
ဂျင်းထည်တွေကိုသစ်လွင်တောက်ပအောင် သေချာလျှော်ကြမယ်။
မဟေသီက ဟေလေးက ဒီနေ့တော့ ဘယ်တော့မှ ရိုးမသွားမယ့် ဂျင်းထည်တွေကို ဘယ်လိုလျှော်ပြီး ထိန်းသိမ်းမယ်ဆိုတာကို ပြောပြမယ်နော်။
ဟေလေးတို့ အဝတ်များတာ ဂျင်းဆို ဂျင်းဘောင်းဘီပဲ။ ဂျာကင်ဆိုလည်း ဂျင်းလေးက အပေအတေ ခံတယ်။ စတိုင်လည်းကျတယ်။
ဒါပေမယ့် ဟေလေးတို့က ဂျင်းတွေ ဝတ်ပါများလာတော့ သေချာထိန်းသိမ်းဖို့ မလိုလောက်ဘူးအထင်နဲ့ သေချာ မလျှော်ကြဘူးလေ။ ကြာတော့ ဂျင်းလေးတွေ သေချာလျှော်ရဲ့သားနဲ့ နည်းနည်းဟောင်းလာတာတို့ ဆွေးလာတာတို့ ဖြစ်လာတာမျိုး ကြုံရတယ်ဟုတ်။ ဒါဆို အခု ဟေလေးက ဂျင်းလေးတွေကို လက်နဲ့ပဲ ဘယ်လိုလျှော်မလဲဆိုတာ ရေးပြမယ်။ ချစ်တို့ လိုက်ဖတ်နော်။
၁။ အစွန်းချွတ်ဆေး Bleach တွေသုံးမယ်ဆို အကွက်တွေဖြစ်တတ်တယ်နော်။ ဒါကြောင့် ဟေလေးတို့က ရိုးရိုးဆပ်ပြာမှုန့်ပဲ သုံးပြီး လျှော်ရုံနဲ့ အစွန်းတွေကို ဖယ်ရှားကြမယ်။
၂။ အာ့ကြောင့် ဂျင်းကို အပြင်က တောက်ပသစ်လွင်နေအောင်လို့ လျှော်မယ်ဆို ဂျင်းကို ကို အတွင်းကနေ အပြင်ကိုလှန်ပြီး လျှော်ရမယ်နော်။
၃။ သဘာဝအတိုင်း သစ်လွင်တောက်ပနေအောင် ဟေလေးက E.Co Naturals ဆပ်ပြာမှုန့်ကို သုံးမယ်။ E.Co Naturals က ဆီအစွန်းအထင်းတွေကို ထိထိရောက်ရောက် ဖယ်ရှားပေးနိုင်တာမို့ ဟေလေးရဲ့ ဂျင်းတွေလျှော်ဖို့ အကောင်းဆုံးပဲလေ။
၄။ ဆပ်ပြာမှုန့်ကို လိုသလောက်ထည့်။ ဇလုံထဲမှာ အမြှုပ်ထအောင် အရင်လက်နဲ့မွှေနော်။ ပြီးရင် လျှော်မယ့် ဂျင်းထည်တွေကို အရင်စိမ်မယ်။
၅။ စောနက အစွန်းတွေနားကို ပြောင်အောင်လို့ သေချာလေး လက်နဲ့ ဖွပ်နော်။
၆။ ပြီးရင် ဆပ်ပြာတွေပြောင်အောင် ရေသေချာဆေး၊ နောက်ဆုံး တစ်ရေမှာ Fino Softener အမွှေးဆီလေးထည့်ပြီး ငါးမိနစ်လောက် စိမ်ထား။
၇။ စိမ်ပြီးရင် ရေတွေစင်အောင်ဆေးစရာမလိုဘူး။ ဒီအတိုင်းပဲ ရေကုန်အောင် ညှစ်ပြီး နေပူထဲလှမ်းရုံပဲ။
ဒါဆို ဟေလေး ပြောသလို ဂျင်းတွေကို လျှော်ကြည့်ပြီး အသစ်လိုပဲ အမြဲတမ်း တောက်ပနေတဲ့ ဂျင်းထည်လေးတွေ ဝတ်ပြီး စတိုင်ကျအောင် နေကြမယ်နော်။
မဟေသီကို ချစ်တဲ့ သူငယ်ချင်းတွေ အစအစအရာရာ အဆင်ပြေပြီး သာယာလှပတဲ့ နေ့ရက်တွေ ပိုင်ဆိုင်ကြပါစေလို့ ဟေလေးက ဆုတောင်းပေးလိုက်ပါတယ်နော်။
ချစ်တဲ့ ဟေလေး။
AddThis is disabled because of cookie consent
Related Articles

