အင်္ကျီအဖြူလေးတွေကိုဖွေးအောင်ဘယ်လိုလုပ်မလဲ

White sheets laundry hangs on the clothesline outside

အဝတ်အစား အဖြူတွေက အရောင်နဲ့ အင်္ကျီတွေထက်စာရင် ပိုပြီး ထိန်းသိမ်းရခက်တယ်ဆိုတာ အားလုံး သိကြမှာပါ။ နောက်ပြီး အင်္ကျီဖြူတွေက နူးညံ့တော့ စက်နဲ့ နှစ်ခါ၊ သုံးခါ လျှော်လိုက်ရင်လည်း ဟောင်းသလို ဖြစ်သွားတတ်တယ်။ ဟောင်းတိုင်း အသစ်ဝယ်ဖို့ကျတော့လည်း အမြဲ အဆင်မပြေနိုင်ဘူးလေ။ ဒီတော့၊ ရှိတဲ့ အင်္ကျီလေးတွေကို ကြာရှည်ခံအောင် လျှော်တာ အကောင်းဆုံးပဲပေါ့။ မမက အင်္ကျီဖြူတွေဆိုရင် တတ်နိုင်သမျှ လက်နဲ့ပဲ သေသေချာချာ လျှော်ဖြစ်တယ်။ လက်နဲ့ လျှော်ရင်တော့ သူက အသစ်ကလေးလိုပဲ အမြဲတမ်း ဖြစ်နေရော။ လျှော်နည်းလည်း သိဖို့လိုတာပေါ့နော်။ အခု မမက အဲဒီလို အင်္ကျီဖြူလေးက အမြဲတမ်း အသစ်ကလေးလို ဖြစ်အောင် လျှော်ဖွပ်နည်းလေး မျှဝေပေးချင်ပါတယ် .. (တတ်နိုင်သမျှ လက်နဲ့ပဲ လျှော်နော်။)

 

၁။ လျှော်တဲ့အခါ အင်္ကျီကို ပြောင်းပြန်လှန်ဖို့ မမေ့ပါနဲ့။

ဒီလို ပြောင်းပြန်လှန်ခြင်းအားဖြင့် အင်္ကျီရဲ့ အပြင်ဘက်က အတွင်းကို ရောက်သွားတာဖြစ်တဲ့ အင်္ကျီ အပြင်ဖက် ထိခိုက်ပျက်စီးတာကို လျော့နည်းစေပါတယ်။

 

၂။ အဝတ်အစား အဖြူတွေကို သပ်သပ် ခွဲလျှော်ပါ။

စက်နဲ့ လျှော်လျှော်၊ လက်နဲ့ လျှော်လျှော် သပ်သပ်စီခွဲလျှော်ပါ။ ဒါမှ တခြား အရောင်ကျွတ်တဲ့ အဝတ်အစားတွေကနေ အရောင်မကူးမှာ ဖြစ်ပါတယ်။

 

 

၃။ တတ်နိုင်သမျှ သဘာဝလေနဲ့ပဲ အခြောက်ခံပါ။

စက်နဲ့ အခြောက်ခံတာက၊ မြန်မြန် ခြောက်သွားစေဆိုပေမယ့် အဝတ်အစားတွေကိုလည်း မြန်မြန် ဟောင်းသွားစေပါတယ်။ အပူဒဏ်ကြောင့်၊ အဝတ်သားတွေက လျော့ရဲပြီး ပုံပျက်တာမျိုး ဖြစ်သွားနိုင်ပါတယ်။ သဘာဝ လေနဲ့ နေရောင်ကလည်း အင်္ကျီတွေကို ပိုပြီး အရောင်တောက်ပ စေပါတယ်။

 

၄။ လျှော်ပြီးတာနဲ့ ချက်ချင်း လှန်းပါ။

မလှန်းပဲ ရေညှစ်ထားတဲ့အတိုင်း ပစ်ထားမယ်ဆိုရင် အဝတ်အစားတွေက၊ ပိုပြီး တွန့်ကြေနေမယ်နော်။ လျှော်ပြီးပြီးချင်း အင်္ကျီချိတ်နဲ့ သေချာ ချိတ်ပြီး လှမ်းမယ်ဆိုရင်တော့၊ ခြောက်တဲ့အခါမှာ တွန့်ကြေမနေပဲ သပ်သပ်ရပ်ရပ်လေး ဖြစ်နေမှာပါ။ အဲဒီတော့၊ မီးပူတိုက်တဲ့ အခါမှာလည်း ပိုပြီး တိုက်ရလွယ်တာပေါ့။ (ဒီလို ချက်ချင်း လှန်း၊ မလှန်းခြင်းရဲ့ သက်ရောက်မှုက အိပ်ရာခင်းတွေမှာဆို ပိုပြီးတောင် သိသာပါသေးတယ်။) 


 

