စည်းကမ်းချက်များမှာ-
ကံထူးသူ (၁၂) ဦး သည် E-LAN Facebook messenger ကို ဦးစွာဆက်သွယ်ရပါမည်။ ကံစမ်းမဲလက်ဆောင်ကိုထုတ်ယူရန်အတွက် အသေးစိတ်ကို ပြန်လည် ဖြေကြားပေးမည် ဖြစ်ပါသည်။
၂၀၂၂ ဇွန်လ ၁၅ ရက်နေ့အထိ ဆက်သွယ်လာခြင်းမရှိပါက နောက်ထပ်ကံထူးရှင်ကို အစားထိုးရွေးချယ်သွားပါမည်။
ယခုအစီအစဥ်၏ ကံစမ်းမဲလက်ဆောင်များမှာ မိခင်၊ အမျိုးသမီးများကို ရည်ရွယ်သည် ဖြစ်သည့်အတွက် ကံထူးသူအနေဖြင့် မိမိ မိခင် သို့မဟုတ် ဇနီး တို့ကို အကျိုးခံစားခွင့်လွှဲပြောင်းပေးနိုင်ပါသည်။ ယင်းသို့လွှဲပြောင်းရန် ခိုင်မာသော အထောက်အထားပြသနိုင်ရပါမည်။
ကံစမ်းမဲလက်ဆောင်များကိုအသုံးပြုနိုင်သည့်ကာလသည် ၃၁-၇-၂၀၂၂ အထိသာ အကျုံးဝင်မည် ဖြစ်သည်။ ၎င်းကာလထက် ကျော်လွန်ပါက အသုံးပြုနိုင်မည် မဟုတ်ပါ။ ငွေသားဖြင့်လဲလှယ်ခွင့်မရှိပါ။
သတ်မှတ်ထားသော ကံစမ်းမဲလက်ဆောင်တန်ဖိုးထက် ကျော်လွန်၍ အသုံးပြုခွင့်ရရှိမည် မဟုတ်ဘဲ ထိုကံထူးထားသည့်လက်ဆောင် တန်ဖိုးထက် အပိုထပ်ဆောင်းပြီး မိမိ အစီအစဉ်ဖြင့် အသုံးပြုလိုပါက အသုံးပြုလိုသူမှ အပိုထပ်ဆောင်း ကျသင့်ငွေကို ပေးရမည် ဖြစ်ပါသည်။
အကယ်၍ ကံထူးသူသည် လက်ဆောင်အသုံးပြုနိုင်သည့်မြို့တွင် နေထိုင်သူ မဟုတ်ပါက ကံထူးထားသော ကံစမ်းမဲလက်ဆောင်အား ကံထူးသူ၏ နေရပ်လိပ်စာသို့ အရင်ပို့ဆောင် ပေးထားမည်ဖြစ်ပါသည်။ မိမိ၏မြို့မှ လက်ဆောင်အသုံးပြုနိုင်သည့်မြို့သို့ မိမိ၏ အစီအစဉ်ဖြင့်သာ လာရောက်၍ သတ်မှတ်ထားသော ကာလအတွင်း အသုံးပြုခွင့်ရရှိနိုင်မည် ဖြစ်ပါသည်။
ဤအစီအစဥ်ကို ကြိုတင်အကြောင်းကြားခြင်းမရှိဘဲ E-LAN Myanmar မှ ဆိုင်းငံ့ခြင်း (သို့) ရပ်ဆိုင်းခြင်းပြုလုပ်နိုင်ပါသည်။
အငြင်းပွားဖွယ် တစ်စုံတစ်ရာပေါ်ပေါက်လာပါက E-LAN Myanmar ၏ ဆုံးဖြတ်ချက်သာ အတည်ဖြစ်ပါသည်။