အင်္ကျီဆိုရင် ဖြူနေမှ သဘောကျတယ်ဆိုတဲ့ မေမေတွေအတွက်

whites

အဆော့မက်တဲ့ သားလေး တယောက် ပိုင်ဆိုင်ထားရတာ လွယ်တော့ မလွယ်ဘူး။ ကျွန်မက မနက်ကျောင်းသွားရင် အင်္ကျီအဖြူကို သပ်သပ်ရပ်ရပ်လေး ပေးဝတ်လိုက်တယ်၊ ညနေ ကျောင်းက ပြန်လာရင် အင်္ကျီအဖြူက ကြေးတွေနဲ့ အညိုရောင်ဖြစ်နေပြီ။

ဘယ်လိုပဲ ညစ်ထေးလာပါစေ၊ E-Lan ဆပ်ပြာမှုန့်လို အရည်အသွေးကောင်းတဲ့ ဆပ်ပြာမှုန့်ရှိနေရင် လုံးဝ ပြန်ဖြူသွားအောင် လျှော်လို့ရတာမို့၊ ကျွန်မတော့ သိပ်စိတ်မပူပါဘူး။ ကျောင်းအင်္ကျီအဖြူက အရမ်း ညစ်ထေးနေတယ်ဆိုရင်တော့၊ ကျွန်မက လက်နဲ့လျှော်ပြီး၊ သိပ်ပြီး မညစ်ပတ်ဘူးဆိုရင်တော့ စက်နဲ့ လျှော်ဖြစ်ပါတယ်။ အခု ကျွန်မရဲ့ အဝတ်လျှော် နည်းလမ်းလေးကို မျှဝေပေးချင်ပါတယ်။ ကျွန်မလို အဆော့မက်တဲ့ သားလေးကို ပိုင်ဆိုင်ထားတဲ့ မေမေတွေအတွက် လုံးဝ အသုံးဝင်မှာပါနော်။

စက်နဲ့ လျှော်မယ်ဆိုရင် ...

၁။ ကျောင်းအင်္ကျီ အဖြူတွေကို အရောင်ပါတဲ့ အဝတ်အစားတွေကနေ သပ်သပ်ခွဲပြီး လျှော်ပါ။

အင်္ကျီအဖြူချည်းသပ်သပ် လျှော်တာကြောင့် အဝတ်လျှော်စက်ထဲမှာ နေရာ ပိုကျယ်ကျယ်ရမှာ ဖြစ်တဲ့အတွက် စက်က ကြေးတွေ ပြောင်သွားအောင် ပိုပြီး လျှော်ဖွပ်ပေးနိုင်ပါတယ်။

၂။ ရေအေးနဲ့ပဲ လျှော်ပါ။

စက်ရုံထုတ် အင်္ကျီရဲ့ Care Label မှာ ပါတဲ့ ဘယ်လောက် အပူချိန်နဲ့ လျှော်ရမလဲ ဆိုတာကို ဖတ်ပြီး လျှော်ပါ။ ပုံမှန်အားဖြင့် 30°C က အတော်ပါပဲ။

၃။ အရည်အသွေးကောင်းတဲ့ ဆပ်ပြာမှုန့်နဲ့ Conditioner သုံးပါ။

Elan တံဆိပ် ဆပ်ပြာမှုန့်တွေကတော့ အညစ်အကြေးတွေကို အတော်လေး ပြောင်စေပါတယ်။ Fino Conditioner ကတော့ အင်္ကျီရဲ့ အနံ့ကို မွှေးပျံ့နေစေပြီး အင်္ကျီသားကို ပျော့သွားစေပါတယ်။

၄။ လျှော်ပြီးတာနဲ့ ချက်ချင်းလှန်းပါ။

လျှော်ပြီးသွားတဲ့အခါ၊ မလှန်းဖြစ်သေးပဲ အဝတ်လျှော်စက်ထဲမှာ မေ့ပြီး ထားထားမယ်ဆိုရင် အင်္ကျီတွေမှာ ခေါက်ရိုး အရာတွေ ထင်းပြီး ပေါ်လာတတ်ပါတယ်။ နောက်ပြီး၊ စက်ထဲမှာ ရေညှစ်တာကိုလည်း မလုပ်ပါနဲ့။ စက်နဲ့ ရေညှစ်တာက အင်္ကျီကို ပိုပြီး တွန့်ကြေသွားစေသလို၊ အင်္ကျီအသားတွေကိုလည်း ကျုံ့သွားစေပါတယ်။ 

