အ၀တ်လျှော်ခြင်း    

Laundry page

How to wash Jeans

Hay

ဂျင်းထည်တွေကိုသစ်လွင်တောက်ပအောင် သေချာလျှော်ကြမယ်။

ဟေလေးတို့က ဂျင်းတွေ ဝတ်ပါများလာတော့ သေချာထိန်းသိမ်းဖို့ မလိုလောက်ဘူးအထင်နဲ့ သေချာ မလျှော်ကြဘူးလေ။ ကြာတော့ ဂျင်းလေးတွေ သေချာလျှော်ရဲ့သားနဲ့ နည်းနည်းဟောင်းလာတာတို့ ဆွေးလာတာတို့ ဖြစ်လာတာမျိုး ကြုံရတယ်ဟုတ်။ ဒါဆို အခု ဟေလေးက ဂျင်းလေးတွေကို လက်နဲ့ပဲ ဘယ်လိုလျှော်မလဲဆိုတာ ရေးပြမယ်။

Read more »
For the mother who likes white and clean clothes only

အင်္ကျီဆိုရင် ဖြူနေမှ သဘောကျတယ်ဆိုတဲ့ မေမေတွေအတွက်

ကျောင်းအင်္ကျီအဖြူက အရမ်း ညစ်ထေးနေတယ်ဆိုရင်တော့ ကျွန်မက လက်နဲ့လျှော်ပြီး သိပ်ပြီး မညစ်ပတ်ဘူးဆိုရင်တော့ စက်နဲ့ လျှော်ဖြစ်ပါတယ်။ အခု ကျွန်မရဲ့ အဝတ်လျှော် နည်းလမ်းလေးကို မျှဝေပေးချင်ပါတယ်။ ကျွန်မလို အဆော့မက်တဲ့ သားလေးကို ပိုင်ဆိုင်ထားတဲ့ မေမေတွေအတွက် လုံးဝ အသုံးဝင်မှာပါနော်။

Read more »
How to make whites whiter

Ma, WIN

အင်္ကျီအဖြူလေးတွေကို ဖွေးအောင်ဘယ်လိုလုပ်မလဲ..

မမက အင်္ကျီဖြူတွေဆိုရင် တတ်နိုင်သမျှ လက်နဲ့ပဲ သေသေချာချာ လျှော်ဖြစ်တယ်။ လက်နဲ့ လျှော်ရင်တော့ သူက အသစ်ကလေးလိုပဲ အမြဲတမ်း ဖြစ်နေရော။ လျှော်နည်းလည်း သိဖို့လိုတာပေါ့နော်။ အခု မမက .. အဲဒီလို အင်္ကျီဖြူလေးက အမြဲတမ်း အသစ်ကလေးလို ဖြစ်အောင် လျှော်ဖွပ်နည်းလေး မျှဝေပေးချင်ပါတယ်

Read more »
How to wash teddy bear

laundry, Thi, thi

ကိုယ့်ကလေးရဲ့ အမွှေးပွ အရုပ်လေးကို ဘယ်လိုလျှော်ပေးမလဲ

အမြဲတမ်းတော့ အရုပ်တစ်ခုလုံးကို သန့်ရှင်းပေးနေဖို့ မလိုပါဘူး။ ဒါပေမယ့် ကလေးတွေက အဆော့မက်တော့ အရုပ်ရဲ့ အချို့နေရာတွေမှာ ညစ်ပတ်နေတတ်ပါတယ်။ ဥပမာ - ရေခဲမုန့်စားနေရင်း အရုပ်မှာ ရေခဲမုန့် ပေသွားတာမျိုးပေါ့။ အဲဒီလိုမျိုး ဖြစ်သွားပြီဆိုရင် …

Read more »
How to wash kid's shoes with hands

Thi, thi, kitchen

ကလေးတွေရဲ့ ရှူးဖိနပ်ကို လက်နဲ့ ဘယ်လျှော်ကြမလဲ

ဖိနပ်ကို မဆေးကြောခင်မှာ၊ ဖိနပ်မှာပါတဲ့ Label ကို ဖတ်ပြီး ဆေးလို့ ရ၊ မရ သေချာပြီဆိုမှ ဆေးတာ အကောင်းဆုံးပါပဲ။ အခု ကျွန်မ ပြောပြမယ့် Sport Shoes ဆေးတဲ့နည်းကတော့ အင်မတန်မှ ရိုးရှင်းပြီး လွယ်ပါတယ်နော်။

