ကိုယ့်ကလေးရဲ့ အမွှေးပွ အရုပ်လေးကို ဘယ်လိုလျှော်ပေးမလဲ

ကလေးတွေရဲ့ အမွှေးပွ ရုပ်လေးတွေက သန့်ရှင်းပေးဖို့ လိုလို့လားလို့ မေးလာရင် အမေတစ်ယောက်အနေနဲ့ ကျွန်မကတော့ ၁၀၀% လိုအပ်တယ်လို့ ဖြေချင်ပါတယ်နော်။ ဘာလို့လဲဆိုတော့ ကလေးတွေက သူတို့ရဲ့ အရုပ်တွေနဲ့ ဘယ်တော့မှ မခွာဘူးလေ။ ဘယ်သွားသွား အရုပ်ကလေး ယူသွားရမှ၊ အိပ်ပြီဆိုရင်လည်း အရုပ်လေး ဖက်ပြီး အိပ်ရမှ၊ အဲလိုဆိုတော့ အဲဒီ အရုပ်ကလေးကသာ ဖုန်တွေ၊ အညစ်အကြေးတွေကြောင့် မသန့်မရှင်း ဖြစ်နေရင် ကလေးမှာ ရောဂါပိုးဝင်ပြီး နာမကျန်း ဖြစ်နိုင်ပါတယ်။ နောက်ပြီး ကလေးတွေနဲ့ အနီးအနားမှာ ရှိတဲ့ အရာတိုင်းက သန့်ရှင်းနေဖို့ လိုအပ်တယ်လေ။ ဒါမှလည်း သူတို့လေးတွေ ကျန်းမာ ပျော်ရွှင်ပြီး နေထိုင်လို့ ကောင်းမှာပါ။ သူတို့လေးတွေ ကျန်းမာ ပျော်ရွှင်တယ်ဆိုရင် မေမေတွေလည်း ပျော်ရတယ်မဟုတ်လား။

 ဒါကြောင့် အခု ကျွန်မ ပြောပြပေးချင်တာကတော့ သူတို့ရဲ့ ဝက်ဝံရုပ်လေးတွေလို အမွှေးပွ အရုပ်လေးတွေကို သန့်ရှင်းသွားအောင် လျှော်ဖွပ်တဲ့ နည်းပါပဲ။ မေမေတွေ မဖြစ်မနေ သိထားသင့်တဲ့ အကြောင်းအရာပါနော်။

 

အရုပ်ရဲ့ အမွှေးတွေကို ဘယ်လိုမျိုး သန့်ရှင်းနိုင်လဲ??

အမြဲတမ်းတော့ အရုပ်တစ်ခုလုံးကို သန့်ရှင်းပေးနေဖို့ မလိုပါဘူး။ ဒါပေမယ့် ကလေးတွေက အဆော့မက်တော့ အရုပ်ရဲ့ အချို့နေရာတွေမှာ ညစ်ပတ်နေတတ်ပါတယ်။ ဥပမာ - ရေခဲမုန့်စားနေရင်း အရုပ်မှာ ရေခဲမုန့် ပေသွားတာမျိုးပေါ့။ အဲဒီလိုမျိုး ဖြစ်သွားပြီဆိုရင် …

 

၁။ အရင်ဆုံး အရုပ်မှာပါတဲ့ ညွန်ကြားချက် Label ကို အရင်ဖတ်ရမှာပါ။ (Label ကို မဖတ်မိဘဲ အဆင်ပြေသလို လျှော်လိုက်လို့ အရုပ်တစ်ခုခု ပျက်စီးသွားမယ်ဆိုရင် ကလေးက စိတ်ညစ်သွားတော့မှာပါ။)

 

၂။ Label မှာ ဒီအရုပ်က လျှော်လို့ ရတယ်လို့ ပြောထားတယ် ဆိုရင်တော့၊ အရုပ်ရဲ့ ညစ်ပတ်သွားတဲ့ နေရာကို ရေအရင် ဆွတ်ပေးပါ။ (အရုပ်တစ်ခုလုံးကို မဆိုလိုပါ။)

 

၃။ ပြီးရင် အဲဒီညစ်ပတ်တဲ့နေရာကို E-Lan ဆပ်ပြာရည် ထည့်ပေးပါ။

 

