အမေးများသောမေးခွန်းများ    

  •  ‘မ’ ၊ ‘ဟေ’ နဲ့ ‘သီ’ ဆိုတဲ့ ညီအစ်မသုံးယောက်ကနေပြီးတော့ အဝတ်လျှော်တာ အဝတ်အစားထိန်းသိမ်းတာကစလို့ ရေချိုးခန်းအိမ်သာ သန့်ရှင်းရေး အကြောင်းအရာတွေ အထိ အတွေ့အကြုံတွေ၊ နည်းလမ်းတွေကို မျှဝေပေးသွားမယ့် စာမျက်နှာလေးတစ်ခုပဲဖြစ်ပါတယ်။

  •  မဟေသီရဲ့ ကုန်ပစ္စည်းစာမျက်နှာကနေတဆင့် ကုန်ပစ္စည်းများရဲ့ အသေးစိတ်အချက်အလက်များကို ကြည့်ရှုပြီး ဝယ်ယူရရှိနိုင်ပါတယ်။ ဒါ့အပြင် အမြို့မြို့အနယ်နယ်မှာရှိတဲ့ အရောင်းဆိုင်များနဲ့ စူပါမားကတ်များမှာလည်း ဝယ်ယူနိုင်ပါတယ်။

  •  မဟေသီက နည်းလမ်းတွေက စမ်းသပ်ပြီးသား နည်းလမ်းတွေမို့လို့ စိတ်ချပါနော်။ ကုန်ပစ္စည်းတွေကလည်း အရည်အသွေးပြည့်ဝတဲ့ ကုန်ပစ္စည်းတွေပါပဲ။ မဟေသီကမျှဝေပေးတဲ့နည်းလမ်းတွေ (ဒါမှမဟုတ်) ကုန်ပစ္စည်းတွေကို သုံးစွဲရာမှာ စိတ်ချရအောင် ထိခိုက်မှုအနည်းဆုံးဖြစ်တဲ့နေရာလေးတွေအပေါ် အရင်ဆုံးစမ်းသပ်ကြည့်စေချင်ပါတယ်။ ဓာတ်မတည့်မှုဖြစ်စေ၊ ထိခိုက်မှုဖြစ်စေ မတော်တဆဖြစ်ပေါ်ခဲ့ပါက ဆရာဝန်နဲ့ အမြန်ဆုံး သွားရောက်ကုသမှုခံယူစေလိုပါတယ်။

  •  mahaythi.myanmar@unilever.com ကို အီးမေးလ်ပို့နိုင်ပါတယ်နော်။ အမြန်ဆုံး ပြန်လည်အကြောင်းပြန်ပေးပါ့မယ်။ ဖုန်းနဲ့ဆက်သွယ်ချင်တယ်ဆိုရင်တော့ 09 960 196 286 ကို ဆက်သွယ်နိုင်ပါတယ်ရှင့်။