စက်နဲ့လျှော်တာ ပြောပြပြီးသွားပြီဆိုတော့.. လက်နဲ့လျှော်တာဆက်ပြောပြပါ့မယ်။ ဒါကတော့ စက်နဲ့လျှော်လို့ သိပ်အဆင်မပြေတဲ့ အင်္ကျီတွေ၊ (ဥပမာ - ဇာသားပါတဲ့ အင်္ကျီ) အတွက် ဖြစ်ပါတယ်။ 

၁။  အဝတ်လျှော်ဇလားထဲကို ရေထည့်ပြီး Elan ဆပ်ပြာမှုန့်လို အရည်အသွေးကောင်းတဲ့ ဆပ်ပြာမှုန့်နဲ့ ဆပ်ပြာရည်ဖျော်ပါ။

၂။ အင်္ကျီတွေကို ဆပ်ပြာရည်ထဲမှာ စိမ်ထားပါ။

၃။ ရေစင်စင်နဲ့ မဆေးခင်မှာ အင်္ကျီတွေကို လက်နှစ်ဖက်နဲ့ ညင်ညင်သာသာ ပွတ်ပေးပါ။ (လက်နဲ့ မဟုတ်လည်း ဘရက်ချ်ကို အသုံးပြုနိုင်ပါတယ်။)

၄။  အင်္ကျီမှာ အညစ်အကြေးတွေ ကျန်နေသေးတဲ့ နေရာတွေ ရှိနေသေးရင်၊ လက်နဲ့ ထပ်ပြီး ပွတ်တိုက် လျှောက်ပါ။

၅။ လေကောင်းလေသန့်နဲ့ နေရောင်ရတဲ့ နေရာမှာ လှန်းပါ။

ကဲ .. ဒါတွေကတော့ ကျွန်မ အိမ်မှာ အမြဲလျှော်ဖြစ်တဲ့ နည်းလမ်းလေးတွေပါပဲ။ အိမ်မှာ ကလေးရှိတဲ့ မေမေတွေအတွက် ဆိုရင်တော့ ပိုအဆင်ပြေမှာပါနော်။ အင်္ကျီဖြူဖြူ သန့်သန့်လေးနဲ့ ကျောင်းသွားမယ့် ကိုယ့်ရဲ့ ကလေးလေးကို နေတိုင်း မြင်နိုင်ပြီပေါ့။

 ကုန်ပစ္စည်းများ    

အမှတ်တံဆိပ်    

Related Articles

How to get rid of ants

Thi, thi, kitchen

မီးဖိုချောင်ထဲ ကျူးကျော်လာတဲ့ ပုရွက်ဆိတ်တွေကို အမြစ်ပြတ် ဖြေရှင်းနိုင်မယ့် နည်းလမ်း

ကျွန်မမှာ ဒီပုရွက်ဆိတ်တွေကို ရိုးရိုးရှင်းရှင်းနဲ့ ဖြေရှင်းနိုင်မယ့် နည်းလမ်းရှိပါတယ်။ ဒီနည်းလမ်းမှာ အဆင့် (၃) ဆင့်ပါဝင်ပါတယ်။ ဒီအဆင့်တွေအတိုင်း လုပ်ကြည့်မယ်ဆိုရင် ပုရွက်ဆိတ်တွေကို အလျင်မြန်ဆုံး မီးဖိုချောင်ထဲကနေ မော င်းထုတ်နိုင်မှာပါ။

Read more »
how to stay healthy by keeping your home clean

Thi, cleaning, MR-CARE

ကျန်းမာသန့်ရှင်းရောဂါကင်းအောင် ဘယ်လိုနေထိုင်သင့်လဲ

အခုလို ရောဂါပိုးကူးစက်မှုများပြားနေတဲ့အချိန်မှာ ကိုယ့်အတွက်ရော၊ ကိုယ့်မိသားစုအတွက်ပါ ကျန်းကျန်းမာမာ နေထိုင်ဖို့ ရိုးရှင်းလွယ်ကူတဲ့နည်းလမ်းလေးတွေ မျှဝေပေးချင်ပါတယ်။