၄။ အားနဲ့ မဟုတ်ဘဲ ညင်ညင်သာသာပဲ ညစ်ပတ်နေတာကို တိုက်ချွတ်ပါ။

 

၅။ ပြီးရင် ရေစိုနေတဲ့ အဝတ်စ တစ်ခုနဲ့ ဆပ်ပြာတွေ စင်သွားအောင် သုတ်ပါ။ ရေနည်းနည်းလောက်နဲ့လည်း ဆေးကြောသန့်စင်နိုင်ပါတယ်။ ရေတွေ အရမ်း မစိုအောင်တော့ သတိထားပါ။

 

၆။ နေပူလှန်းပြီး လေကောင်းလေသန့်ရတဲ့ နေရာမှာ အခြောက်ခံပါ။

 

ဒါကတော့ ညစ်ပတ်သွားတာကို မြင်မှ ညစ်ပတ်တဲ့ နေရာလေးကိုပဲ ကွက်ပြီး လျှော်တာပေါ့နော်။ ပုံမှန်အားဖြင့် အရုပ်တစ်ခုလုံးကိုလည်း လျှော်ပေးသင့်ပါတယ်။ တကယ်လို့ အရုပ်မှာ ပါတဲ့ Label မှာ လျှော်လို့ရတယ်လို့ ရေးထားတယ်ဆိုရင် ကျွန်မတို့ အဝတ်လျှော်စက်နဲ့ လျှော်နိုင်ပါတယ်။

 

ဝက်ဝံရုပ်လေးကို အဝတ်လျှော်စက်နဲ့ ဘယ်လို လျှော်မလဲ?

အမွှေးပွ အရုပ်တိုင်းကတော့ စက်နဲ့ လျှော်ဖို့ မသင့်ပါဘူး။ အင်မတန် ပျော့ပြီး နူးညံ့တဲ့ အသားနဲ့ လုပ်ထားတဲ့ အရုပ်မျိုး၊ အထဲမှာ ဖော့လုံးလေးတွေ ပါတဲ့ အရုပ်တွေမျိုးဆို  စက်နဲ့ လျှော်လို့ အဆင်မပြေနိုင်ပါဘူး။ အရမ်းဟောင်းနေပြီ ဖြစ်တဲ့ အရုပ်တွေဆိုရင်လည်း မလျှော်သင့်ပါဘူး။ တကယ်လို့ ကိုယ့်ကလေး ဆော့နေကြ ဝက်ဝံရုပ်လေးက စက်နဲ့ လျှော်လို့ရတယ်ဆိုရင်တော့ အခုပြောပြမယ့် နည်းလမ်းတွေအတိုင်း စက်နဲ့ လျှော်ဖွပ်နိုင်ပါတယ်။

 

၁။ဝက်ဝံ အမွှေးပွရုပ်မှာ အဝတ်အစား တစ်ခုခု ထပ်ဝတ်ပေးထားတယ် ဆိုရင်၊ အဲဒါကို ဖြုတ်ပါ။ အဲဒါမှ စက်ထဲမှာ ငြိမနေမှာ ဖြစ်ပါတယ်။

၂။ အရုပ်မှာ အပေါက်အပြဲတွေရှိနေရင် မလျှော်ခင် အရင် ပြန်ဖာရပါမယ်။ အမွှေးအမ ျှင် အစအနတွေ ထွက်နေရင် ညှပ်ပစ်ပေးပါ။

၃။ စက်မှာ Delicate နဲ့ လျှော်ရင် သုံးတဲ့ ပိုက်ကွန်လို အိတ် (သို့) ခေါင်းအုံးစွပ်ထဲကို အရုပ်ကို ထည့်ပါ။

၄။ E-Lan ဆပ်ပြာမှုန့်ကို သုံးပြီး အဝတ်လျှော်စက်မှာ Delicate (သို့) Hand-wash Cycle နဲ့ လျှော်နိုင်ပါပြီ။

 

စက်နဲ့ မဟုတ်ပဲ လက်နဲ့လည်း လျှော်နိုင်ပါတယ်။ အရမ်းဟောင်းနေတဲ့ ဝက်ဝံရုပ်မျိုးနဲ့ လက်နဲ့ လျှော်နိုင်ပါတယ်။