Hay
ကိုယ့်အိမ်အသစ်ကို သန့်စင်ရှင်းလင်းနေအောင် ဘယ်လို ထားသင့်သလဲ?
ဟေက ကျောင်းပြီးလို့ အလုပ်တဖက်နဲ့ ဖြစ်လာတော့၊ ကိုယ့်အခန်းနဲ့ ကိုယ်၊ ကိုယ်ခြေထောက်ပေါ် ကိုယ်ရပ်ဖို့ ဖြစ်လာရပြီလေ။ ကိုယ့်အခန်းနဲ့ ကိုယ်နေရတော့မှာဆိုတော့ တခန်းလုံးကို သန့်ရှင်းရေးလုပ်ဖို့ ကိုယ့်တာဝန်ဖြစ်လာတာပေါ့။ အခု ဟေ့လောလောဆယ် အသုံးပြုတဲ့အိမ်သန့်ရှင်းရေး နည်းလမ်းလေးတွေကို share မယ်နော်။

Hay, cleaning, hay
ရေဆင်းပေါက်ပိတ်တာကို လွယ်လွယ်ကူကူဖြေရှင်းမယ်
တစ်ခါတစ်လေ ကိုယ်က အပေါက်ပိတ်နေတာကို မသိလိုက်မိဘဲ ရေသုံးမိတာမျိုးဖြစ်တတ်တယ်။ အဲခါကျ ရေတွေ လျှံလာတာမျိုးတွေပါ ဖြစ်တတ်ကော။ စိတ်မပူပါနဲ့။ ဟေလေး အခုပြောပြမယ့် နည်းလမ်းလေးတွေကို စမ်းကြည့်မယ်နော်။

Hay
အဝတ်အစားတွေကို လက်နဲ့လျှော်ကြမယ်
ဟေလေးကို မေးမှာပေါ့။ အဝတ်လျှော်စက်တွေရှိနေတာ ဘာလို့လက်နဲ့လျှော်မှာလဲပေါ့။ ဟေလေးတို့ကျတော့ မြန်မာဝတ်စုံလေးတွေ ပိုးသားလေးတွေ ဆွဲသား ကတ္တီပါ အဲဒါမျိုးတွေတော့ လက်နဲ့လျှော်တော့ အရမ်းကြီး အင်္ကျီကိုမထိခိုက်တော့ဘူး။ အဲ ကျောက်တွေကပ်ထားတယ်ဆို ပိုတောင် ဂရုစိုက်ရသေးတယ်။ စက်နဲ့ ရောလျှော်မှ ပြုတ်ကုန်မှ အသည်းကွဲရဦးမယ်။ ဒါပေမယ့် အခု ဟေလေးပြောမယ့် လက်နဲ့လျှော်တဲ့အကြောင်း ကတော့ အားလုံးအဆင်ပြေမယ်လို့ ယုံကြည်တယ်။

Hay
အရောင်တောက်တောက် အင်္ကျီလေးတွေကြောင့် ယုံကြည်မှုတွေတိုးလာပြီပေါ့
အလုပ်ပဲသွားသွား၊ ပါတီတွေပဲသွားသွား၊ သာမန် တွေ့ဆုံပွဲမျိုးပဲသွားသွား၊ ကိုယ်နဲ့ လိုက်ဖက်တဲ့ အရောင်တောက်တောက်ကလေးတွေ၊ ဒါမှမဟုတ် အဖြူရောင် လွင်လွင်လေးတွေ ဝတ်ဖြစ်တယ်။ အဲဒီလိုဝတ်သွားရင် ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု ပြည့်တယ်လို့လည်း ခံစားရတယ်လေ။ ဒီတော့ အခု ပြောပြချင်တာက၊ အဝတ်အစား အဖြူရောင်တွေနဲ့ အဝတ်အစား အသစ်တွေကို အရောင်မကူးအောင် ဟေက ဘယ်လို လျှော်လဲ ဆိုတာပါ။

