မ အနေနဲ့ ဒီလအတွက် မျှဝေချင်တဲ့ Promotion အကြောင်းအရာလေးကတော့

JPEG - ELan Promotion.psd

E-LAN ပန်းကန်ဆေး ဆပ်ပြာရည်ကနေ ဝယ်ယူသုံးစွဲသူတွေ အတွက် E-LAN ပန်းကန်ဆေး ဆပ်ပြာရည် 1.8KG size ဘူးကြီး တစ်ဘူး ဝယ်တိုင်း ၃၀၀ ကျပ်လျှော့စျေးရနိုင်မယ့် အခွင့်အရေးလေးပဲ ဖြစ်ပါတယ်။

E-LAN ပန်းကန်ဆေး ဆပ်ပြာရည် 1.8KG ဘူးကြီးရဲ့ ဘူးတိုင်းမှာ “ဤ Sticker ပါသော Label နှင့် လဲလှယ်ပြီး ၃၀၀ ကျပ် လျှော့စျေးရယူပါ” ဆိုတဲ့ အနီရောင် sticker အဝိုင်းလေးတွေပါလာမှာ ဖြစ်ပါတယ်။ အဲ့ဒီ့ဘူးလေးတွေ ဝယ်ပြီးတာနဲ့ ဆိုင်မှာပဲ အဲ့ဒီ အနီရောင် sticker ပါတဲ့ E-LAN ပန်းကန်ဆေးဆပ်ပြာရည် ရဲ့ Label အပတ်လေးကို ဆိုင်ရှင်ဆီ ပေးခဲ့ရမှာ ဖြစ်ပါတယ်။ အဲ့ဒါဆို ဆိုင်ရှင်ကနေ မှ အဲ့ဒီ ဘူးရဲ့ သူတို့ ပုံမှန်ရောင်းနေကျ စျေးကနေ ၃၀၀ ကျပ် လျှော့ပေးမှာ ဖြစ်ပါတယ်။

ပရိုမိုးရှင်း ကာလကတော့ ၂၀၂၂ ဖေဖော်ဝါရီ လက နေ ၂၀၂၂ ဧပြီလကုန် အထိပဲ ဆိုင်တွေမှာ လဲလို့ရမှာ ဖြစ်ပါတယ်။ ဧပြီ ၃၀ ရက် နောက်ပိုင်းမှာတော့ ဆိုင်ရှင်တွေကနေ လျှော့စျေးပေးပြီး Label နဲ့ လဲလှယ်တာကို လုပ်ပေးတော့မှာ မဟုတ်ပါဘူးနော်။ အဲ့ဒါကြောင့် အခုပဲ အချိန်ကုန် သက်သာပြီး ဆီတွေ လွယ်လွယ်ရှင်း အကြွင်းအကျန်ကင်းစေတဲ့ E-LAN ပန်းကန်ဆေး ဆပ်ပြာရည် လေးကို လျှော့စျေးရနေတဲ့ အချိန်မှာ အမြန်ပဲ ပြေးပြီး နီးစပ်ရာ ဆိုင်တွေမှာ သွားဝယ်လိုက်ကြရအောင်နော်။

 ကုန်ပစ္စည်းများ 

 အမှတ်တံဆိပ်    

Related Articles

Ma

သစ်သားကြမ်ခင်းတွေကို ဒီလို သန့်ရှင်းကြမယ်။

မမရဲ့ အိမ်က ဖေဖေ၊ မေမေတို့ လက်ထက်ကတည်းကဆိုတော့ နွေဖက်တွေဆိုလည်း အေးအေးလူလူရှိဖို့ သစ်သားကြမ်းခင်းတွေကို ခင်းခဲ့ကြတယ် ထင်ပါရဲ့။ သစ်သားကြမ်းခင်း တွေဟာ ရာသီဥတုဒဏ်ကြောင့် ဆွေးမြေ့တတ်သလို၊ သန့်ရှင်းရေး ခဏခဏ လုပ်ပြန်ရင်လည်း ဆွေးမြေ့လာတတ်လို့ တော်တော်လေးကို သတိနဲ့ လုပ်ဖို့လိုပါတယ်။ ဒါကြောင့် ဒီနေ့မှာတော့ မမက သစ်သားကြမ်းခင်းတွေကို ဘယ်လိုသန့်ရှင်းရမလဲ ပြောပြပေးသွားပါမယ်။

