ကျောင်းစိမ်းအင်္ကျီလေးတွေ အမြဲတမ်း သစ်သစ်လွင်လွင်လေး ဖြစ်ဖို့

မမကတော့ ကိုယ့်ရဲ့ ကလေးလေးတွေ ကျောင်းစိမ်းအင်္ကျီ တောက်တောက်ပြောင်ပြောင်လေးနဲ့ပဲ အမြဲတမ်း ကျောင်းသွားစေချင်တယ်။ သန့်သန့်ရှင်းရှင်းလေးပေါ့။ ဒါမှကလေးတွေလည်း စိတ်ကြည်လင်နေမယ်လေ။ အင်္ကျီက မွဲခြောက်ခြောက်နဲ့ ပေပေရေရေ ဖြစ်နေမယ်ဆို သူများကလေးတွေကြားမှာ ကိုယ့်ကလေးလေး မျက်နှာငယ်နေရမှာပေါ့။ ကိုယ့်ကလေးလေးတွေကို မျက်နှာ မငယ်စေချင်တဲ့ ညီမလေးတို့အတွက် မမက ကျောင်းစိမ်းအင်္ကျီတွေကို အမြဲတမ်း တောက်တောက်ပြောင်ပြောင် ဖြစ်စေမယ့် နည်းလေးကို ပြောပြလိုက်ပါတယ်။
အဝတ်လျှော်တဲ့နည်းလမ်းကတော့ မေမေတို့အတွက် ကျွမ်းကျင်နေပြီးသား ဖြစ်မှာပါ။ အခု မမ ပြောချင်တာက၊ လျှော်တဲ့အခါ သတိထားရမယ့် အချက် တချို့ပါနော်။
၁။ ကျောင်းစိမ်းအင်္ကျီတွေဆိုရင် တခြား အဝတ်တွေနဲ့ မရောပဲ (အရောင်ကူးမှာ စိုးတာကြောင့်) သပ်သပ်ခွဲ လျှော်ပါတယ်။
၂။ အရမ်း မအားမလပ် ဖြစ်မှ စက်နဲ့ လျှော်ပါတယ်။ အမြဲတမ်းကတော့ လက်နဲ့ လျှော်ဖြစ်ပါတယ်။ ညစ်ပတ်နေတာတွေ သေချာ လျှော်ဖွပ်နိုင်အောင်ပါ။
၃။ ဆပ်ပြာမှုန့်ကတော့ Win ဆပ်ပြာမှုန့်ကို သုံးပြီး လျှော်ဖြစ်ပါတယ်။
၄။ လျှော်ပြီးသွားရင်တော့ Fino တံဆိပ်ပါ Fabric Softener နဲ့ စိမ်ပြီးရေဆေးချလိုက်ပါတယ်။
သတိထားရမယ့် အချက်တွေတော့ ပြောပြပြီးပြီဆိုတော့ ထပ်ပြောချင်တာက ကလေးတွေ ဆိုတော့ သိတဲ့အတိုင်း တအား ဆော့ကြတယ်လေ။ ဒီတော့ သူတို့ ကျောင်းက ပြန်လာရင် မနက်က ဖြူဖြူဖွေးဖွေး ယူနီဖောင်းလေးက ရွှံ့တွေ၊ ဖုန်တွေနဲ့ ပေတူးနေတော့တာပဲ။ ဒီတော့ မမရဲ့ အတွေ့အကြုံနဲ့ ယှဉ်ပြီး ဒါတွေကို ဘယ်လိုသန့်ရှင်းရမလဲ ပြောပြပါ့မယ်။
ဒီနည်းလမ်းလေးတွေ မှတ်သားထားမယ် ဆိုရင်တော့ လုံးဝမမှားဘူး ဆိုတာ မမ အာမခံတယ်။ မေမေတို့အတွက် တစ်ချိန်ကျရင် အသုံးဝင်မှာ အသေအချာပဲလေ။