Hay, laundry, hay
ဘရာလေးတွေကို မပျက်စီးအောင်လျှော်ကြမယ်
Bra တစ်ထည်လျှော်တာလေ အင်္ကျီတစ်ထည်လျှော်တာထက် ပိုခက်တယ်နော်။ စက်နဲ့ လျှော်မယ်ဆို အင်္ကျီကလေ ဒီတိုင်း လုံးထွေးထည့်လိုက်ရင် ရတယ်ဆိုပေမယ့်လည်း Bra ကျတော့ ရေညှစ်တဲ့ အဆင့်ရောက်ရင် ချိတ်တွေ Bra ကြိုးတွေ ညှိကုန်တာနဲ့ အလုပ်တွေ ရှုပ်ကုန်ရော။ ဒါကြောင့်မို့ Bra ကို လက်နဲ့သေချာလေး အချိန်ပေးပြီး လျှော် တာအကောင်းဆုံးပါပဲနော်

Hay, cleaning, hay
Canvas ဖိနပ်လေးတွေကို သန့်ရှင်းအောင် ဘယ်လိုထိန်းသိမ်းမလဲ
ဟေလေးကတော့ အဲလို ကင်းဗတ်ဖိနပ်လေးတွေဆို ဝတ်ရတာ အရမ်းကြိုက်တာ။ အဖြုလေးတွေဆို အရမ်းလှ။ တစ်ခုရှိတာက အဖြူဆို လျှော်ရတယ်ပေါ့။ အဖြူမှ မဟုတ်ဘူး တခြားအရောင်လဲ လျှော်ရတာပါပဲ။ အဲ သူက အလျှော်မကောင်းရင် ဖိနပ်လေးတွေက နည်းနည်းပုံပျက်တာမျိူး၊ ဖိနပ်ကို သေချာအခြောက်မခံရင် မာသွားတာမျိုးတွေရှိတယ်။

Hay
အင်္ကျီမှာမိတ်ကပ်စွန်းရင် ဘယ်လို ပြန်ဖျက်မလဲ ..
မိတ်ကပ်လေး စွန်းတာကို အိမ်မှာ ထမင်းစား ဇွန်းရယ်၊ အရည်အသွေးကောင်းတဲ့ အီလန် တံဆိပ် ဆပ်ပြာမှုန့်ရယ် ရှိနေရုံနဲ့ အလွယ်တကူ ဖြေရှင်းလို့ရတဲ့နည်းလမ်းလေးတွေ့ပြီလေ။ အသာလေး အစွန်းချွတ်ပြီး၊ သေချာလျှော်၊ ပြီးရင် နေပူမှာ ပြန်လှန်းလိုက်ရင် အသစ်ကလေးလို ပြန်ဖြစ်သွားတယ်။ ကဲ အင်္ကျီမှာ မိတ်ကပ်တွေ စွန်းသွားရင် ဟေကဘယ်လို ပြန်လျှော်လဲဆိုရင်…

Hay
မီးပူဘယ်လို တိုက်ကြမလဲ
ဟေကတော့ အပြင်ထွက်ရင်၊ အမြန်လိုနေရင်တောင်မှ တတ်နိုင်သမျှ ပြင်ဆင်ပြီးမှ ထွက်ဖြစ်ပါတယ်။ ကိုယ်က မိတ်ကပ်တွေ ဘာတွေ မလိမ်းဖြစ်ဘူးဆိုရင်တောင်မှ၊ အဝတ်အစား သပ်သပ်ရပ်ရပ်ကလေးနဲ့ အမြဲသွားတယ်။ ဒီတော့ ဟေက အဝတ်အစားတွေဆိုရင် မီးပူတိုက်ပြီးမှ ဝတ်တာပေါ့။

Hay, clothing-care, hay
အင်တာဗျူးဖြေဖို့အတွက် အဝတ်အစားကို ဘယ်လိုပြင်ဆင်ကြမလဲ
ဟေလေးတို့ များသောအားဖြင့် အင်တာဗျူးတစ်ခုဖြေဖို့ သွားမယ်ဆိုရင် အဝတ်အစားထက် ဖြေနိုင်ဖို့က အရေးကြီးတယ်လို့ ထင်တာများတယ်။ မှန်တော့မှန်ပေမယ့် ဟေလေးအနေနဲ့ ကိုယ့်ရဲ့ ဝတ်စားဆင်ယင်မှုက တစ်ဝက်လောက်တော့ဆိုင်တယ်။