Read more »

ma, Ma, cleaning, MR-CARE

ရိုးရိုးအိမ်သာကို ဘယ်လိုဆေးမလဲ?

မမတို့ အိမ်က မမရဲ့ ဖေဖေ၊ မေမေ လက်ထက်ကတည်းက ထားခဲ့တဲ့ အိမ်ဆိုတော့ တချို့နေရာလေးတွေမှာ မြန်မာဆန်ဆန်ပဲ ရှိနေပါတယ်။ ဒီတော့ အိမ်က အိမ်သာကလည်း မြန်မာအိမ်သာပါပဲ၊ ထိုင်ပြီး သွားရတဲ့ ပုံစံမျိုးပါ။

Read more »
How to make whites whiter

Ma, WIN

အင်္ကျီအဖြူလေးတွေကို ဖွေးအောင်ဘယ်လိုလုပ်မလဲ..

မမက အင်္ကျီဖြူတွေဆိုရင် တတ်နိုင်သမျှ လက်နဲ့ပဲ သေသေချာချာ လျှော်ဖြစ်တယ်။ လက်နဲ့ လျှော်ရင်တော့ သူက အသစ်ကလေးလိုပဲ အမြဲတမ်း ဖြစ်နေရော။ လျှော်နည်းလည်း သိဖို့လိုတာပေါ့နော်။ အခု မမက .. အဲဒီလို အင်္ကျီဖြူလေးက အမြဲတမ်း အသစ်ကလေးလို ဖြစ်အောင် လျှော်ဖွပ်နည်းလေး မျှဝေပေးချင်ပါတယ်

Read more »
How to remove underarms stain

Ma

အင်္ကျီချိုင်းအောက်က အစွန်းအထင်းကို ဘယ်လို ချွတ်မလဲ?

အင်္ကျီချိုင်းမှာ အဝါရောင် အစွန်းကွက် ဖြစ်တာမျိုးက၊ အဓိက ကတော့ ချိုင်းချွေးနံ့ ပျောက်အောင် သုံးတဲ့ ချိုင်းလူဆေးတို့၊ ဘော်ဒီစပေရေးတို့ကြောင့် အဓိက ဖြစ်တာပါ။ ချွေးထွက်လာတဲ့အခါမှာ ဒီ အလူမီနီယံပါတဲ့ ချိုင်းချွေးနံ့ပျောက်ဆေးက ချွေးနဲ့ ဓာတ်ပြုပြီး အင်္ကျီမှာ အဝါရောင် အစွန်းကွက် ပေါ်လာတာပေါ့။ မမက အခု၊ ဒီအင်္ကျီချိုင်းအောက်က အစွန်းကွက်ကို ပြောင်သွားအောင် ဘယ်လို နည်းနဲ့ ချွတ်ရမလဲ ဆိုတာ မမက မျှဝေပေးမှာပါ။

Read more »
How to get rid of mice in your house

Ma

အိမ်မှာ သောင်းကျန်းနေတဲ့ကြွက်တွေကို ဘယ်လိုနှိမ်နင်းမလဲ?