၁။ ပေနေတဲ့ ရွှံ့ကို အခြောက်ခံပြီး ခြစ်ထုတ်ပါ။
၂။ ရွှံ့ပေနေတဲ့ နေရာမှန်သမျှကို ဆပ်ပြာမှုန့်နဲ့ လိုက်ပြီး ပွတ်ပါ။
၃။ ရွှံ့နဲ့ညစ်ပတ်တဲ့နေရာမှန်သမျှကို သွားပွတ်တံအပောာင်းနဲ့တိုက်ချွတ်ပါ။
၄။ ပြီးရင်တော့ ပုံမှန် လျှော်နေကြအတိုင်း စက်နဲ့ဖြစ်ဖြစ်၊ လက်နဲ့ဖြစ်ဖြစ် လျှော်ပါ။
လျှော်ပြီးတာတောင်မှ ရွှံ့တွေ ကျန်နေသေးရင်တော့ မမ အပေါ်မှာပြောထားတဲ့ အဆင့် (၂) ကနေပြန်ပြီး စနိုင်တယ်နော်။
ဒီလိုပဲ တချို့ ညစ်ပတ်တာတွေက တော်တော်ကို ဖယ်ရှားရခက်တယ်။ ဒီလို နည်းလမ်းလေးတွေ သိထားတော့ အများကြီး အသုံးဝင်နိုင်တာပေါ့။ ကဲ.. ဒီတော့ ကိုယ့် သားသားမီးမီးတွေ ဖြူဖြူစင်စင်လေးနဲ့ ချစ်စဖွယ်လေး ကျောင်းသွားတာကို ကြည့်ပြီး၊ ကြည့်နူးပီတိ ဖြစ်လို့ ရပြီ။
AddThis is disabled because of cookie consent
Related Articles
Ma
သစ်သားကြမ်ခင်းတွေကို ဒီလို သန့်ရှင်းကြမယ်။
မမရဲ့ အိမ်က ဖေဖေ၊ မေမေတို့ လက်ထက်ကတည်းကဆိုတော့ နွေဖက်တွေဆိုလည်း အေးအေးလူလူရှိဖို့ သစ်သားကြမ်းခင်းတွေကို ခင်းခဲ့ကြတယ် ထင်ပါရဲ့။ သစ်သားကြမ်းခင်း တွေဟာ ရာသီဥတုဒဏ်ကြောင့် ဆွေးမြေ့တတ်သလို၊ သန့်ရှင်းရေး ခဏခဏ လုပ်ပြန်ရင်လည်း ဆွေးမြေ့လာတတ်လို့ တော်တော်လေးကို သတိနဲ့ လုပ်ဖို့လိုပါတယ်။ ဒါကြောင့် ဒီနေ့မှာတော့ မမက သစ်သားကြမ်းခင်းတွေကို ဘယ်လိုသန့်ရှင်းရမလဲ ပြောပြပေးသွားပါမယ်။
ma, Ma, cleaning, MR-CARE
ရိုးရိုးအိမ်သာကို ဘယ်လိုဆေးမလဲ?
မမတို့ အိမ်က မမရဲ့ ဖေဖေ၊ မေမေ လက်ထက်ကတည်းက ထားခဲ့တဲ့ အိမ်ဆိုတော့ တချို့နေရာလေးတွေမှာ မြန်မာဆန်ဆန်ပဲ ရှိနေပါတယ်။ ဒီတော့ အိမ်က အိမ်သာကလည်း မြန်မာအိမ်သာပါပဲ၊ ထိုင်ပြီး သွားရတဲ့ ပုံစံမျိုးပါ။

