆုံး ဖြစ်နေစေမယ့် နည်းလမ်း

မီးဖို ကောင်တာမှာ ညစ်ပတ်နေရင် ဟင်းမချက်တတ်တာလည်း ကျွန်မပါပဲ။ ဒါကြောင့် အမြဲတစေ သန့်ရှင်း ပေးဖြစ်ပါတယ်။ နေ့တိုင်းသန့်ရှင်းပေးတာက ပိုသက်သာပါတယ်နော်။

Read more »
How to clean the iron properly

Thi

မီးပူကို ဘယ်လိုသန့်ရှင်းမလဲ

မီးပူရဲ့ အောက်ခံပြားဟာ ရေနွေးငွေ့တွေကြောင့် သုံးတာ ကြာလာတဲ့အခါမှာ အညိုရောင် ချိုးကွက်တွေ ပေါ်လာလေ့ ရှိပါတယ်။ ကျွန်မ အိမ်က မီးပူမှာလည်း ဒီလို ဖြစ်လေ့ ဖြစ်ထရှိပါတယ်။ အဲဒါက မီးပူမကောင်းလို့ မဟုတ်ပါဘူး၊ ရေက အပူကြောင့် အငွေ့ပျံသွားပြီး အခဲပြန်ဖြစ်တဲ့အခါမှာ ဒီလို အညိုရောင် ချိုးကွက်တွေက ကျန်ခဲ့တတ်ပါတယ်။ အဲဒါကိုလည်း ပြောင်သွားအောင် သန့်စင်တဲ့နည်းလမ်းလေးလည်း ရှိပါတယ်နော်။

Read more »
How to clean your kettle

Thi

သန့်ရှင်း ပြောင်လက်နေတဲ့ ရေနွေးအိုးဖြစ်ဖို့

ကျွန်မကတော့ မီးဖိုချောင်သုံးပစ္စည်းတွေဆိုရင် သန့်ရှင်းပြီး ပြောင်ပြောင်လက်လက်ကလေး ဖြစ်နေမှ သဘောကျပါတယ်။ ဒါကြောင့်၊ ကျွန်မလို စိတ်တူကိုယ်တူ အိမ်ရှင်မတွေအတွက် အခု ရေနွေးအိုးမှာ ရေနွေးငွေ့ ရိုက်လို့ ချိုးကပ်ပြီး ဖြစ်လာတဲ့ အကွက်တွေကို ဘယ်လိုပြောင်အောင် ဆေးလို့ရလဲ ဆိုတော့ ဝေမျှသွားချင်ပါတယ်။

Read more »