Read more »
How to clean your kid's water bottle

Thi

သားသားမီးမီးတို့ရဲ့ ရေဘူးကို အမြဲတမ်း သန့်ရှင်းနေပါစေ

ကျွန်မကတော့ သားလေး ကျောင်းက ပြန်လာလို့ သူ့ရဲ့ ထမင်းဘူးတွေ ဆေးတဲ့အခါတိုင်း ရေဘူးကိုပါ တစ်ပါတည်း ဆေးလေ့ရှိပါတယ်။ ပြီးရင် သေချာတဲ့နေရာတစ်ခုမှာ သိမ်းထားလိုက်ပါတယ်။ နောက်နေ့ မနက် ကျောင်းသွားတဲ့ အခါတိုင်း သန့်ရှင်းသပ်ရပ်တဲ့ ရေဘူးလေးနဲ့ သောက်စေချင်လို့ပဲ ဖြစ်ပါတယ်။ သူတို့ ရေဘူးက လူကြီးတွေ သောက်တဲ့ ရေဘူးနဲ့ မတူတဲ့အတွက် ပြီးပြီးရော ဆေးလို့ မဖြစ်ပါဘူး။ အဖွင့်၊ အပိတ်တွေ၊ ပိုက်တွေပါ ပါတဲ့အတွက် အားလုံး ဖြုတ်ပြီး ဆေးရပါတယ်။ ဒါမှ ရောဂါပိုးမွှားကင်းစင်မှာပါ။ ဒီအောက်မှာ ပြောပြထားတာကတော့ ကျွန်မ သားလေးရဲ့ ရေဘူးကို ဆေးပေးတဲ့ နည်းလမ်း အဆင့်ဆင့်ပါပဲ။

Read more »
How to clean tiled floor

cleaning, Thi, thi

အိမ်မှာ ကြွေပြားတွေ မှန်တစ်ချပ်လို ပြောင်လက်နေစေဖို့

ကြွေပြားသန့်ရှင်းတဲ့အခါ အသုံးပြုရတဲ့ ကြေးချွတ်ဆေးတွေက အင်မတန်မှ အစွမ်းထက်တဲ့အတွက် အချိန်တိုအတွင်း ပြောင်လက်သွားအောင် သန့်ရှင်းနိုင်ပါတယ်။ ကျွန်မ ပြောပြမယ့် ဒီ (၆) ချက်ကိုပါ သိထားမယ်ဆိုရင်တော့ ကြွေပြားသန့်ရှင်းတာက ပိုထိရောက်ပြီး တကယ့်ကို အချိန်တိုတိုနဲ့ ပြောင်လက်နေအောင် သန့်ရှင်းနိုင်မှာ ဖြစ်ပါတယ်။

Read more »
How to clean moulds in wardrode

cleaning, Thi, thi

အဝတ်ဗီရိုမှာ မှိုစွဲနေတာကို ဘယ်လို သန့်ရှင်းမလဲ

အဝတ်ဗီရိုမှာ မှိုစွဲတာက ကြောက်ဖို့ ကောင်းတယ်နော်။ ဗီရိုမှာ မှိုစွဲတာကို မသိပဲ အဝတ်တွေ ဆက်ထားထားမယ်ဆိုရင် အဝတ်အစားတွေထိပါ မှိုတွေက ကူးသွားပြီး ပျက်စီးသွားနိုင်ပါတယ်။

Read more »
How to wash teddy bear

laundry, Thi, thi

ကိုယ့်ကလေးရဲ့ အမွှေးပွ အရုပ်လေးကို ဘယ်လိုလျှော်ပေးမလဲ

အမြဲတမ်းတော့ အရုပ်တစ်ခုလုံးကို သန့်ရှင်းပေးနေဖို့ မလိုပါဘူး။ ဒါပေမယ့် ကလေးတွေက အဆော့မက်တော့ အရုပ်ရဲ့ အချို့နေရာတွေမှာ ညစ်ပတ်နေတတ်ပါတယ်။ ဥပမာ - ရေခဲမုန့်စားနေရင်း အရုပ်မှာ ရေခဲမုန့် ပေသွားတာမျိုးပေါ့။ အဲဒီလိုမျိုး ဖြစ်သွားပြီဆိုရင် …

Read more »
How to clean microwave

Thi, kitchen, thi

မိုက်ခရိုဝေ့ဗ် မီးဖိုကို သန့်သန့်ရှင်းရှင်းဖြစ်စေဖို့

Microwave ကို မသန့်ရှင်းဘဲ ဆက်တိုက် အသုံးပြုမယ်ဆိုရင် Microwave အတွင်းနံရံအနံ့မှာ အဆီတွေ ဝေ့ပြီး ချေးကွက်တွေ ဖြစ်လာတတ်ပါတယ်။ အဲဒီကနေ ဘက်တီးရီးယားတွေ ဖြစ်လာနိုင်ပြီး အစားအစာတွေထိ ပါလာနိုင်ပါတယ်။