Ma, WIN
အင်္ကျီအဖြူလေးတွေကို ဖွေးအောင်ဘယ်လိုလုပ်မလဲ..
မမက အင်္ကျီဖြူတွေဆိုရင် တတ်နိုင်သမျှ လက်နဲ့ပဲ သေသေချာချာ လျှော်ဖြစ်တယ်။ လက်နဲ့ လျှော်ရင်တော့ သူက အသစ်ကလေးလိုပဲ အမြဲတမ်း ဖြစ်နေရော။ လျှော်နည်းလည်း သိဖို့လိုတာပေါ့နော်။ အခု မမက .. အဲဒီလို အင်္ကျီဖြူလေးက အမြဲတမ်း အသစ်ကလေးလို ဖြစ်အောင် လျှော်ဖွပ်နည်းလေး မျှဝေပေးချင်ပါတယ်

Ma
အင်္ကျီချိုင်းအောက်က အစွန်းအထင်းကို ဘယ်လို ချွတ်မလဲ?
အင်္ကျီချိုင်းမှာ အဝါရောင် အစွန်းကွက် ဖြစ်တာမျိုးက၊ အဓိက ကတော့ ချိုင်းချွေးနံ့ ပျောက်အောင် သုံးတဲ့ ချိုင်းလူဆေးတို့၊ ဘော်ဒီစပေရေးတို့ကြောင့် အဓိက ဖြစ်တာပါ။ ချွေးထွက်လာတဲ့အခါမှာ ဒီ အလူမီနီယံပါတဲ့ ချိုင်းချွေးနံ့ပျောက်ဆေးက ချွေးနဲ့ ဓာတ်ပြုပြီး အင်္ကျီမှာ အဝါရောင် အစွန်းကွက် ပေါ်လာတာပေါ့။ မမက အခု၊ ဒီအင်္ကျီချိုင်းအောက်က အစွန်းကွက်ကို ပြောင်သွားအောင် ဘယ်လို နည်းနဲ့ ချွတ်ရမလဲ ဆိုတာ မမက မျှဝေပေးမှာပါ။

Ma
အိမ်မှာ သောင်းကျန်းနေတဲ့ကြွက်တွေကို ဘယ်လိုနှိမ်နင်းမလဲ?
မမရဲ့ အိမ်က မြေညီထပ်ဆိုတော့ တခြားအထပ်တွေထပ် ကြွက်ကအိမ်ထဲကို ပိုဝင်တတ်တယ်။ အိမ်မှာကလဲ ကလေးတွေရှိတော့ ဝင်ပြီဟေ့ဆို အရမ်းကိုစိတ်ညစ်ရပါတယ်။ ဒီတော့ သောင်းကျန်းနေတဲ့ ကြွက်တွေကို ဖမ်းဖို့ မမ ရဲ့ ကြွက်ထောင်ချောက် လုပ်တဲ့နည်းလမ်းလေးကို ပြန်ပြီး ပြောပြပေးမယ်နော်။

Ma, ma, cleaning
ဒယ်အိုးတူးပြီး ချိုးကပ်ခဲ့ရင် ဒါတွေလုပ်ပါ
မနက်ခင်းဆို အမျိုးသား အလုပ်သွားဖို့ ချက်ပြုတ်ပေးရ၊ သားသားတို့ ကျောင်းသွားဖို့ ပြင်ဆင်ပေးရတဲ့ အချိန်ဟာ မမရဲ့ အလုပ်အများဆုံး အချိန်တွေပဲလေ။

Ma
ကလေးတွေရဲ့ ထမင်းဘူးလေးတွေကို သေချာဆေးပေးပါ
ဒီမှာ မမ အကြံပေးချင်တာက ကလေးတွေရဲ့ ထမင်းဘူးလေးတွေကို သေသေချာချာလေး ဆေးပေးဖို့ပါပဲ။ ထမင်းဘူးသေချာမဆေးတဲ့ အခါ ဆီတွေအညစ်အကြေးတွေက မပြောင်တော့ ဘက်တီရီးယား ရောဂါပိုးမွှားတွေ ကပ်ငြိနေမှာပါပဲ။

Ma, laundry
ရွံ့ဗွက်တွေပေနေတဲ့ အဝတ်အစားကို လျှော်ဖွပ်နည်း
မမက ကလေးတွေကို ပြန်ရောက်တာနဲ့ ရေမိုးချိုး၊ အဝတ်အစားလဲပေးပြီးမှပဲ အဝတ်လျှော်တဲ့စခန်း ရောက်တော့တယ်။ရွံ့ဗွက်တွေပေနေတဲ့ ဘောင်းဘီကို လျှော်ဖွပ်ရတာ နည်းနည်းတော့ လက်ဝင်တယ်လေ၊ ဟုတ်တယ်မလား၊ ဒါကြောင့် ညီမတို့ကို မမက လွယ်ကူတဲ့ နည်းလမ်းလေး ပြောပြချင်ပါတယ်။