၁။ အဝတ်လျှော် ဇလားထဲမှာ ရေအေးနဲ့ ဆပ်ပြာမှုန့်နဲ့ ထည့်ပြီး ရောမွှေပါ။

၂။ ဝက်ဝံရုပ်ကို ဇလားထဲ နှစ်လိုက်ပါ။ အရုပ်တစ်ခုလုံး ရေစိုသွားအောင် ခဏစောင့်ပါ။

၃။ ပြီးရင် အရုပ်ကို ပြန်ဆယ်ပြီး ဆပ်ပြာရည်တွေ ကုန်သွားအောင် စောင့်ပါ။

၄။ ဆပ်ပြာရည်တွေ လုံးဝ ကုန်သွားအောင်ထိ ရေနဲ့ ဆေးပါ။

၅။ နေရောင်ရပြီး လေကောင်းလေသန့်ရတဲ့ နေရာမှာ အခြောက်ခံပါ။

 

ဒါနဲ့ သတိထားရမယ့် တစ်ခု ရှိပါသေးတယ်။ အဲဒါကတော့ ရေနွေးနဲ့ မလျှော်ရပါဘူး။ အရုပ်ရဲ့ အမွှေးလေးတွေကို ထိခိုက်နိုင်တဲ့အတွက်ကြောင့်ပဲ ဖြစ်ပါတယ်။

 

လျှော်ပြီးသွားရင်တော့၊ ရေတွေ စင်သွားအောင် မျက်နှာသုတ်ပုဝါ ဖြစ်ဖြစ်၊ တစ်ခုခုနဲ့ သုတ်ပေးသင့်ပါတယ်။ ပြီးရင် နေပူထဲမှာ အခြောက်လှန်းနိုင်ပါပြီ။ အဝတ်တန်းမှာ ချိတ်ဆွဲပြီး လှန်းတာမျိုး သိပ်မသင့်တော်ပါဘူးနော်၊ အရုပ် ပုံပျက်သွားနိုင်ပါတယ်။ ခြောက်သွားရင် ဘီးလေးနဲ့တောင် အရုပ်ရဲ့ အမွှေးတွေကို ဖြီးပေးနိုင်သေးတယ်နော်။

 

ဒီလောက်ဆို အရုပ်လျှော်တာနဲ့ ပက်သက်ပြီး တော်တော်လေး စုံပြီ ထင်ပါတယ်။ လေ ျှာ်ပေးနေကြ မမေတွေကတော့ ဒီနည်းကို သိပြီးသား ဖြစ်မှာပါ။ မသိသေးတဲ့ မေမေတွေကတော့ ဒါဖတ်ပြီးတာနဲ့ လျှော်ပေးဖို့ စဉ်းစားသင့်ပြီနော်။ ဒီအရုပ်က မသန့်ရှင်းပေးတာ ဘယ်လောက်ကြာပြီလဲ ဆိုတာ ချိန်ဆပြီး လျှော်ပေးသင့်ပါတယ်နော်။

 ကုန်ပစ္စည်းများ    

အမှတ်တံဆိပ်    

Related Articles

How to get rid of ants

Thi, thi, kitchen

မီးဖိုချောင်ထဲ ကျူးကျော်လာတဲ့ ပုရွက်ဆိတ်တွေကို အမြစ်ပြတ် ဖြေရှင်းနိုင်မယ့် နည်းလမ်း

ကျွန်မမှာ ဒီပုရွက်ဆိတ်တွေကို ရိုးရိုးရှင်းရှင်းနဲ့ ဖြေရှင်းနိုင်မယ့် နည်းလမ်းရှိပါတယ်။ ဒီနည်းလမ်းမှာ အဆင့် (၃) ဆင့်ပါဝင်ပါတယ်။ ဒီအဆင့်တွေအတိုင်း လုပ်ကြည့်မယ်ဆိုရင် ပုရွက်ဆိတ်တွေကို အလျင်မြန်ဆုံး မီးဖိုချောင်ထဲကနေ မော င်းထုတ်နိုင်မှာပါ။

Read more »
how to stay healthy by keeping your home clean

Thi, cleaning, MR-CARE

ကျန်းမာသန့်ရှင်းရောဂါကင်းအောင် ဘယ်လိုနေထိုင်သင့်လဲ

အခုလို ရောဂါပိုးကူးစက်မှုများပြားနေတဲ့အချိန်မှာ ကိုယ့်အတွက်ရော၊ ကိုယ့်မိသားစုအတွက်ပါ ကျန်းကျန်းမာမာ နေထိုင်ဖို့ ရိုးရှင်းလွယ်ကူတဲ့နည်းလမ်းလေးတွေ မျှဝေပေးချင်ပါတယ်။