Read more »
How to wash kid's shoes with hands

Thi, thi, kitchen

ကလေးတွေရဲ့ ရှူးဖိနပ်ကို လက်နဲ့ ဘယ်လျှော်ကြမလဲ

ဖိနပ်ကို မဆေးကြောခင်မှာ၊ ဖိနပ်မှာပါတဲ့ Label ကို ဖတ်ပြီး ဆေးလို့ ရ၊ မရ သေချာပြီဆိုမှ ဆေးတာ အကောင်းဆုံးပါပဲ။ အခု ကျွန်မ ပြောပြမယ့် Sport Shoes ဆေးတဲ့နည်းကတော့ အင်မတန်မှ ရိုးရှင်းပြီး လွယ်ပါတယ်နော်။

Read more »

Thi, thi, kitchen

မီးဖိုချောင်မှာစွဲကျန်နေတဲ့ ငါးညှီနံ့ကို ဘယ်လိုဖြေရှင်းမလဲ

အခု ကျွန်မ ပြောပြတဲ့ အဆင့်လေးတွေ အတိုင်း လိုက်လုပ်ကြည့်ရင် ကိုယ့်ရဲ့ မီးဖိုချောင်လေးက အနံ့အသက် ကင်းစင်ပြီး (ကျွန်မ ပြောချင်တဲ့) ကျန်းမာရေးနဲ့ ညီညွတ်တဲ့ မီးဖိုးချောင်လေး ဖြစ်မှာ အသေအချာပါပဲ။

Read more »
How to clean oil stain in the kitchen

Thi, thi, kitchen

မီးဖိုကောင်တာကို အသန့်ရှင်းဆုံး ဖြစ်နေစေမယ့် နည်းလမ်း

မီးဖို ကောင်တာမှာ ညစ်ပတ်နေရင် ဟင်းမချက်တတ်တာလည်း ကျွန်မပါပဲ။ ဒါကြောင့် အမြဲတစေ သန့်ရှင်း ပေးဖြစ်ပါတယ်။ နေ့တိုင်းသန့်ရှင်းပေးတာက ပိုသက်သာပါတယ်နော်။

Read more »
How to clean the iron properly

Thi

မီးပူကို ဘယ်လိုသန့်ရှင်းမလဲ

မီးပူရဲ့ အောက်ခံပြားဟာ ရေနွေးငွေ့တွေကြောင့် သုံးတာ ကြာလာတဲ့အခါမှာ အညိုရောင် ချိုးကွက်တွေ ပေါ်လာလေ့ ရှိပါတယ်။ ကျွန်မ အိမ်က မီးပူမှာလည်း ဒီလို ဖြစ်လေ့ ဖြစ်ထရှိပါတယ်။ အဲဒါက မီးပူမကောင်းလို့ မဟုတ်ပါဘူး၊ ရေက အပူကြောင့် အငွေ့ပျံသွားပြီး အခဲပြန်ဖြစ်တဲ့အခါမှာ ဒီလို အညိုရောင် ချိုးကွက်တွေက ကျန်ခဲ့တတ်ပါတယ်။ အဲဒါကိုလည်း ပြောင်သွားအောင် သန့်စင်တဲ့နည်းလမ်းလေးလည်း ရှိပါတယ်နော်။

Read more »
How to clean your kettle

Thi

သန့်ရှင်း ပြောင်လက်နေတဲ့ ရေနွေးအိုးဖြစ်ဖို့

ကျွန်မကတော့ မီးဖိုချောင်သုံးပစ္စည်းတွေဆိုရင် သန့်ရှင်းပြီး ပြောင်ပြောင်လက်လက်ကလေး ဖြစ်နေမှ သဘောကျပါတယ်။ ဒါကြောင့်၊ ကျွန်မလို စိတ်တူကိုယ်တူ အိမ်ရှင်မတွေအတွက် အခု ရေနွေးအိုးမှာ ရေနွေးငွေ့ ရိုက်လို့ ချိုးကပ်ပြီး ဖြစ်လာတဲ့ အကွက်တွေကို ဘယ်လိုပြောင်အောင် ဆေးလို့ရလဲ ဆိုတော့ ဝေမျှသွားချင်ပါတယ်။

Read more »