Read more »
How to do handwash to your clothes

Hay

အဝတ်အစားတွေကို လက်နဲ့လျှော်ကြမယ်

ဟေလေးကို မေးမှာပေါ့။ အဝတ်လျှော်စက်တွေရှိနေတာ ဘာလို့လက်နဲ့လျှော်မှာလဲပေါ့။ ဟေလေးတို့ကျတော့ မြန်မာဝတ်စုံလေးတွေ ပိုးသားလေးတွေ ဆွဲသား ကတ္တီပါ အဲဒါမျိုးတွေတော့ လက်နဲ့လျှော်တော့ အရမ်းကြီး အင်္ကျီကိုမထိခိုက်တော့ဘူး။ အဲ ကျောက်တွေကပ်ထားတယ်ဆို ပိုတောင် ဂရုစိုက်ရသေးတယ်။ စက်နဲ့ ရောလျှော်မှ ပြုတ်ကုန်မှ အသည်းကွဲရဦးမယ်။ ဒါပေမယ့် အခု ဟေလေးပြောမယ့် လက်နဲ့လျှော်တဲ့အကြောင်း ကတော့ အားလုံးအဆင်ပြေမယ်လို့ ယုံကြည်တယ်။

Read more »
How to wash Bras

Hay, laundry, hay

ဘရာလေးတွေကို မပျက်စီးအောင်လျှော်ကြမယ်

Bra တစ်ထည်လျှော်တာလေ အင်္ကျီတစ်ထည်လျှော်တာထက် ပိုခက်တယ်နော်။ စက်နဲ့ လျှော်မယ်ဆို အင်္ကျီကလေ ဒီတိုင်း လုံးထွေးထည့်လိုက်ရင် ရတယ်ဆိုပေမယ့်လည်း Bra ကျတော့ ရေညှစ်တဲ့ အဆင့်ရောက်ရင် ချိတ်တွေ Bra ကြိုးတွေ ညှိကုန်တာနဲ့ အလုပ်တွေ ရှုပ်ကုန်ရော။ ဒါကြောင့်မို့ Bra ကို လက်နဲ့သေချာလေး အချိန်ပေးပြီး လျှော် တာအကောင်းဆုံးပါပဲနော်

Read more »
To be like a new to your kid's uniform

Ma

ကျောင်းစိမ်းအင်္ကျီလေးတွေ အမြဲတမ်း သစ်သစ်လွင်လွင်လေး ဖြစ်ဖို့

မမကတော့ ကိုယ့်ရဲ့ ကလေးလေးတွေ ကျောင်းစိမ်းအင်္ကျီ တောက်တောက်ပြောင်ပြောင်လေးနဲ့ပဲ အမြဲတမ်း ကျောင်းသွားစေချင်တယ်။ သန့်သန့်ရှင်းရှင်းလေးပေါ့။ ဒါမှကလေးတွေလည်း စိတ်ကြည်လင်နေမယ်လေ။ အင်္ကျီက မွဲခြောက်ခြောက်နဲ့ ပေပေရေရေ ဖြစ်နေမယ်ဆို သူများကလေးတွေကြားမှာ ကိုယ့်ကလေးလေး မျက်နှာငယ်နေရမှာပေါ့။ ကိုယ့်ကလေလေးတွေကို မျက်နှာ မငယ်စေချင်တဲ့ ညီမလေးတို့အတွက် မမက ကျောင်းစိမ်းအင်္ကျီတွေကို အမြဲတမ်း တောက်တောက်ပြောင်ပြောင် ဖြစ်စေမယ့် နည်းလေးကို ပြောပြလိုက်ပါတယ်။

Read more »
How to remove mud stain

Ma, laundry

ရွံ့ဗွက်တွေပေနေတဲ့ အဝတ်အစားကို လျှော်ဖွပ်နည်း

မမက ကလေးတွေကို ပြန်ရောက်တာနဲ့ ရေမိုးချိုး၊ အဝတ်အစားလဲပေးပြီးမှပဲ အဝတ်လျှော်တဲ့စခန်း ရောက်တော့တယ်။ရွံ့ဗွက်တွေပေနေတဲ့ ဘောင်းဘီကို လျှော်ဖွပ်ရတာ နည်းနည်းတော့ လက်ဝင်တယ်လေ၊ ဟုတ်တယ်မလား၊ ဒါကြောင့် ညီမတို့ကို မမက လွယ်ကူတဲ့ နည်းလမ်းလေး ပြောပြချင်ပါတယ်။

Read more »