Read more »
How to clean your kid's water bottle

Thi

သားသားမီးမီးတို့ရဲ့ ရေဘူးကို အမြဲတမ်း သန့်ရှင်းနေပါစေ

ကျွန်မကတော့ သားလေး ကျောင်းက ပြန်လာလို့ သူ့ရဲ့ ထမင်းဘူးတွေ ဆေးတဲ့အခါတိုင်း ရေဘူးကိုပါ တစ်ပါတည်း ဆေးလေ့ရှိပါတယ်။ ပြီးရင် သေချာတဲ့နေရာတစ်ခုမှာ သိမ်းထားလိုက်ပါတယ်။ နောက်နေ့ မနက် ကျောင်းသွားတဲ့ အခါတိုင်း သန့်ရှင်းသပ်ရပ်တဲ့ ရေဘူးလေးနဲ့ သောက်စေချင်လို့ပဲ ဖြစ်ပါတယ်။ သူတို့ ရေဘူးက လူကြီးတွေ သောက်တဲ့ ရေဘူးနဲ့ မတူတဲ့အတွက် ပြီးပြီးရော ဆေးလို့ မဖြစ်ပါဘူး။ အဖွင့်၊ အပိတ်တွေ၊ ပိုက်တွေပါ ပါတဲ့အတွက် အားလုံး ဖြုတ်ပြီး ဆေးရပါတယ်။ ဒါမှ ရောဂါပိုးမွှားကင်းစင်မှာပါ။ ဒီအောက်မှာ ပြောပြထားတာကတော့ ကျွန်မ သားလေးရဲ့ ရေဘူးကို ဆေးပေးတဲ့ နည်းလမ်း အဆင့်ဆင့်ပါပဲ။

Read more »
How to clean tiled floor

cleaning, Thi, thi

အိမ်မှာ ကြွေပြားတွေ မှန်တစ်ချပ်လို ပြောင်လက်နေစေဖို့

ကြွေပြားသန့်ရှင်းတဲ့အခါ အသုံးပြုရတဲ့ ကြေးချွတ်ဆေးတွေက အင်မတန်မှ အစွမ်းထက်တဲ့အတွက် အချိန်တိုအတွင်း ပြောင်လက်သွားအောင် သန့်ရှင်းနိုင်ပါတယ်။ ကျွန်မ ပြောပြမယ့် ဒီ (၆) ချက်ကိုပါ သိထားမယ်ဆိုရင်တော့ ကြွေပြားသန့်ရှင်းတာက ပိုထိရောက်ပြီး တကယ့်ကို အချိန်တိုတိုနဲ့ ပြောင်လက်နေအောင် သန့်ရှင်းနိုင်မှာ ဖြစ်ပါတယ်။

Read more »
How to clean moulds in wardrode

cleaning, Thi, thi

အဝတ်ဗီရိုမှာ မှိုစွဲနေတာကို ဘယ်လို သန့်ရှင်းမလဲ

အဝတ်ဗီရိုမှာ မှိုစွဲတာက ကြောက်ဖို့ ကောင်းတယ်နော်။ ဗီရိုမှာ မှိုစွဲတာကို မသိပဲ အဝတ်တွေ ဆက်ထားထားမယ်ဆိုရင် အဝတ်အစားတွေထိပါ မှိုတွေက ကူးသွားပြီး ပျက်စီးသွားနိုင်ပါတယ်။

Read more »
How to clean microwave

Thi, kitchen, thi

မိုက်ခရိုဝေ့ဗ် မီးဖိုကို သန့်သန့်ရှင်းရှင်းဖြစ်စေဖို့

Microwave ကို မသန့်ရှင်းဘဲ ဆက်တိုက် အသုံးပြုမယ်ဆိုရင် Microwave အတွင်းနံရံအနံ့မှာ အဆီတွေ ဝေ့ပြီး ချေးကွက်တွေ ဖြစ်လာတတ်ပါတယ်။ အဲဒီကနေ ဘက်တီးရီးယားတွေ ဖြစ်လာနိုင်ပြီး အစားအစာတွေထိ ပါလာနိုင်ပါတယ်။