မမရဲ့ အိမ်က မြေညီထပ်ဆိုတော့ တခြားအထပ်တွေထပ် ကြွက်ကအိမ်ထဲကို ပိုဝင်တတ်တယ်။ အိမ်မှာကလဲ ကလေးတွေရှိတော့ ဝင်ပြီဟေ့ဆို အရမ်းကိုစိတ်ညစ်ရပါတယ်။ ဒီတော့ သောင်းကျန်းနေတဲ့ ကြွက်တွေကို ဖမ်းဖို့ မမ ရဲ့ ကြွက်ထောင်ချောက် လုပ်တဲ့နည်းလမ်းလေးကို ပြန်ပြီး ပြောပြပေးမယ်နော်။

Read more »
How to clean soot in the pot

Ma, ma, cleaning

ဒယ်အိုးတူးပြီး ချိုးကပ်ခဲ့ရင် ဒါတွေလုပ်ပါ

မနက်ခင်းဆို အမျိုးသား အလုပ်သွားဖို့ ချက်ပြုတ်ပေးရ၊ သားသားတို့ ကျောင်းသွားဖို့ ပြင်ဆင်ပေးရတဲ့ အချိန်ဟာ မမရဲ့ အလုပ်အများဆုံး အချိန်တွေပဲလေ။

Read more »
How to clean your kid's lunch box

Ma

ကလေးတွေရဲ့ ထမင်းဘူးလေးတွေကို သေချာဆေးပေးပါ

ဒီမှာ မမ အကြံပေးချင်တာက ကလေးတွေရဲ့ ထမင်းဘူးလေးတွေကို သေသေချာချာလေး ဆေးပေးဖို့ပါပဲ။ ထမင်းဘူးသေချာမဆေးတဲ့ အခါ ဆီတွေအညစ်အကြေးတွေက မပြောင်တော့ ဘက်တီရီးယား ရောဂါပိုးမွှားတွေ ကပ်ငြိနေမှာပါပဲ။

Read more »
To be like a new to your kid's uniform

Ma

ကျောင်းစိမ်းအင်္ကျီလေးတွေ အမြဲတမ်း သစ်သစ်လွင်လွင်လေး ဖြစ်ဖို့

မမကတော့ ကိုယ့်ရဲ့ ကလေးလေးတွေ ကျောင်းစိမ်းအင်္ကျီ တောက်တောက်ပြောင်ပြောင်လေးနဲ့ပဲ အမြဲတမ်း ကျောင်းသွားစေချင်တယ်။ သန့်သန့်ရှင်းရှင်းလေးပေါ့။ ဒါမှကလေးတွေလည်း စိတ်ကြည်လင်နေမယ်လေ။ အင်္ကျီက မွဲခြောက်ခြောက်နဲ့ ပေပေရေရေ ဖြစ်နေမယ်ဆို သူများကလေးတွေကြားမှာ ကိုယ့်ကလေးလေး မျက်နှာငယ်နေရမှာပေါ့။ ကိုယ့်ကလေလေးတွေကို မျက်နှာ မငယ်စေချင်တဲ့ ညီမလေးတို့အတွက် မမက ကျောင်းစိမ်းအင်္ကျီတွေကို အမြဲတမ်း တောက်တောက်ပြောင်ပြောင် ဖြစ်စေမယ့် နည်းလေးကို ပြောပြလိုက်ပါတယ်။

Read more »
How to remove mud stain

Ma, laundry

ရွံ့ဗွက်တွေပေနေတဲ့ အဝတ်အစားကို လျှော်ဖွပ်နည်း

မမက ကလေးတွေကို ပြန်ရောက်တာနဲ့ ရေမိုးချိုး၊ အဝတ်အစားလဲပေးပြီးမှပဲ အဝတ်လျှော်တဲ့စခန်း ရောက်တော့တယ်။ရွံ့ဗွက်တွေပေနေတဲ့ ဘောင်းဘီကို လျှော်ဖွပ်ရတာ နည်းနည်းတော့ လက်ဝင်တယ်လေ၊ ဟုတ်တယ်မလား၊ ဒါကြောင့် ညီမတို့ကို မမက လွယ်ကူတဲ့ နည်းလမ်းလေး ပြောပြချင်ပါတယ်။

Read more »