၅။ အရည်အသွေးကောင်းတဲ့ ဆပ်ပြာမှုန့်ကိုသာ အသုံးပြုပါ။

မမကတော့ အဝတ်လျှော်တိုင်း Win တံဆိပ် ဆပ်ပြာမှုန့်ကို အမြဲသုံးဖြစ်ပါတယ်။ ဒီဆပ်ပြာမှုန့် က ကိုယ်လျှော်မယ့် အဝတ်အစား အရေအတွက်ပေါ် မူတည်ပြီး (၁) ဇွန်း၊ (၂) ဇွန်းလောက် ထည့်ရင်တောင် အစွန်းအထင်းတွေကို  သိသိသာသာကို ဖယ်ရှားပေးနိုင်ပါတယ်။ နောက်ပြီး၊ အဝတ်အစားရဲ့ မူလ အရောင်တွေကိုလည်း ထိန်းသိမ်းပေးသလို၊ ပိုလည်း တောက်ပသန့်စင် စေပါတယ်။

 

၆။  Conditioner သုံးပါ။

မမရဲ့ လက်စွဲ Conditioner ကတော့ Fino အမွှေးဆီပါပဲ။ သူက အဝတ်အထည်တွေကို ပျော့ပြောင်း နူးညံ့စေရုံသာမကပဲ၊ ဒီ အဝတ်အစားတွေကို ဟောင်းနွမ်းမသွားအောင်လည်း ထိန်းသိမ်းပေးနိုင်ပါတယ်နော်။ ဒီလို Conditioner သုံးရင်၊ မီးပူတိုက်တဲ့အခါမှာလည်း အရမ်းကိုပဲ အထောက်အကူ ပြုပါတယ်နော်။

 

၇။ အစွန်းအထင်းတွေ့တာနဲ့ ချက်ချင်း ချွတ်ပါ။

မဟုတ်ရင်၊ အဝတ်အစားမှာ အမြဲတမ်း စွဲသွားမှာပါ။ အဝတ်အစားပေါ်မှာ အစွန်းက ခြောက်သွေ့သွားမယ်ဆိုရင်၊ အစွန်းက အဝတ်မှာ အမြဲတမ်း စွဲကျန်သွားပါလိမ့်မယ်။ ဒါကြောင့် အစွန်း စွန်းပြီ ဆိုတာနဲ့ ဆပ်ပြာမှုန့်ကို သုံးပြီး၊ အဲဒီအစွန်းနေရာကို နည်းနည်းပါးပါး ပွတ်တိုက်ပေးတာ သင့်တော်ပါတယ်။

 

အခုဆိုရင် အင်္ကျီကို ဘယ်လို ပိုဖြူအောင် လျှော်ရမလဲဆိုတာ သိပြီးပြီဆိုတော့၊ အင်္ကျီဖြူဖြူလွင်လွင်လေးနဲ့ ဘယ်နားသွားသွား တဝကြီး လှနေနိုင်ပြီပေါ့ရှင်။

 ကုန်ပစ္စည်းများ    

အမှတ်တံဆိပ်    

Related Articles

Ma

How to clean wooden floor

မမရဲ့ အိမ်က ဖေဖေ၊ မေမေတို့ လက်ထက်ကတည်းကဆိုတော့ နွေဖက်တွေဆိုလည်း အေးအေးလူလူရှိဖို့ သစ်သားကြမ်းခင်းတွေကို ခင်းခဲ့ကြတယ် ထင်ပါရဲ့။ သစ်သားကြမ်းခင်း တွေဟာ ရာသီဥတုဒဏ်ကြောင့် ဆွေးမြေ့တတ်သလို၊ သန့်ရှင်းရေး ခဏခဏ လုပ်ပြန်ရင်လည်း ဆွေးမြေ့လာတတ်လို့ တော်တော်လေးကို သတိနဲ့ လုပ်ဖို့လိုပါတယ်။ ဒါကြောင့် ဒီနေ့မှာတော့ မမက သစ်သားကြမ်းခင်းတွေကို ဘယ်လိုသန့်ရှင်းရမလဲ ပြောပြပေးသွားပါမယ်။

Read more »

ma, Ma, cleaning, MR-CARE

How to clean squatting toilet

မမတို့ အိမ်က မမရဲ့ ဖေဖေ၊ မေမေ လက်ထက်ကတည်းက ထားခဲ့တဲ့ အိမ်ဆိုတော့ တချို့နေရာလေးတွေမှာ မြန်မာဆန်ဆန်ပဲ ရှိနေပါတယ်။ ဒီတော့ အိမ်က အိမ်သာကလည်း မြန်မာအိမ်သာပါပဲ၊ ထိုင်ပြီး သွားရတဲ့ ပုံစံမျိုးပါ။