Read more »
How to wash kid's shoes with hands

Thi, thi, kitchen

ကလေးတွေရဲ့ ရှူးဖိနပ်ကို လက်နဲ့ ဘယ်လျှော်ကြမလဲ

ဖိနပ်ကို မဆေးကြောခင်မှာ၊ ဖိနပ်မှာပါတဲ့ Label ကို ဖတ်ပြီး ဆေးလို့ ရ၊ မရ သေချာပြီဆိုမှ ဆေးတာ အကောင်းဆုံးပါပဲ။ အခု ကျွန်မ ပြောပြမယ့် Sport Shoes ဆေးတဲ့နည်းကတော့ အင်မတန်မှ ရိုးရှင်းပြီး လွယ်ပါတယ်နော်။

Read more »

Thi, thi, kitchen

မီးဖိုချောင်မှာစွဲကျန်နေတဲ့ ငါးညှီနံ့ကို ဘယ်လိုဖြေရှင်းမလဲ

အခု ကျွန်မ ပြောပြတဲ့ အဆင့်လေးတွေ အတိုင်း လိုက်လုပ်ကြည့်ရင် ကိုယ့်ရဲ့ မီးဖိုချောင်လေးက အနံ့အသက် ကင်းစင်ပြီး (ကျွန်မ ပြောချင်တဲ့) ကျန်းမာရေးနဲ့ ညီညွတ်တဲ့ မီးဖိုးချောင်လေး ဖြစ်မှာ အသေအချာပါပဲ။

Read more »
How to clean oil stain in the kitchen

Thi, thi, kitchen

မီးဖိုကောင်တာကို အသန့်ရှင်းဆုံး ဖြစ်နေစေမယ့် နည်းလမ်း

မီးဖို ကောင်တာမှာ ညစ်ပတ်နေရင် ဟင်းမချက်တတ်တာလည်း ကျွန်မပါပဲ။ ဒါကြောင့် အမြဲတစေ သန့်ရှင်း ပေးဖြစ်ပါတယ်။ နေ့တိုင်းသန့်ရှင်းပေးတာက ပိုသက်သာပါတယ်နော်။

Read more »
How to clean the iron properly

Thi

မီးပူကို ဘယ်လိုသန့်ရှင်းမလဲ

မီးပူရဲ့ အောက်ခံပြားဟာ ရေနွေးငွေ့တွေကြောင့် သုံးတာ ကြာလာတဲ့အခါမှာ အညိုရောင် ချိုးကွက်တွေ ပေါ်လာလေ့ ရှိပါတယ်။ ကျွန်မ အိမ်က မီးပူမှာလည်း ဒီလို ဖြစ်လေ့ ဖြစ်ထရှိပါတယ်။ အဲဒါက မီးပူမကောင်းလို့ မဟုတ်ပါဘူး၊ ရေက အပူကြောင့် အငွေ့ပျံသွားပြီး အခဲပြန်ဖြစ်တဲ့အခါမှာ ဒီလို အညိုရောင် ချိုးကွက်တွေက ကျန်ခဲ့တတ်ပါတယ်။ အဲဒါကိုလည်း ပြောင်သွားအောင် သန့်စင်တဲ့နည်းလမ်းလေးလည်း ရှိပါတယ်နော်။

Read more »
How to clean your kettle

Thi

သန့်ရှင်း ပြောင်လက်နေတဲ့ ရေနွေးအိုးဖြစ်ဖို့

ကျွန်မကတော့ မီးဖိုချောင်သုံးပစ္စည်းတွေဆိုရင် သန့်ရှင်းပြီး ပြောင်ပြောင်လက်လက်ကလေး ဖြစ်နေမှ သဘောကျပါတယ်။ ဒါကြောင့်၊ ကျွန်မလို စိတ်တူကိုယ်တူ အိမ်ရှင်မတွေအတွက် အခု ရေနွေးအိုးမှာ ရေနွေးငွေ့ ရိုက်လို့ ချိုးကပ်ပြီး ဖြစ်လာတဲ့ အကွက်တွေကို ဘယ်လိုပြောင်အောင် ဆေးလို့ရလဲ ဆိုတော့ ဝေမျှသွားချင်ပါတယ်။

Read more »