Read more »
How to remove underarms stain

Ma

How to remove underarms stain

အင်္ကျီချိုင်းမှာ အဝါရောင် အစွန်းကွက် ဖြစ်တာမျိုးက၊ အဓိက ကတော့ ချိုင်းချွေးနံ့ ပျောက်အောင် သုံးတဲ့ ချိုင်းလူဆေးတို့၊ ဘော်ဒီစပေရေးတို့ကြောင့် အဓိက ဖြစ်တာပါ။ ချွေးထွက်လာတဲ့အခါမှာ ဒီ အလူမီနီယံပါတဲ့ ချိုင်းချွေးနံ့ပျောက်ဆေးက ချွေးနဲ့ ဓာတ်ပြုပြီး အင်္ကျီမှာ အဝါရောင် အစွန်းကွက် ပေါ်လာတာပေါ့။ မမက အခု၊ ဒီအင်္ကျီချိုင်းအောက်က အစွန်းကွက်ကို ပြောင်သွားအောင် ဘယ်လို နည်းနဲ့ ချွတ်ရမလဲ ဆိုတာ မမက မျှဝေပေးမှာပါ။

Read more »
How to get rid of mice in your house

Ma

How to get rid of mice in your house

မမရဲ့ အိမ်က မြေညီထပ်ဆိုတော့ တခြားအထပ်တွေထပ် ကြွက်ကအိမ်ထဲကို ပိုဝင်တတ်တယ်။ အိမ်မှာကလဲ ကလေးတွေရှိတော့ ဝင်ပြီဟေ့ဆို အရမ်းကိုစိတ်ညစ်ရပါတယ်။ ဒီတော့ သောင်းကျန်းနေတဲ့ ကြွက်တွေကို ဖမ်းဖို့ မမ ရဲ့ ကြွက်ထောင်ချောက် လုပ်တဲ့နည်းလမ်းလေးကို ပြန်ပြီး ပြောပြပေးမယ်နော်။

Read more »
How to clean soot in the pot

Ma, ma, cleaning

How to clean soot in the pot

မနက်ခင်းဆို အမျိုးသား အလုပ်သွားဖို့ ချက်ပြုတ်ပေးရ၊ သားသားတို့ ကျောင်းသွားဖို့ ပြင်ဆင်ပေးရတဲ့ အချိန်ဟာ မမရဲ့ အလုပ်အများဆုံး အချိန်တွေပဲလေ။

Read more »
How to clean your kid's lunch box

Ma

How to clean your kid's lunch box

ဒီမှာ မမ အကြံပေးချင်တာက ကလေးတွေရဲ့ ထမင်းဘူးလေးတွေကို သေသေချာချာလေး ဆေးပေးဖို့ပါပဲ။ ထမင်းဘူးသေချာမဆေးတဲ့ အခါ ဆီတွေအညစ်အကြေးတွေက မပြောင်တော့ ဘက်တီရီးယား ရောဂါပိုးမွှားတွေ ကပ်ငြိနေမှာပါပဲ။

Read more »
To be like a new to your kid's uniform

Ma

To be like a new to your kid's uniform

မမကတော့ ကိုယ့်ရဲ့ ကလေးလေးတွေ ကျောင်းစိမ်းအင်္ကျီ တောက်တောက်ပြောင်ပြောင်လေးနဲ့ပဲ အမြဲတမ်း ကျောင်းသွားစေချင်တယ်။ သန့်သန့်ရှင်းရှင်းလေးပေါ့။ ဒါမှကလေးတွေလည်း စိတ်ကြည်လင်နေမယ်လေ။ အင်္ကျီက မွဲခြောက်ခြောက်နဲ့ ပေပေရေရေ ဖြစ်နေမယ်ဆို သူများကလေးတွေကြားမှာ ကိုယ့်ကလေးလေး မျက်နှာငယ်နေရမှာပေါ့။ ကိုယ့်ကလေလေးတွေကို မျက်နှာ မငယ်စေချင်တဲ့ ညီမလေးတို့အတွက် မမက ကျောင်းစိမ်းအင်္ကျီတွေကို အမြဲတမ်း တောက်တောက်ပြောင်ပြောင် ဖြစ်စေမယ့် နည်းလေးကို ပြောပြလိုက်ပါတယ်။

Read more »
How to remove mud stain

Ma, laundry

How to remove mud stain

မမက ကလေးတွေကို ပြန်ရောက်တာနဲ့ ရေမိုးချိုး၊ အဝတ်အစားလဲပေးပြီးမှပဲ အဝတ်လျှော်တဲ့စခန်း ရောက်တော့တယ်။ရွံ့ဗွက်တွေပေနေတဲ့ ဘောင်းဘီကို လျှော်ဖွပ်ရတာ နည်းနည်းတော့ လက်ဝင်တယ်လေ၊ ဟုတ်တယ်မလား၊ ဒါကြောင့် ညီမတို့ကို မမက လွယ်ကူတဲ့ နည်းလမ်းလေး ပြောပြချင်ပါတယ်။

Read more »